အလွယ်ဝယ်လို့ရနိုင်တဲ့ အဆာပြေမုန့်တွေက ကလေးတွေအတွက် စိတ်ချရရဲ့လား

by: Nang Htwe
 0 comments  0 love

အထူးသဖြင့် အာဟာရပြည့်ဝတဲ့ မုန့်တွေကို ရွေးချယ်ပေးပါ။ အာဟာရပြည့်ဝတဲ့ ထမင်းဟင်းတွေရွေးချယ်ကျွေးသလို သရေစာမုန့်ကိုလည်း ရွေးချယ်ကျွေးပါ

မေမေတို့ရေ သားသားမီးမီးတွေ စားနေတဲ့ သရေစာမုန့်တွေကို သတိထားမိရဲ့လား။ ဘယ်လိုသရေစာမုန့် အမျိုးအစားတွေကို ကြိုက်တတ်တာလဲ။ မေမေတို့ရေ ဈေးဆိုင်တွေမှာ အများဆုံးရောင်းချတဲ့ သရေစာမုန့်အများစုက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ သကြားနဲ့ ဆားများတဲ့ မုန့်တွေ၊ အရည်အသွေးနိမ့်တဲ့ အစားအသောက်တွေ၊ အာဟာရမပါတဲ့ မုန့်တွေ၊  မသန့်တဲ့ ဆီတွေနဲ့ ကြော်လှော်ထားတာတွေ၊ ကြာရှည်ခံအောင် ဓါတုပစ္စည်းအသုံးပြုထားတာတွေ၊ ကျန်းမာရေးထောက်ခံချက်မရှိတဲ့ မုန့်တွေ၊ ဘယ်ကလာမှန်းမသိတဲ့ အစားအသောက်တွေ စတာတွေက သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူမရသလို အဝလွန်တဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။  ဒီလိုကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေက သားသားမီးမီးတွေရဲ့ လက်တစ်ကမ်းမှာရှိနေတာကို မေမေတို့ သတိထားပေးပါ။

(Photo by Behance)

သားသားမီးမီးတွေကို သရေစာမုန့်တွေ မကျွေးလို့ရလားဆိုရင်တော့ သားသားမီးမီးတွေအတွက်တော့ သရေစာမုန့်တွေက မရှိမဖြစ်ပါ။ အရင်းနှီးဆုံးသူငယ်ချင်းတွေလိုပါပဲ။

သရေစာမုန့်တွေရဲ့ အားသာချက်တွေကတော့

  • ထမင်းစားချိန်မရောက်ခင် နေ့ခင်းနေ့လည်ဖက်မှာ အဆာပြေအနေနဲ့ ကျွေးနိုင်ခြင်း
  • သားသားမီးမီးတွေကို စိတ်လှုပ်ရှား ပျော်ရွှင်စေခြင်း
  • ဆာလောင်မှုနည်းစေခြင်း
  • လက်လှုပ်ရှားမှု တိုးတက်လာခြင်း
  • အစားစားတတ်လာခြင်း
  • ပါးစပ်လှုပ်ရှားမှု ဖွံ့ဖြိုးလာခြင်း
  • အရသာ၊ အရောင်၊ အနံ့ စတာတွေကို ကွဲကွဲပြားပြား ခွဲခြားတတ်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

သားသားမီးမီ‌တွေအတွက် အရေးပါတဲ့ သရေစာမုန့်ကို မေမေတို့က ရွေးချယ်ပေးသင့်ပါတယ်။ အထူးသဖြင့် အာဟာရပြည့်ဝတဲ့ မုန့်တွေကို ရွေးချယ်ပေးပါ။ အာဟာရပြည့်ဝတဲ့ ထမင်းဟင်းတွေရွေးချယ်ကျွေးသလို သရေစာမုန့်ကိုလည်း ရွေးချယ်ကျွေးပါ။ ဗီတာမင်နဲ့ သတ္ထုဓါတ်ပါတဲ့ သရေစာမုန့်တွေကို ကျွေးပါ။ မေမေတို့ကိုယ်တိုင် အိမ်မှာ စနစ်တကျပြုလုပ်ကျွေးနိုင်သလို မအားလပ်တဲ့ မေမေတို့ကလည်း စိတ်ချရတဲ့ သရေစာမုန့်ကို ပြင်ပကနေ ရွေးချယ်ဝယ်ပေးနိုင်ပါတယ်။

သားသားမီးမီးတွေအတွက် စိတ်ချရတဲ့ သရေစာဆိုတာ

  • ကျန်းမာရေးထောက်ခံချက် ပါရှိရပါမယ်။
  • သားသားမီးမီးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်နေရပါမယ်။
  • သရေစာပြုလုပ်ရာမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေက သဘာဝ ဒါမှမဟုတ် အော်ဂဲနစ်တွေ ဖြစ်ဖို့လိုပြီး ဓါတုကင်းစင်ရပါမယ်။
  • သကြားနဲ့ဆား အလွန်အမင်း အသုံးပြုထားတာမျိုး မဖြစ်ရပါ။
  • မေမေတွေရဲ့ ထောက်ခံချက်တွေ၊ review တွေ ရရှိထားသင့်ပါတယ်။
  • ယုံကြည်စိတ်ချရတဲ့ ကုမ္မဏီက ထုတ်လုပ်ထားတဲ့ မုန့်တွေ ဖြစ်ရပါမယ်။
  • ထုတ်ပိုးမှု သေသပ်ကောင်းမွန်ရပါမယ်။ စနစ်တကျ သိမ်းဆည်းထားခြင်း ဖြစ်ရပါမယ်။
  • ထုတ်လုပ်တဲ့ရက်စွဲ၊ ကုန်ဆုံးတဲ့ ရက်စွဲကို တိတိကျကျ ဖော်ပြထားရပါမယ်။
  • သရေစာမုန့်မှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကို အညွှန်းမှာ ဖော်ပြပေးထားရပါမယ်။
  • အသက်အရွယ် သတ်မှတ်ထားရပါမယ်။

အာဟာရပြည့်ဝပြီး ယုံကြည်စိတ်ချရတဲ့ သရေစာမုန့်ဆိုတာ

သားသားမီးမီးလေးတွေအတွက် ယုံကြည်စိတ်ချရတဲ့ သရေစာမုန့်ဆိုတာ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဉာဏ်ရည်မြင့်မားဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်နေရပါမယ်။ အထူးသဖြင့် ပရိုတိန်း၊ သံဓါတ်၊ ဇင့်၊ ကယ်ဆီယမ်တွေ ပါဝင်နေရပါမယ်။ သားသားမီးမီးလေးရဲ့ သရေစာအတွက် စဉ်းစားနေရတဲ့ မေမေတို့ကို Kalay ကနေ Cerelac Nutripuff နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cerelac Nutripuff မှာ သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဉာဏ်ရည်မြင့်မားဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ သဘာဝအာဟာရတွေရှိတဲ့ ဆန်၊ ဂျုံနဲ့ အစေ့အဆန်တွေကနေ ထုတ်လုပ်ထားတဲ့ သရေစာမုန့်အမျိုးအစားဖြစ်တာကြောင့် မေမေတို့ ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးနိုင်ပါတယ်။ Cerelac Nutripuffs မှာ အသီးအနှံများဖြစ်တဲ့ စတော်ဘယ်ရီနဲ့ ငှက်ပျောသီး အရသာရှိတဲ့အတွက် သားသားမီးမီးတို့ ကြိုက်နှစ်သက်မှာ အသေချာပါ။  ဒါကြောင့် Cerelac Nutripuffs ကို သားသားမီးမီးလေးတွေအတွက် မေမေတို့က ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးလိုက်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x