နို့နဲ့နို့ထွက်ပစ္စည်းများ မစားသုံးမှီ ကြိုတင်သိရှိထားသင့်တဲ့ အချက်(၅)ချက်

by: Khin Nyein Lwin
 0 comments  0 love

ယခုဆောင်းပါးအား Tetra Pak မှ ပံ့ပိုးကူညီပေးထားပါတယ်

မေမေတို့အနေနဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးဖို့ ရွေးချယ်ဝယ်ယူတဲ့အခါ ကိုယ်ကိုကိုယ် ပြန်လည် မေးသင့်တာက ဒီထုတ်ကုန်တွေက ကိုယ်နဲ့ကိုယ်ချစ်မြတ်နိုးရသူတွေအတွက် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးကောင်းတွေ ပေးနိုင်လား ?  ဒီထုတ်ကုန်တွေမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်ပြီး စားသုံးဖို့စိတ်ချယုံကြည်ရလား? ဆိုတဲ့ မေးခွန်းတွေပါ။ မြန်မာနိုင်ငံမှာတော့ “စိတ်ချယုံကြည်ရတဲ့ စားသောက်ကုန်” ဆိုတဲ့ စံညီစံနှုန်းသတ်မှတ်ချက်နှင့်ပတ်သတ်ပြီး စိတ်ဝင်စားမှုနည်းပါးနေခြင်းက အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ ဘေးဥပါဒ်ဖြစ်စေတဲ့ အစားအသောက်တွေ၊ အထူးသဖြင့် ထုတ်လုပ်တဲ့ နေရာအတိအကျမသိရခြင်း၊ တစ်ခါတစ်ရံမှာ အရောအနှောများပါဝင်ခြင်း ၊ မမှန်ကန်တဲ့ နည်းလမ်းများနဲ့ ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း စသည်တို့ကြောင့်အစားအသောက်တွေမှာ ကျန်းမာရေးကို ထိခိုက်စေမယ့် အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် မေမေတို့ ကြိုက်နှစ်သက်တဲ့ နို့ထွက်ပစ္စည်းထုတ်ကုန်တွေကို ဘယ်လိုအကောင်းဆုံး ရွေးချယ်စား သုံးသင့်တယ်ဆိုတာကို ဝေမျှပေးပါရစေ။

၁။ စားသောက်ကုန်ရဲ့ ယုံကြည်စိတ်ချရမှုဟာ အဓိကအရေးအကြီးဆုံးဖြစ်

အရည်အသွေးစိတ်မချရတဲ့ စားသောက်ကုန်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ကင်ဆာရောဂါအပါအဝင် ရောဂါအမျိုးအစားပေါင်း ၂၀၀ ကျော် ဖြစ်စေနိုင်တယ်ဆိုတာ မေမေတို့ သိပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အဆိုအရ မသန့်ရှင်းတဲ့ (ဒါမှမဟုတ်) ပုပ်သိုးနေတဲ့ အစားအသောက်များမှာ ဘတ်တီးရီးယားတွေ၊ ရောဂါပိုးတွေ၊ ကပ်ပါးကောင်တွေနှင့် ဓာတုပစ္စည်းတွေပါဝင်ပြီး  နှစ်စဉ်နှစ်တိုင်း လူဦး ရေ၄၂၀,၀၀၀အထိ သေဆုံးစေကြောင်းသိရပါတယ်။ ဒါကြောင့် အစားအသောက် ယုံကြည်စိတ်ချရမှုဟာ လူသားအားလုံး ဂရုတစိုက်ထည့်သွင်းစဉ်းစားသင့်တဲ့အချက် ဖြစ်လို့လာပါတယ်။ မေမေတို့ရဲ့ အစားအသောက်ပုံစံဟာ မေမေတို့ရဲ့နေ့စဉ်ဘဝနဲ့ တိုက်ရိုက်အချိုးကျပြီး အစားအသောက်တွေက မေမေတို့ကို  ကျန်းမာပျော်ရွှင်စေတဲ့ဘဝကိုပိုင်ဆိုင်စေဖို့ အထောက်အပံ့ကောင်းများပဲ ဖြစ်နေစေသင့်ပါတယ်။

၂။ နေရာတိုင်းမှာရှိတဲ့ ဘတ်တီးရီးယားများ

အခု မေမေ့လက်တွေမှာ၊ မေမေ့ဖုန်းမှာ နောက်ပြီး မေမေ့ဝန်းကျင်မှာ ဘတ်တီးရီးယားတွေ ကပ်တွယ်နေပါတယ်။ ဒါကို သာမန်မျက်စိနဲ့ မမြင်နိုင်ပေမယ့် အလွန်သေးငယ်တဲ့ဒီပိုးမွှားတွေဟာ မေမေတို့အနားမှာပဲ ရှိနေပါတယ်။ မေမေအရမ်းကိုကြိုက်နှစ်သက်တဲ့ လမ်းဘေးဆိုင်က အစားအသောက်တွေ၊ လမ်းဘေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ကပ်ပါလာတတ်ပါတယ်။ မေမေသတိမထားမိခင်လေးမှာဘဲ အချို့သော ဘတ်တီးရီးယားတွေကြောင့် ဖျားနာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီဆောင်းပါးမှာ မေမေဘယ်လို ဘတ်တီးရီးယားကင်းတဲ့ အစားအသောက်တွေကိုရွေးချယ်ဝယ်ယူရမလဲဆိုတာကို ဖော်ပြပေးသွားဦးမှာမို့ ဆက်လက်ဖတ်ရှုပေးပါဦး။

၃။ UHT နို့ထွက်ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသင့်

UHT ဆိုတာဘာလဲ? UHT ဆိုတာ Ultra-High Temperature ဖြစ်ပါတယ်။ မေမေအနေနဲ့ နို့ကျိုချက်ရာမှာ သာမန်ဆူပွက်ရုံအပူချိန်ထားရှိခြင်းဟာ မလုံလောက်သေးပါဘူး။ UHT နို့ထွက်ထုတ်ကုန်တွေကို စက်ရုံထဲမှာ အလွန်မြင့်မားတဲ့အပူချိန်နဲ့ တိုတောင်းတဲ့ အချိန်ကာလတစ်ခုအတွင်း ကျိုချက်သန့်စင်ပြီး ဒီအချိန်တိုအတွင်းမှာ ဘတ်တီးရီးယားပိုးများကို သတ်ပြီး နွားနို့ရဲ့ အာဟာရနှင့် ကျန်းမာရေးအကျိုးတွေအားလုံးကို ပါဝင်အောင် ဆက်လက် ထိန်းသိမ်းပေးပါတယ်။ UHT နို့ထွက်ထုတ်ကုန်များကို ရွေးချယ်ခြင်းဖြင့် မေမေအနေနဲ့ ကောင်းမွန်စွာ ကျိုချက်ထုတ်လုပ်ထားပြီး ကျန်းမာရေးအတွက် သင့်တော်စိတ်ချရတဲ့ ထုတ်ကုန်များကို စားသုံးနိုင်မှာဖြစ်ပါတယ်။

၎။ အဆန်းသစ်ဆုံး စက္ကူဗူးခွံ ထုပ်ပိုးမှုရဲ့ ကောင်းကျိုးများ

နို့ထွက်ပစ္စည်းများကို ကျိုချက်ထုပ်လုပ်ခြင်းသာမက ထုပ်ပိုးသိုလှောင်ခြင်းကလည်း ဒီထုတ်ကုန်များရဲ့ ယုံကြည်စိတ်ချရမှုအတွက် အရေးပါတဲ့ အဆင့်များပဲဖြစ်ပါတယ်။ ထုပ်ကုန်ရဲ့ ထုပ်ပိုးမှုကို အဓိကထားရွေးချယ်မယ်ဆိုရင်တော့ စက္ကူးဗူးခွံနဲ့ ထုပ်ပိုးမှုက အကောင်းဆုံးနဲ့ အလုံခြုံဆုံးပဲဖြစ်ပါတယ်။ Tetra Pak က အစားအသောက်ထုပ်လုပ်မှုနဲ့ ထုပ်ပိုးမှု ဝန်ဆောင်မှုများကို ပေးနေတဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးဖြစ်ပြီး နေရာတိုင်းမှာ စိတ်ချယုံကြည်ရတဲ့ အစားအသောက်များ အလွယ်တကူရရှိနိုင်စေရေးအတွက် ရာနှုန်းပြည့် အလင်းရောင်၊ အောက်စီဂျင်နှင့် ဘတ်တီးရီးယားတို့မှ ကာကွယ်ပေးတဲ့ ပိုးမွှားကင်းတဲ့ ကတ်ထူစက္ကူ အလွှာ (၆) လွှာပါဝင်တဲ့ ဗူးများကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဒီလို စက္ကူဗူးများနဲ့ ထုတ်ပိုးထားတဲ့ နို့ထွက်ကုန်များကို အအေးခန်းအတွင်းသိမ်းဆည်းရန်မ လိုဘဲ ထားရှိနိုင်တာကြောင့် အလွန်အဆင်ပြေစေပါတယ်။

စက္ကူဗူးခွံနဲ့ ထုပ်ပိုးထားတဲ့ UHT နို့ထွက်ထုတ်ကုန်တွေကို ဘယ်လိုရှာဖွေဝယ်ယူနိုင်သလဲ။

ဒါကတော့အရမ်းကို လွယ်ကူပါတယ်။ Tetra Pak ကနေထုတ်လုပ်တဲ့ နို့ထွက် ထုတ်ကုန်မရှိပေမယ့် Vito၊ Alpine နို့ထွက်ပစ္စည်းများ (ဒါမှမဟုတ်) Cowhead အစရှိတဲ့ မေမေကြိုက်နှစ်သက်တဲ့ ထုတ်ကုန်များမှာ Tetra Pak အမှတ်တံဆိပ်ကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။ Tetra Pak အမှတ်အသား ပါရင်တော့ အာဟာရပြည့်ဝစွာ ထုပ်ပိုးထားတဲ့ ထုတ်ကုန်ကို  အပြည့်အဝယုံကြည်စွာ သောက်သုံးနိုင်ပြီပေါ့။

၅။ တာရှည်ခံအောင် အအေးခံ သိုလှောင်ထားရန်မလို

UHT နို့ထွက်ကုန်တွေဟာ မဖွင့်ရသေးမီအခြေအနေမှာ စူပါမားကတ်တွေရဲ့ စင်တွေပေါ်မှာ အချိန်ကာလကြာမြင့် အထားခံတာကိုမေမေ သတိထားမိပါလိမ့်မယ်။ UHT နို့ထွက်ထုတ်ကုန်များကို ဘတ်တီးရီးယားကင်းစင်တဲ့ စက္ကူဗူးနဲ့ ထုတ်ပိုးထားတာကြောင့် မပုပ်မသိုးဘဲ လပေါင်းများစွာ သိုလှောင်ထားနိုင်ပါတယ်။ ဒါ့အပြင် ဒီဘတ်တီးရီးယားကင်းစင်တဲ့ aseptic packaging ထုတ်ကုန်များကို အအေးခန်းတွင် သိုလှောင်စရာမလိုတာကြောင့် ခရီးသွားရင်းသယ်ဆောင်သွားရင်ပဲဖြစ်ဖြစ်၊ နွေရာသီမှာပဲ ဖြစ်ဖြစ်၊ ရုံးသွား၊ကျောင်းသွားရာမှာ ယူဆောင်သွားရင်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို UHT နို့ထုတ်ကုန်များဟာ အမြဲ လတ်ဆတ်ပြီး အာဟာရပြည့်ဝစွာပေးနိုင်မှာဖြစ်ပါတယ်။

အစားအသောက် ယုံကြည်စိတ်ချရမှုနဲ့ UHT နွားနို့ထုတ်ကုန်များအကြောင်း ပိုမိုသိရှိလိုပါသလား။ Tetra Pak ကနေ လာမယ့် ဖေဖော်ဝါရီ ၂၄ရက်မှာ မေမေနဲ့ မေမေ့ မိသားစု မိတ်ဆွေတွေအတွက် UHT နို့ထွက်ပစ္စည်းတွေအကြောင်း ပညာပေးလှုပ်ရှားမှုတွေ ပါဝင်မယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်တစ်ခုကို မဟာဗန္ဓုလပန်းခြံမှာ ကျင်းပ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ပါဝင်ကြမယ့် နိုင်ငံကျော်အနုပညာရှင်တွေနှင့် ပွဲအစီအစဉ်တွေကို Tetra Pak Myanmar Facebook စာမျက်နှာ မှာ  ကြေညာပေးသွားမှာမို့ဆက်လက်စောင့်ကြည့်နိုင်ပါတယ်။ မေမေက အစားအသောက်ကို စနစ်တကျရွေးချယ်စားသုံးတတ်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ပွဲတစ်ခုပါပဲ။

ဤဆောင်းပါးအား Tetra Pak ( https://www.facebook.com/TetraPakMyanmar/ ) မှ ပံ့ပိုးကူညီပေးထားပါသည်

From Kalay with


Comments

0 comments
Latest video