Sippy Cup ကို မေမေတို့က ကလေးသောက်ရေခွက်အနေနဲ့ သိထားကြတယ်။ ကလေးသောက်ရေခွက်လေးတွေကို အသက်ဘယ်လောက်မှာ မိတ်ဆက်ပေးကြမလဲ။ ကလေးထိုင်တတ်ပြီဆိုရင် စမိတ်ဆက်ပေးလို့ရပါပြီ။ အသက် (၆)လနဲ့ (၉)လကြားမှာ မိတ်ဆက်ပေးနိုင်တယ်။ ခွက်စကိုင်ကိုင်ချင်းမှာတော့ ကလေးအတွက် ခက်ခဲနေပါမယ်။
မေမေတို့အများစုကတော့ Sippy Cup ကိုရေထည့်တိုက်တဲ့အခါမှာ အသုံးများတယ်။ အစပိုင်းမှာတော့ မေမေတို့ရဲ့အကူအညီတွေ လိုတယ်။ အသက်တစ်နှစ်ဝန်းကျင်အရောက်မှာ ကလေးက သူ့ဘာသာသူ ကိုင်ပြီး သောက်တတ်နေပြီ။
Sippy Cup နဲ့ ဘယ်အချိန်မှာ စိတ်ချလက်ချ လွတ်ထားလို့ရပြီလဲ
- မေမေတို့ ကိုင်ပေးစရာ မလိုတော့တဲ့အခါ
- သူ့ဘာသာသူ ခွက်ကို ကိုင်နိုင်လာတဲ့အခါ
- အစားအသောက်တွေကို သူ့တို့ဘာသာ ယူစားလာတဲ့အခါ
- Sippy Cup ကို စိတ်ဝင်စားကြောင်းပြတဲ့အခါမျိုးမှာ မေမေတို့ အကူအညီပေးစရာ မလိုတော့ပါဘူး။

Sippy Cup လေးတွေက ကလေးတွေအတွက် အဆင်ပြေတဲ့ ခွက်လေးတွေပါ (Photo by YouTube)
Sippy Cup နဲ့ ဘယ်လိုမိတ်ဆက်ပေးမလဲ
- Sippy Cup ထဲကို မိခင်နို့ ဒါမှမဟုတ် ဖော်မြူလာနို့ ထည့်ပြီး စတိုက်ပေးပါ။ အသက်(၆)လပြည့်လို့ ရေစတိုက်တော့မယ်ဆိုရင်လည်း Sippy Cup ကို သုံးလို့ရတယ်။
- ကလေးကို Sippy Cup ပျော့ပျော့လေးတွေနဲ့ အရင်မိတ်ဆက်ပေးပါ။ မာတဲ့ Sippy Cup တွေက ကလေးအတွက် ခက်ခဲစေပြီး သက်တောင့်သက်သာ မဖြစ်စေလို့ နောက်ပိုင်း မကြိုက်တော့တာမျိုး နောက်ဆက်တွဲဖြစ်လာနိုင်တယ်။
- Sippy Cup ထဲ ရေ ဒါမှမဟုတ် နို့ ကို ခွက်အပြည့်မထည့်ဖို့ သတိထားပါ။ ခွက်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ထည့်ပါ။
- အစပိုင်းမှာ ဖြည်းဖြည်းချင်း တိုက်ပါ။ နောက်ပိုင်း သူ့ဘာသာသူ သောက်တတ်သွားတဲ့အခါ မြန်လာပါလိမ့်မယ်။
- Sippy Cup လေးတွေက ကလေးတွေအတွက် အဆင်ပြေတဲ့ ခွက်လေးတွေပါ။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with
Comments