နို့တိုက်မိခင်တွေ နို့ကြောင်းပိတ်တဲ့အခါ ဘယ်လိုလုပ်သင့်လဲ

by: Nang Htwe
 0 comments  0 love

အမေက နို့ကောင်းကောင်း တိုက်ချင်ကြပါတယ်။ ကလေးတွေအနေနဲ့လည်း နို့စို့တာ စို့ရတယ်၊ လုံလုံလောက်လောက် ရဖို့လိုပါတယ်။

ကလေးငယ် နို့တိုက်တဲ့အခါ နို့ထွက်နည်းတာ၊ သားမြတ်နာတာ၊ နို့သီးခေါင်းကွဲတာနဲ့ ကလေးနို့မဝတာကို ကြုံရပါတယ်။ မွေးကင်းစကနေ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရမှာဖြစ်တာကြောင့် မိခင်နို့ဝဝရရှိဖို့ လိုအပ်ပါတယ်။ နို့တိုက်မိခင်တွေ နို့ကြောင်းပိတ်ခြင်း မရှိစေရန်အတွက် လုပ်သင့်တာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ တကယ်လို့ နို့ကြောင်းပိတ်ခဲ့ရင်လည်း မိခင်တွေ အနေနဲ့ ဘယ်လိုနည်းလမ်းတွေ ကိုလုပ်ဆောင်သင့်တယ်ဆိုတာကို ဗဟိုသားဖွားသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့ပါတယ်။

Related image

မွေးကင်းစကနေ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရမှာဖြစ်တာကြောင့် မိခင်နို့ဝဝရရှိဖို့ လိုအပ်ပါတယ် (Photo by BabyCenter)

မှန်ကန်တဲ့ပုံစံနဲ့ နို့တိုက်ခြင်း

နို့တိုက်တဲ့ပုံစံ မှန်လို့ရှိရင် အမေခါးနာတာမျိုး မဖြစ်ဘူး။ အနေအထားမှန်တယ်၊ ပုံစံမှန်တယ်ဆိုရင် နို့ရည် များများထွက်တယ်။ အမေတွေက များသောအားဖြင့် နို့သီးခေါင်းကွဲလို့ နို့မတိုက်ချင်တာ စတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ နို့သီးခေါင်းတွေ မကွဲဘူး၊ သားမြတ်တွေ မနာဘူးဆိုရင် အမေက နို့ကောင်းကောင်း တိုက်ချင်ကြပါတယ်။ ကလေးတွေအနေနဲ့လည်း နို့စို့တာ စို့ရတယ်၊ နို့ရည် လုံလုံလောက်လောက် ရဖို့လည်း လိုအပ်ပါတယ်။ အဲဒီအတွက် အနေအထားမှန်ဖို့၊ ပုံစံမှန်ဖို့ အဲဒါတွေ လိုအပ်တယ်။ ပုံစံနဲ့ နို့တိုက်တာမှန်ကန်တယ်ဆိုရင် နို့ကြောင်းမပိတ်ဘူး။ အကယ်လို့ နို့ခဲတယ်ဆိုရင်တောင်မှ အနေအထားမှန်ရင် မပိတ်ဘူး။ ဒီလို အနေအထားမှန်နေဖို့ကို ပွဲတိုင်းမှာ ပြောပြဖြစ်ပါတယ်။

နို့တိုက်တဲ့ပုံစံ မှန်လို့ရှိရင် အမေခါးနာတာမျိုး မဖြစ်ဘူး (Photo by The Pump Station)

နို့ကြောင်းပိတ်ရင် ဘာတွေပြုလုပ်ရမှာလဲ

နို့ကြောင်းပိတ်လာခဲ့ရင် ရေနွေးဖက်လေး ကပ်စေချင်တယ်။ ရေနွေးဖက်လေး ကပ်ပြီး ချေပေးစေချင်တယ်။ အဲဒါနဲ့ဆိုရင်တော့ လုံလောက်ပါတယ်။ ဒီနည်းအတိုင်းလုပ်သွားတဲ့ မိခင်တွေမှာလည်း များသောအားဖြင့် နို့ကြောင်းပိတ်တယ်ဆိုတာ မရှိဘူး။ အနေအထားမှန်တယ်၊ ပုံစံမှန်တယ်ဆိုရင် နို့ကြောင်းမပိတ်ဘူးလို့ ပြောချင်ပါတယ်။

ကလေးငယ် မိခင်နို့များများရရှိဖို့ နို့တိုက်တဲ့နည်းလမ်းနဲ့ ပုံစံအနေအထား မှန်ကန်ဖို့ လိုအပ်နေကြောင်း Kalay ကနေ  ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x