မေမေတို့ ခန္ဓာကိုယ်ပေါ်က အဆီခဲတွေကြောင့် စိတ်ညစ်နေလား

by: Phyo Pyae Thu
 0 comments  0 love

အဆီခဲတွေကို ရှင်းလင်းနိုင်ဖို့အတွက် လုပ်ဆောင်နိုင်တာလေးတွေ ရှိပါတယ်။ ကာဗိုဟိုက်ဒြိုက် များများ ပါတဲ့ အစားအစာတွေကို လုံးဝ  ရှောင်ကြဉ်လိုက်ပါ။

ခန္ဓာကိုယ်မှာ ကြည့်ရဆိုးတဲ့ အဆီခဲတွေ ရှိတာက စိတ်မသက်မသာ ဖြစ်နေစေမှာပါ (Photo: Natural Society)

မေမေတို့ ခန္ဓာကိုယ်မှာ ကြည့်ရဆိုးတဲ့ အဆီခဲတွေ ရှိတာက စိတ်မသက်မသာ ဖြစ်နေစေမှာပါ။ အဆီခဲတွေဟာ စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေမဟုတ်ပေမယ့် စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာပါ။ အဆီခဲတွေဟာ ခြေထောက်၊ ပေါင်၊ ဗိုက်၊တင်ပါးနဲ့ ဂုတ်နေရာ တဝိုက်မှာ ဖြစ်လေ့ရှိပါတယ်။ အဆီခဲတွေဟာ အဝလွန်တဲ့ သူတွေချည်းပဲ ဖြစ်တယ်လို့တော့ ပြောလို့ မရပါဘူး။

ကာဗိုဟိုက်ဒြိုက် များများ ပါတဲ့ အစားအစာတွေကို လုံးဝ  ရှောင်ကြဉ်လိုက်ပါ (Photo: Natural Society)

အဆီခဲတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေကို ရှောင်လိုက်မယ်ဆိုရင်တော့

အဆီခဲ ဖြစ်တာတွေ လျော့ကျသွားမှာပါ။ ဒါကြောင့် အဆီခဲတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း၊ အဆီများတဲ့ အစားအစာတွေ စားခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားမှု အလွန်နည်းပါးခြင်း၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း၊ ရေဓါတ်မပြည့်ဝခြင်းတွေကြောင့် အဆီခဲတွေ ဖြစ်နိုင်ပါတယ်။

ရေဓါတ်မပြည့်ဝခြင်းတွေကြောင့် အဆီခဲတွေ ဖြစ်နိုင်ပါတယ် (Photo: Natural Society)

အဆီခဲတွေကို ရှင်းလင်းနိုင်ဖို့အတွက် လုပ်ဆောင်နိုင်တာလေးတွေ ရှိပါတယ်

ကာဗိုဟိုက်ဒြိုက် များများ ပါတဲ့ အစားအစာတွေကို လုံးဝ  ရှောင်ကြဉ်လိုက်ပါ။ ဗီတာမင်ဓါတ်တွေ ပါဝင်တဲ့ အစားအစားတွေပဲ စားပါ။ နောက်တစ်ခုက ဝမ်းချုပ်စေတဲ့ အစားအစာတွေ စားတာကို ထိန်းရပါမယ်။ အဆီခဲတွေ လျော့ကျချင်တဲ့ မေမေတွေအနေနဲ့ ကိုယ်လက်လှုပ်ရှား အားကစားလေးတွေ ရှိဖို့ လိုတယ်နော်။ ကြွက်သားတွေကို သန်မာစေမယ့် လေ့ကျင့်ခန်းလေးတွေ ပိုပြီးလုပ်ပေးပါ။ဒါမှ အဆီခဲတွေ လျော့ကျမှာပါ။ မေမေတို့ရေ အဆီခဲတွေက ခန္ဓာကိုယ်မှာ အဖုအဖိန့်လိုမျိုး အသားအရေ ကြမ်းကြမ်းကြီးတွေ ဖြစ်စေပါတယ်။

ဒါကိုချောမွေ့အောင်တော့ လိမ်းဆေးတွေ အသုံးပြုလို့ ရပါတယ်။ မေမေတို့အသားအရည်နဲ့ တည့်တဲ့ လိမ်းဆေးဖြစ်ဖို့ကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ လိမ်းဆေးထက်ပိုပြီး ထိရောက်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ အဆီခဲတွေကို ချေဖျက်ပေးနိုင်တဲ့ ဗီတာမင်၊ အမိုင်နိုအက်ဆစ်နဲ့ အင်ဇိုင်းဓါတ်တွေကို ထည့်ပြီး ကုသတဲ့ ကုနည်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ဘေးထွက်ဆိုးကျိုးနည်းပြီး အဆီချေဖျက်နိုင်တယ်လို့ ဆိုကြပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: adviceMom lifewellness


Comments

0 comments
Latest video
Refer to more useful articles