ဓမ္မတာလာခါနီးနဲ့ လာချိန်မှာ ပျော်အောင်နေနည်း

by: Nang Htwe
 0 comments  0 love

အမျိုးသမီးတွေအကုန်လုံးနီးပါး ဓမ္မတာလာချိန်နဲ့ လာခါနီးမှာ အနည်းနဲ့အများ စိတ်ရှုပ်ထွေးပါတယ်။ စိတ်မကြည်လင်တာ၊ ဓမ္မတာအနံ့ နံတာ၊ ပေါ့ပေါ့ပါးပါးမရှိတာက သွားလာလှုပ်ရှားနေတဲ့ မေမေတို့ကို မသက်မသာဖြစ်စေပါတယ်

 

မေမေတို့အဆင်ပြေတဲ့ ပစ္စည်းသုံးနိုင်ပါတယ် (Photo by India Today)

ဓမ္မတာလာချိန်မှာ တကိုယ်ရည်သန့်ရှင်းရေးကို ထိန်းဖို့ လိုအပ်ပါတယ်။ ဓမ္မတာလာချိန်မှာ သားအိမ်ခေါင်းကနေ အကျိအချွဲတွေဆင်းဖို့ လမ်းဖွင့်ပေးပါတယ်။ ရောဂါပိုးမွှားတွေ သားအိမ်ခေါင်းဆီ အလွယ်တကူ ရောက်သွားနိုင်ပါတယ်။ ရောဂါကူးစက်လွယ်ပါတယ်။

Menstrual Cups, Pads ဒါမှမဟုတ် Tampons

မေမေတို့အဆင်ပြေတဲ့ ပစ္စည်းသုံးနိုင်ပါတယ်။ အရည်အသွေးကောင်းတာကို ရွေးချယ်သုံးပါ။ စုပ်ယူမှုအားကောင်းတဲ့ ပစ္စည်းမျိုးက မေမေတို့ ခံစားရတဲ့ အဆင်မပြေတာတွေကို ပျောက်ကင်းစေပါတယ်။ သွားလေရာအိပ်ထဲ အပိုတစ်ခု အမြဲဆောင်ထားပါ။

ရေချိုးပါ၊ ခြောက်အောင်ထားပါ

ဓမ္မတာလာချိန်  Pads ဒါမှမဟုတ် Tampons ကို လေးနာရီခြားတစ်ခါ ပြောင်းလဲပါ။ တစ်ခုထဲကို အချိန်အကြာကြီးသုံးမယ်ဆိုရင် အနံ့တွေ ထွက်လာနိုင်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ပါ။ ခြောက်သွေ့အောင်ထားပါ။

သီးခြားဝယ်ထားပါ

ဒီကာလမှာ အိပ်ယာခင်းတွေ စွန်းထင်းနိုင်ပါတယ်။ ပြန်လျှော်ဖို့ ခက်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်အတွက် အိပ်ယာခင်းတစ်ခု သီးသန့်ထားသင့်ပါတယ်။

ဓမ္မတာလာမယ့်ရက်ကို မေမေတို့သိထားတာက စိတ်ရှုပ်ထွေးရတဲ့ ပြဿနာတွေ နည်းစေပါတယ် (Photo by cloudninecare)

သတိရပါ

ဓမ္မတာလာမယ့်အချိန်ကို သတိထားပါ။ ဒါဆို အပြင်သွားနေတုန်း လာတဲ့အခါ စိတ်ညစ်ရတာမျိုး မဖြစ်တော့ပါဘူး။ နောက်ပြီး ဓမ္မတာလာမယ့်ရက်သိထားတာက စိတ်ညစ်တာတွေ၊ စိတ်ရှုပ်ထွေးတာ နည်းစေပါတယ်။

ကျပ်တဲ့ အဝတ်အစားများ

ဓမ္မတာလာချိန်မှာ ဘောင်းဘီအကျပ်၊ စကတ်အကျပ်တွေ ဝတ်တာ လျော့ပါ။ လေဝင်လေထွက်မကောင်းရင် အဖုတွေ ပေါက်လာနိုင်ပါတယ်။ ချည်သားဘောင်းဘီမျိုးကို ဝတ်ပါ။

ဓမ္မတာလာမယ့်ရက်ကို မေမေတို့သိထားတာက စိတ်ရှုပ်ထွေးရတဲ့ ပြဿနာတွေ နည်းစေပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles