ကလေးလေး သွားပေါက်ကာစမှာ ဘီစကစ်ကျွေးသင့်လား

by: Nang Htwe
 0 comments  0 love

ဘီစကစ်ဟာဆိုရင် ကလေးငယ်တွေရဲ့ လက်လှုပ်ရှားမှုစွမ်းရည်နဲ့ ဝါးစားနိုင်တဲ့ စွမ်းရည်တွေ တိုးတက်လာစေပါတယ်။

ကလေးငယ်လေးတွေ သွားပေါက်ခါစမှာ သက်တောင့်သက်သာမဖြစ်တာကို ခံစားရကြပါတယ်။ နောက်ပြီး အရုပ်လေးတွေကို ကောက်ဝါးတာမျိုးလည်း ပြုလုပ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မေမေတို့က ကလေးငယ်ကို ဘီစကစ်အနည်းငယ် ကျွေးနိုင်ပါတယ်။

Image result for Biscuits Baby

အသက်(၁၂)လပြည့်မှ ကျွေးတာ အကောင်းဆုံးပါ (Photo by Abbey’s Kitchen )

ကလေးငယ်လေးကို ဘီစကစ်ဘယ်အချိန်ကျွေးမလဲ

ကလေးငယ်လေးတွေရဲ့ အသက်(၆)လနောက်ပိုင်းမှာ သွားစတင်ဖြစ်ပေါ်လာပါတယ်။ အသက်(၆)လမှာ ဖြည့်စွက်စာ စတင်ကျွေးရပါတယ်။ ဒါပေမယ့် အစားမာတွေ မကျွေးရသေးပါဘူး။ ပျော့ပျော့ကျဲကျဲ ပုံစံမျိုးနဲ့ စရပါတယ်။ ဘီစကစ်က အစားမာဖြစ်တာကြောင့် ကလေးငယ်ရဲ့  (၈)လနောက်ပိုင်းမှ စကျွေးတာ ပိုကောင်းပါတယ်။ အသက်(၁၂)လပြည့်မှ ကျွေးတာ အကောင်းဆုံးပါ။ ကလေးငယ်လေးက မုန့် စတဲ့ အစားအသောက်တော်တော်များများကို သူတို့ကိုယ်တိုင် ကိုင်စားတတ်တဲ့အခါမှ ကျွေးတာ ပိုကောင်းပါတယ်။ ဘီစကစ်ကျွေးတဲ့အခါ အမှုန်လေးတွေက ကလေးငယ်ရဲ့ အဆုတ်ထဲ ရောက်သွားနိုင်တာကိုလည်း သတိထားပါ။ ဒါကြောင့် ဘီစကစ်၊ ခရက်ကာ စတဲ့ မုန့်တွေ ကျွေးချိန်မှာ မေမေတို့ စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

ဘီစကစ်နဲ့ သွားပြဿနာ

ကလေးငယ်ရဲ့ သွားလေးတွေက အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလွယ်ပါတယ်။ သွားပျက်စီးတဲ့အခါ အဲဒီကနေတဆင့် ရောဂါကူးစက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အချိုရည်ပုလင်းတွေကြောင့် ကလေးငယ်တွေရဲ့ သွားတွေ ပျက်စီးရသလို သကြားပါတဲ့ အစားအစာတွေကြောင့်လည်း သွားပျက်စီးနိုင်ပါတယ်။ ဘီစကစ်တွေ၊ ခရက်ကာတွေမှာ သကြားပါဝင်နှုန်းမြင့်မားပါတယ်။ ဒါကြောင့် ကလေးငယ်ကို ဘီစကစ် အများကြီး မကျွေးသင့်ပါဘူး။

Image result for Biscuits Baby

ဘီစကစ်ရဲ့ဆိုးကျိုးတွေရှိနေသလို တခြားဖက်မှာလည်း ကောင်းကျိုးတွေရှိနေပါတယ် (Photo by YoYCart )

ကောင်းကျိုးများ

ဘီစကစ်ရဲ့ဆိုးကျိုးတွေရှိနေသလို တခြားဖက်မှာလည်း ကောင်းကျိုးတွေရှိနေပါတယ်။ ဘီစကစ်ဟာဆိုရင် ကလေးငယ်တွေရဲ့ လက်လှုပ်ရှားမှုစွမ်းရည်နဲ့ ဝါးစားနိုင်တဲ့ စွမ်းရည်တွေ တိုးတက်လာစေပါတယ်။ အစားအသောက်ကို ဘယ်ကို စားရမယ်ဆိုတာ ကလေးငယ် သိလာပါတယ်။ ဘီစကစ်မှာတော့ အနည်းနဲ့အများ သကြားပါဝင်ပါတယ်။ သကြားပါဝင်မှုနည်းတဲ့ ဘီစကစ်တွေကို ရွေးချယ်ပေးပါ။ အခုနောက်ပိုင်းမှာတော့ ကလေးငယ်ရဲ့ အသက်အရွယ်အလိုက် ထုတ်လုပ်ထားတဲ့ ဘီစကစ်တွေ ရှိနေပါပြီ။ အိမ်မှာကိုယ်တိုင် ဘီစကစ်ပြုလုပ်ကျွေးမယ်ဆိုရင်လည်း ကောင်းမွန်ပါတယ်။

ဘီစကစ်ဟာဆိုရင် ကလေးငယ်အတွက် အထောက်အကူပြုတဲ့ အစားအသောက်ဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Ref: Teething Biscuits To Soothe Your Baby?

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: biscuitsteething

Comments

0 comments
Latest video
Refer to more useful articles
x