နို့ညှစ်စက်ကို မေမေတို့ ဘာကြောင့် ဝယ်ယူထားသင့်တာလဲ

by: Nang Htwe
 0 comments  0 love

အကျိုးရှိတဲ့ အာဟာရဓါတ်တွေ ဆုံးရှုံးမသွားအောင် မိခင်နို့ရည်ကို နို့ဗူးထဲ ထည့်သွင်းပြီး တိုက်ကျွေးသင့်ပါတယ်

မေမေတို့မအားတဲ့အခါ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် နို့ဗူးတိုက်ရတဲ့အခါမှာ နို့ညှစ်စက်လိုအပ်လာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်က နို့မစို့တဲ့အခါ မေမေတို့က နို့ဗူးတိုက်ဖို့ ပြင်ဆင်ရပါတယ်။

ကလေးငယ်ကို ဖော်မြူလာနို့မှုန့်မတိုက်ဘဲ မိခင်နို့ပဲ တိုက်ကျွေးချင်တယ်ဆိုရင် နို့ညှစ်စက်ကို အသုံးပြုရတော့မှာပါ (Photo by thehealthsite)

နို့ညှစ်စက် အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

မိခင်နို့ရည်ဟာ ကလေးငယ်တွေအတွက် လိုအပ်တဲ့ အာဟာရတွေပါဝင်ပါတယ်။ မိခင်နို့မစို့တဲ့ ကလေးငယ်တွေအတွက် ဒီလိုအကျိုးရှိတဲ့ အာဟာရဓါတ်တွေ ဆုံးရှုံးမသွားအောင် မိခင်နို့ရည်ကို နို့ဗူးထဲ ထည့်သွင်းပြီး တိုက်ကျွေးသင့်ပါတယ်။ ဒီလိုအချိန်မှာ ကလေးငယ်ကို ဖော်မြူလာနို့မှုန့်မတိုက်ဘဲ မိခင်နို့ပဲ တိုက်ကျွေးချင်တယ်ဆိုရင် နို့ညှစ်စက်ကို အသုံးပြုရတော့မှာပါ။ မိခင်နို့ရည် များများရနိုင်ပါတယ်။ နို့ညှစ်စက်နဲ့ မိခင်နို့ကို ထုတ်ယူပြီး နို့ဗူး ဒါမှမဟုတ် နို့သိမ်းအိတ်ထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီအတိုင်းနို့ညှစ်တာထက်စာရင် နို့ညှစ်စက်အသုံးပြုတာက ပိုပြီး အဆင်ပြေစေပါတယ်။

မိခင်နို့ကို သိမ်းဆည်းတဲ့အခါ သတိထားဖို့က

  • မိခင်နို့ကို ဖန်နို့ဗူးထဲထည့်ပြီး သိမ်းဆည်းတာကို ရှောင်ကြဉ်ပါ။
  • ရေခဲသေတ္တာထဲ မထည့်ဘဲ အခန်းထဲမှာထားမယ်ဆိုရင် (၄)နာရီထက် ပိုမထားရပါဘူးနော်။ ဒီထက်ပိုထားမယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
  • ရေခဲသေတ္တာရဲ့ ရေခဲခန်းထဲမှာ နှစ်ပတ်အထိ သိမ်းဆည်းထားနိုင်ပြီး ရေခဲသေတ္တာရဲ့ ရိုးရိုးအအေးခန်းထဲမှာတော့ (၅)ရက်ထိ ထားနိုင်ပါတယ်။
  • ရေခဲသေတ္တာရဲ့ အပူချိန် သုညဒီဂရီ ဖာရင်ဟိုက်မှာဆိုရင် (၃)လမှ (၆)လအထိ ထားနိုင်ပြီး အနှုတ်(၄)ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင်တော့ (၁၂)လအထိ ထားနိုင်ပါတယ်။
  • မတူညီတဲ့ အပူချိန်တွေထဲမှာ သိမ်းဆည်းထားတဲ့ မိခင်နို့တွေကို ရောနှောပြီး ကလေးငယ်တိုက်ကျွေးတာကို ရှောင်ကြဉ်ပါ။
  • ခဲထားတဲ့ မိခင်နို့တွေကို ပြင်ပသို့ထုတ်ထားလိုက်ပြီဆိုရင် (၁)နာရီအတွင်း တိုက်ပေးပါ။
  • မိခင်နို့ညစ်တဲ့အခါ ဒါမှမဟုတ် သိမ်းဆည်းတဲ့အခါမှာ လက်ကို သန့်ရှင်းစင်ကြယ်အောင် ထားဖို့လိုအပ်ပါတယ်။

နို့ညှစ်စက်ကိုသုံးပြီး မိခင်နို့ရည်ထုတ်တဲ့အခါ အိမ်မှာပဲ ပြုလုပ်တာ အကောင်းဆုံးဖြစ်ပါတယ် (Photo by Best of Reviews)

အမေး : နို့ညှစ်စက်ကို တစ်ရက်ဘယ်နှစ်ကြိမ် အသုံးပြုနိုင်လဲ။

အဖြေ : မေမေတို့အဆင်ပြေသလို အကြိမ်ရည်များစွာ အသုံးပြုနိုင်ပါတယ်။

နို့ညှစ်စက်နဲ့ ပတ်သက်ပြီး မေမေတို့ ဘာတွေသိထားသင့်လဲ

  • နို့ညှစ်စက်ကိုသုံးပြီး မိခင်နို့ရည်ထုတ်တဲ့အခါ အိမ်မှာပဲ ပြုလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။
  • အရည်အသွေးကောင်းတဲ့ မိခင်နို့ရည်ရရှိအောင် မေမေတို့အနေနဲ့ အာဟာရမျှတတဲ့ အစားအစာတွေကို စားပေးရပါမယ်။
  • ကလေးကိုလည်း မိခင်နို့ တိုက်ရိုက်တိုက်ကျွေးနေတုန်းပဲဆိုရင် နို့ညှစ်စက်နဲ့ အကြိမ်အရေအတွက် အများကြီး မညှစ်မိဖို့ သတိထားပါ။ မိခင်နို့နည်းသွားနိုင်လို့ပါ။

အကြောင်းအမျိုးမျိုးကြောင့် နို့ဗူးတိုက်နေရတဲ့ မေမေတွေ ဒါမှမဟုတ် အလုပ်မအားတဲ့ မေမေတွေအနေနဲ့ နို့ညှစ်စက်ကို ဝယ်ထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

From Kalay with


Comments

0 comments
Latest video