(၆) လကလေးကို ဖြည့်စွက်စာ ဘာတွေ ဘယ်လို စတင်ကျွေးမလဲ

by: Phyo Pyae Thu
 0 comments  0 love

(၆) လ ဒါမှမဟုတ် (၈) လလောက်ကနေစပြီး ဖြည့်စွက်စာ စကျွေးလို့ ရပြီနော်။ ဖြည့်စွက်စာတွေ စကျွေးရင် ဘာစကျွေးရမလဲဆိုတာကလည်း မေမေတို့ ခေါင်းစားရတာပါပဲနော်။

သန့်ရှင်းလတ်ဆတ်တဲ့ ဘယ်အစားအစာမဆို ကျွေးလို့ ရပါတယ်

မေမေတို့ရေ သားသားမီးမီးလေးတွေကို (၆) လ ဒါမှမဟုတ် (၈) လလောက်ကနေစပြီး ဖြည့်စွက်စာ စကျွေးလို့ ရပြီနော်။ ဖြည့်စွက်စာတွေ စကျွေးရင် ဘာစကျွေးရမလဲဆိုတာကလည်း မေမေတို့ ခေါင်းစားရတာပါပဲနော်။ ဒီတော့ ဘယ်လို အစားအစာလေးတွေကို ဘယ်လိုပုံစံလေး ချက်ကျွေးရမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

တချို့မေမေတွေကတော့ သားသားမီးမီးလေးတို့ကို အာဟာရမှုန့်လေးတွေ ရေနွေးလေးနဲ့ ဖျော်ပြီး ကျွေးကြပါတယ်။ တချို့ကတော့ ထမင်းကို ပိတ်စိမ်းစလေးနဲ့ တိုက်ပြီး ကျွေးကြပါတယ်။ အာဟာရရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဘယ်အစားအစာမဆို ကျွေးလို့ ရပါတယ်။ ထမင်းကို ကျေညက်နေအောင် ချေပြီး ကျွေးပါ။ ထမင်းအပြင် တခြား အသီးအနှံ၊ အသားငါးတွေနဲ့ စွပ်ပြုတ်တွေကိုလည်း ကျွေးလို့ ရပါတယ်။

မေမေတို့ရေ အာလူးဟာ ပရိုတင်းဓါတ် ပေးနိုင်တဲ့ အစားအစာတစ်ခုပါ။ အာလူးကို ရေစင်အောင်ဆေးပြီး ပြုတ်ပါ။ နူးအိလေ ကောင်းလေးပါပဲ။ ကလေးအတွက်ဆိုတော့ တစ်လုံးဆို အတော်ကို လုံလောက်ပါပြီ။ နူးအိအောင်ပြုတ်ပြီး  ပျစ်ပျစ်ထအောင်ကို ကျေပါ။ အရသာမှုန့်တွေ မထည့်ပါနဲ့။ အာလူးရဲ့ သဘာဝအရသာကိုသာ ကလေးကို ကျွေးပါ။

မုန်လာဥနီ ကျွေးနိုင်ပါတယ်

မုန်လာဥနီလည်း သားသားမီးမီးလေးတွေကို ကျွေးလို့ ရပါတယ်။ မုန်လာဥနီကိုလည်း ပြုတ်ပြီး ကျွေးပါ။ ထမင်းနဲ့ ရောစပ်ပြီး ကျွေးတာမျိုး လုပ်လို့ ရပါတယ်။ ငါးကိုတော့ အချိုလေး ပြုတ်ပြီး ကျွေးပါ။ ရေချိုငါးပဲ အများဆုံးကျွေးပါ။ မေမေတို့ အစပ်မထည့်ဘဲ ဆီပြန်ချက်တာမျိုးလေးတွေ နည်းနည်းလောက်တော့ စမ်းခွံ့ပါ။ အသားကတော့ ပြုတ်ပြီး ညက်နေအောင် နုတ်နုတ်စင်းပြီး ထမင်းနဲ့ ရောကျွေးပါ။ အသားကတော့ နည်းနိုင်သမျှ နည်းအောင်ပဲ ကျွေးပေးပါဦးနော်။

စွပ်ပြုတ်ကတော့ ကြိုက်တဲ့ အသီးအနှံနဲ့ ချက်လို့ ရပါတယ်။နူးအိဖို့ လိုသလို ကျွေးတဲ့အခါမှာလည်း ဟင်းချိုကို နွေးနွေးလေး အနေအထားနဲ့ပဲ ကျွေးပါနော်။ အရသာမှုန့် ထည့်ချက်နိုင်ပါတယ်။ သားသားမီးမီးလေးတွေ အသက်(၈) လကျော်ရင်တော့ ငှက်ပျောသီးလေးတွ ပျော့နေအောင်လုပ်ပြီး ကျွေးလို့ ရပါတယ်။ မေမေတို့ရေ ရေခဲသေတ္တာထဲမှာ အကြာကြီး သိမ်းထားတာတွေကိုတော့ ကလေးကို မကျွေးပါနဲ့နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: agefoodhealth


Comments

0 comments
Latest video
Refer to more useful articles