ကလေးအတွက် မုန့်နဲ့အစားအသောက်တွေ မေမေတို့ ကြိုဝယ်ထားတတ်လား

by: Nang Htwe
 0 comments  0 love

မေမေတို့ထမင်းချက်တဲ့အခါ သားသားမီးမီးလေးကို ဘေးမှာခေါ်ထားပါ။ ပန်းကန်သယ်ခိုင်းတာပဲဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက် ကူချိုးခိုင်းတာပဲ ဖြစ်ဖြစ် တစ်ခုခု အကူအညီတောင်းပါ။

မေမေတို့က ကလေးတွေအတွက် အစားအသောက်တွေ ကြိုဝယ်ထားတတ်ပါတယ်။ နေ့တိုင်းစားဖို့ လိုအပ်တဲ့ အစားအသောက်တွေ၊ မုန့်တွေ ကို အဓိကထားဝယ်ပါတယ်။ ကြိုဝယ်ထားတဲ့ အစား‌အသောက်တွေကို စနစ်တကျ ဘယ်လိုကျွေးမလဲ။

သားသားမီးမီးတို့ ကလေးသဘာဝ မုန့်တွေမြင်ရင် စားချင်နေမှာပါ (Photo by Yummy Toddler Food)

ထိန်းချုပ်ပါ

သားသားမီးမီးတို့ ကလေးသဘာဝ မုန့်တွေမြင်ရင် စားချင်နေမှာပါ။ မေမေတို့ပေးထားသလောက် သူတို့လေးတွေ အကုန်စားပါတယ်။ မုန့်တွေနဲ့ လက်လှမ်းမီနေရင် သားသားမီးမီးတို့က ယူစားနေမှာပါ။ သားသားမီးမီးလေးတွေက မုန့်ခဏခဏ စားမှာမို့ မေမေတို့အနေနဲ့ အစားအသောက်တွေ ကြိုဝယ်ထားရချိန်မှာ အာဟာရပြည့်ဝတဲ့ မုန့်တွေကိုသာ ရွေးချယ်ဖို့ အရေးကြီးပါတယ်။

မမှီတဲ့နေရာမှာထားပါ

မေမေတို့ ဝယ်လာတဲ့ အစားအသောက်နဲ့ မုန့်တွေကို သားသားမီးမီးတို့ မမှီတဲ့နေရာမှာထားပါ။ ထမင်းစားချိန်၊ သရေစာစားချိန် ထားပေးပါ။

လက်ဆေးပါ

သားသားမီးမီးလေးတို့ ထမင်းစားတဲ့အခါ ဒါမှမဟုတ် မုန့်စားတော့မယ်ဆိုရင် လက်ကို ဆပ်ပြာနဲ့ဆေးဖို့ မေမေတို့ ပြောပါ။ နေ့တိုင်းပြုလုပ်ပေးရင် လက်ဆေးတဲ့အကျင့်လေး စွဲမြဲသွားမှာပါ။

လက်ခံပေးပါ

မေမေတို့ ဝယ်လာတဲ့ အစားအသောက်တွေကို သားသားမီးမီးတို့က မကြိုက်ရင် ဇွတ်မကျွေးပါနဲ့။ သူတို့မကြိုက်တာကို မေမေတို့ လက်ခံပေးပါ။ အကယ်လို့ စားစေချင်ရင် ချော့ပါ။ နားလည်အောင်ရှင်းပြပြီးမှ ကျွေးပါ။

စီစဉ်ပေးပါ

သားသားမီးမီးလေးတွေ စားချင်တဲ့ ဟင်းနဲ့မုန့် တို့ကို မေမေတို့ကိုယ်တိုင် ချက်ကျွေးပါ။ သူတို့ကို ဦးစားပေးပါ။ အစားအသောက်နဲ့ ပတ်သက်ပြီး သူတို့လေးတွေကို ဖိအားမပေးပါနဲ့။

သားသားမီးမီးလေးတွေက မုန့်ခဏခဏ စားမှာမို့ မေမေတို့အနေနဲ့ အစားအသောက်တွေ ကြိုဝယ်ထားရချိန်မှာ အာဟာရပြည့်ဝတဲ့ မုန့်တွေကိုသာ ရွေးချယ်ဖို့ အရေးကြီးပါတယ် (Photo by Sarah Remmer)

ကယ်လိုရီ

သားသားမီးမီးလေးတွေကို အဝလွန်လာစေမယ့် အစားအသောက်တွေ၊ သကြားတွေများတဲ့ ကြာရှည်ခံသရေစာမုန့်တွေ မကျွေးပါနဲ့။ သဘာဝအသီးအနှံတွေ၊ နို့နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေ၊ မေမေတို့ကိုယ်တိုင် လုပ်ပေးတဲ့ သရေစာတွေကိုသာ ကျွေးပါ။

အချို

သားသားမီးမီးလေးတွေရဲ့ သဘာဝ အချိုသိပ်ကြိုက်ပါတယ်။ မေမေတို့အနေနဲ့ အချိုပါတဲ့ မုန့်တွေကို အကန့်အသတ်လေးနဲ့ နည်းနည်းပဲကျွေးပါ။ အသီးအနှံတွေမှာ သဘာဝ အချိုဓါတ်ပါလို့ သားသားမီးမီးလေးတွေကို သရေစာအနေနဲ့ ကျွေးနိုင်ပါတယ်။

အတူပါဝင်ပါ

မေမေတို့ထမင်းချက်တဲ့အခါ သားသားမီးမီးလေးကို ဘေးမှာခေါ်ထားပါ။ ပန်းကန်သယ်ခိုင်းတာပဲဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက် ကူချိုးခိုင်းတာပဲ ဖြစ်ဖြစ် တစ်ခုခု အကူအညီတောင်းပါ။ ဒါဆို သားသားမီးမီးလေးတွေက အစားအသောက်သဘာဝကို နားလည်လာပြီး ဂျီးများတာ နည်းသွားပါမယ်။

နို့နဲ့ နို့ထွက်ပစ္စည်း

သားသားမီးမီးလေးတွေအတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေက မရှိမဖြစ်ပါ။ နေ့တိုင်းလိုအပ်တာကြောင့် ကြိုဝယ်ထားချိန်မှာလည်း မပါမဖြစ်ပါ။ မနက်စာမှာ နို့တစ်ခွက် မဖြစ်မနေ ထည့်ပေးပါ။ ညအိပ်ခါနီးမှာလည်း နို့တစ်ခွက် တိုက်ပေးပါ။ နေ့ခင်း နေ့လည်ဖက်မှာ ပူတင်း၊ ဒိန်ချဉ်၊ နို့နဲ့အသီးဖျော်ရည်၊ ပေါင်မုန့်နို့ဆမ်း စတဲ့ နို့အသုံးပြုတဲ့ သရေစာမုန့်တွေကို ကျွေးနိုင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles