မေမေတို့ အသက်ရှည်ရှည် နေလိုလား

by: Nang Htwe
 0 comments  0 love

လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးတာက ရုတ်တရက် လေဖြတ်တာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် အခုချိန်ကတည်းက လေ့ကျင့်ခန်း မှန်မှန်လုပ်သွားဖို့ လိုအပ်ပါတယ်။

ကျန်းမာပြီး အသက်ရှည်ခြင်းက မင်္ဂလာတစ်ပါးပါ။ မေမေတို့ရေ မိသားစုနဲ့အတူ အသက်ရှည်ရှည်နေထိုင်ဖို့ နေ့စဉ်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်တာက စိတ်ပိုင်းဆိုင်ရာ‌ရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။

မမေတို့ရေ မိသားစုနဲ့အတူ အသက်ရှည်ရှည်နေထိုင်ဖို့ နေ့စဉ်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးဖို့ လိုအပ်ပါတယ် (Photo by Margarita Madness 5K Run)

လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

နှလုံးကျန်းမာရေး

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးတာက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျစေပါတယ်။ သွေးဖိအားမှန်စေပြီး အဆီပိုတွေလောင်ကျွမ်းကာ သွေးတွင်းသကြားဓါတ် မြင့်တက်တာကို ကာကွယ်ပေးပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။

ဦးနှောက်

လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးတာက ရုတ်တရက် လေဖြတ်တာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် အခုချိန်ကတည်းက လေ့ကျင့်ခန်း မှန်မှန်လုပ်သွားဖို့ လိုအပ်ပါတယ်။

အခုချိန်ကတည်းက လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ (Photo by SpaFinder)

သွေးတွင်းသကြားဓါတ်

လေ့ကျင့်ခန်းမှန်မှန်လုပ်တာက ကိုယ်အလေးချိန်ကို ထိန်ပေးပြီး သွေးတွင်းသကြားဓါတ်မြင့်တက်တာကို ကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါကိုလည်း ထိန်းပေးပါတယ်။ တစ်ရက်ကို နှစ်နာရီခန့် လမ်းမှန်မှန်လျှောက်ပေးတာက ဆီးချိုရောဂါဖြစ်ပွားတဲ့ အခွင့်အလမ်း နည်းသွားစေပါတယ်။

ကင်ဆာ

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာက ကင်ဆာရောဂါဖြစ်ပွားတာကို လျှော့ချပေးပါတယ်။ ကင်ဆာရောဂါဝေဒနာရှင်တွေအနေနဲ့လည်း လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးတာက ရောဂါပြန့်ပွားနိုင်တဲ့ အခွင့်အလမ်းနည်းစေပါတယ်။

ဖုန်းသုံးခြင်း

အခုနောက်ပိုင်း ဖုန်းအသုံးပြုလာတာ များတာကြောင့် ကိုယ့်လက်လေ့ကျင့်ခန်း လှုပ်ရှားမှု နည်းပါးလာပါတယ်။ အထိုင်များလာပါတယ်။ ကိုယ်အလေးချိန်တွေ တိုးလာပါတယ်။ ကြွက်သားတွေ လျော့ရဲလာပါတယ်။ နောက်ဆက်တွဲ အဝလွန်တာ၊ ဆီးချိုဖြစ်တာတွေ များလာပါတယ်။ ဖုန်းသုံးတာလျှော့ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ မှန်မှန်ပြုလုပ်ပေးတာ၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာက ကိုယ်အလေးချိန် ထိန်းပေးပါတယ်။

အခုချိန်ကတည်းက လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။ ဒါမှသာ အသက်ကြီးလာရင် ကြုံရမယ့် အဝလွန်တာ၊ ဆီးချိုရောဂါဖြစ်တာ၊ နှလုံးမကောင်းတာ၊ ကင်ဆာ စတဲ့ အသက်အန္တရာယ်ထိခိုက်မယ့် ပြဿနာတွေဘေးကနေ ကင်းဝေးစေမှာပါ။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles