ကလေးတွေအတွက် အလွန်ကောင်းတဲ့ နေကြာစေ့

by: Nang Htwe
 0 comments  1 love

ကလေးတွေစားလိုက်တဲ့အခါ လည်ချောင်းမှာ ကပ်နေနိုင်လို့ပါ။ အခွံခွာပေးသလို အဖြူရောင်အလွှာကိုလည်း ခွာပေးပါ။

နေကြာစေ့မှာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ ဗီတာမင် E၊ ဗီတာမင် B၊ ကော်ပါး၊ ဖောလိတ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဆယ်လီနီယမ်နဲ့ ဇင့်တို့ ပါဝင်ပါတယ်။ ကလေးအတွက် နေကြာစေ့ဝယ်တဲ့အခါ ဆားနည်းနည်းပဲပါတဲ့အမျိုးအစား၊ ဒါမှမဟုတ် ဆားမပါတဲ့ နေကြာစေ့ကို ရွေးဝယ်ပါ။

အခွံတော့ ခွာပေးဖို့ လိုပါတယ် (Photo by Amazon)

နေကြာစေ့နဲ့ အသက်အရွယ်

ကလေးအသက်(၉)လမှာ နေကြာစေ့ စကျွေးနိုင်ပါပြီ။ အစေ့အတိုင်းကြီး ကျွေးလို့တော့မရသေးပါဘူး။ ကြေအောင်အမှုန့်ဖြစ်အောင် ကြိတ်ပြီး ဖြည့်စွက်စာထဲ ထည့်ကျွေးပါ။ ကလေးတွေအတွက် မုန့်လုပ်တဲ့အခါမှာလည်း နေကြာစေ့အမှုန့်ထည့်ပေးနိုင်ပါတယ်။

အသက်(၂)ကျော်လာတဲ့အခါ နေကြာစေ့ကို အမှုန့်ဖြစ်အောင်ထိ လုပ်စရာ မလိုတော့ပါဘူး။ အခွံတော့ ခွာပေးဖို့ လိုပါတယ်။ သရေစာအနေနဲ့ ကျွေးနိုင်သလို ဒိန်ချဥ်နဲ့လည်း ထည့်ကျွေးလို့ရတယ်။ နေကြာစေ့ကို အခွံခွာတဲ့အခါ အဖြူရောင်အုပ်ထားတဲ့ အလွှာလေးကိုသတိထားပါ။ နေကြာစေ့ပေါ် ဖုံးနေတဲ့အဖြူရောင် အလွှာလေးက ကလေးတွေစားလိုက်တဲ့အခါ လည်ချောင်းမှာ ကပ်နေနိုင်လို့ပါ။ အခွံခွာပေးသလို အဖြူရောင်အလွှာကိုလည်း ခွာပေးပါ။

နေကြာစေ့နဲ့ မတည့်တဲ့ ကလေး ရှားပါတယ် (Photo by The Spruce)

ဓါတ်မတည့်ခြင်း

နေကြာစေ့နဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ ဒါပေမယ့် ကလေးတွေကို အစားအစာအသစ် စကျွေးတဲ့အခါ အခြေအနေကို စောင့်ကြည့်ရသလို နေကြာစေ့ စကျွေးချိန် သတိထားကြည့်ဖို့လည်း လိုပါတယ်။ နာရီတော်တော်ကြာတဲ့အထိ တုန့်ပြန်မှုမရှိရင်တော့ နောက်ရက်တွေမှာ ဆက်ကျွေးနိုင်ပါတယ်။ စစကျွေးခြင်းမှာတော့ နည်းနည်းပဲကျွေးပါ။

နေကြာစေ့က ကလေးတွေအတွက်ကောင်းတဲ့ အစားအစာဖြစ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles