ကလေးတွေကို ဖရဲသီး ဘယ်အသက်အရွယ်မှာ စကျွေးမလဲ

by: Nang Htwe
 0 comments  0 love

အမျိုးမျိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ သွေးနီဆဲလ်တွေအတွက် အထောက်အကူပြုတာကြောင့် ကလေးအာရုံကြော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူရတယ်။

ဖရဲသီးက အကောင်းဆုံး အသီးအနှံတွေထဲက တစ်ခုပါ။ ဖရဲသီးရဲ့အရောင်က ကလေးတွေကို ဆွဲဆောင်ပါတယ်။ ဖရဲသီးက ချိုတဲ့အရသာရှိပြီး အာဟာရတွေလည်း အများကြီးပါပါတယ်။

ဖရဲသီး ကလေး ဗီတာမင်

ဖရဲသီးမှာ ရေဓါတ် (၉၅)ရာခိုင်နှုန်း ပါဝင်ပြီး ကလေးတွေအတွက် ရေဓါတ်ရပါတယ် (Photo by MomJunction)

ဘယ်အသက်အရွယ်မှာ ဖရဲသီးစကျွေးလို့ရပြီလဲ

အသက်(၆)လကျော်သွားရင် စတင်ကျွေးလို့ရပါပြီ။ ဖရဲသီးမှာ ရေဓါတ် (၉၅)ရာခိုင်နှုန်း ပါဝင်ပြီး ကလေးတွေအတွက် ရေဓါတ်ရပါတယ်။ အတိအကျစကျွေးလို့ရတဲ့ အသက်အရွယ်ကတော့ (၆)လကနေ (၈)လအတွင်းပါ။

ဖရဲသီးမှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များ

ရေဓါတ်၊ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိုက်၊ သကြားဓါတ်၊ စွမ်းအင်၊ အမျှင်ဓါတ်၊ Thiamin၊ ဗီတာမင် B6,A,K,C,E၊ Niacin၊ ဖောလိတ်၊ သံဓါတ်၊ ဖော့စ‌ဖောရပ်၊ ဇင့်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆိုဒီယမ်တို့ ပါပါတယ်။

ရေဓါတ်

ဖရဲသီးမှာ ရေဓါတ် (၉၅)ရာခိုင်နှုန်းပါဝင်တာကြောင့် နွေရာသီမှာ ကလေးတွေ ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ပေးတယ်။

ကိုယ်ခံစွမ်းအား

ဗီတာမင် C ပါလို့ ကလေးကိုယ်ခံစွမ်းအားကို အထောက်အကူပြုပြီး ခန္ဓာကိုယ်က သံဓါတ်စုပ်ယူတဲ့အခါ အကူအညီတွေ ရပါတယ်။

အမြင်အာရုံ

ဖရဲသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါလို့ အမြင်အာရုံ၊ သွားနဲ့ အသားအရည်ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ တစ်သျှူးနဲ့ ကြွက်သားဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြုတယ်။

ဖရဲသီးဖျော်ရည် ဖရဲသီး ကလေး

ဖရဲသီး Puree (Photo by Yummy Tummy)

အရိုး

ဖရဲသီးမှာ ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် အရိုးဖွံ့ဖြိုးတိုးတက်မှုမှာ အထောက်အကူတွေရတယ်။

သွေးနီဆဲလ်

ဗီတာမင် B ပါလို့ ခန္ဓာကိုယ်အတွင်းက အဖွဲ့အစည်းအမျိုးမျိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ သွေးနီဆဲလ်တွေအတွက် အထောက်အကူပြုတာကြောင့် ကလေးအာရုံကြော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူရတယ်။

နှလုံး

ဖရဲသီးမှာ lycopene ပမာဏ တော်တော်များများပါပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

အစာခြေစနစ်

ဖရဲသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါလို့ ဝမ်းချုပ်တာတွေနဲ့ အစာမကြေတာတွေ မဖြစ်အောင် အကူအညီပေးတယ်။

ဖရဲသီးကို ဘယ်လိုစကျွေးမလဲ

  • အတုံးသေးသေးလေးတွေ လှီးပြီးကျွေးပါ။
  • ဖရဲစေ့လေးတွေကို ဖယ်ပေးပါ။ အဲဒီအစေ့တွေက အန္တရာယ်များတယ်။
  • ကလေးကို ထိုင်ပြီး စားခိုင်းပါ။
  • အစိတ်လေးတွေလှီးပြီး ဇွန်းနဲ့ခပ်ကျွေးရင်လည်း ရပါတယ်။
  • လက်နဲ့ကိုင်စားခိုင်းလို့လည်းရတယ်။

ဖရဲသီးကို အခုလိုလည်း ကျွေးလို့ရပါတယ်

  • ဖရဲသီးဖျော်ရည်
  • ဖရဲသီး Puree
  • ဖရဲသီးစိတ်လေးတွေ

  ဖရဲသီးက ကလေးတွေအတွက် အလွန်ကောင်းတဲ့ အသီးအနှံဖြစ်ပါတယ်။     

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles