ကလေးငယ်များအတွက် နာနတ်သီးဖြည့်စွက်စာနဲ့ သရေစာပြုလုပ်နည်း

by: Nang Htwe
 0 comments  1 love

နာနတ်သီးဟာဆိုရင် ကလေးငယ်တွေအတွက် အကောင်းဆုံး အသီးအနှံတွေထဲက တစ်ခုအပါအဝင်ပါ

နာနတ်သီးဟာဆိုရင် ကလေးငယ်တွေအတွက် အကောင်းဆုံး အသီးအနှံတွေထဲက တစ်ခုအပါအဝင်ပါ။ ကလေးငယ်ရဲ့ အသက်(၉)လနောက်ပိုင်းကစပြီး နာနတ်သီး စတင်ကျွေးလို့ရပါပြီ။ လတ်လတ်ဆက်ဆက်နာနတ်သီးကို ရွေးချယ်ကျွေးပါ။ နာနတ်သီးစတင်မိတ်ဆက်ပေးတဲ့အခါ ကလေးငယ်နဲ့ ဓါတ်တည့်မှု ရှိမရှိ သတိထားပါ။ နောက်ပြီး စစကျွေးတဲ့အခါမှာ ပမာဏ အများကြီးမကျွေးပါနဲ့ဦး။ နာနတ်သီးမှာ အချဉ်ဓါတ်ပါဝင်မှုများတာကြောင့် ပြန်အန်တာမျိုး ကြုံရနိုင်ပါတယ်။ အသက်(၉)လအောက် ကလေးငယ်တွေကိုတော့ နာနတ်သီးမကျွေးသင့်သေးပါဘူး။

နာနတ်သီးဟာဆိုရင် ကလေးငယ်တွေအတွက် အကောင်းဆုံး အသီးအနှံတွေထဲက တစ်ခုအပါအဝင်ပါ (Photo by parenting.firstcry)

နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်ဓါတ်များ

နာနတ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး ကော်လာဂျင်တွေကို ထုတ်လုပ်ပေးပါတယ်။ ဗီတာမင် B1 ပါဝင်တာကြောင့် အာရုံကြောစနစ်ကို အထောက်အကူပြုပါတယ်။ အမျှင်ဓါတ်၊ ဖောလစ်အက်ဆစ်နဲ့ မဂ္ဂနိစ့်တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့ ကျွေးသင့်လဲ

ကလေးငယ်ကို နာနတ်သီးကျွေးတဲ့အခါ အတုံးအကြီးကြီးတွေ မကျွေးသင့်ပါဘူး။ အတုံးငယ်လေးတွေ လှီးပြီးကျွေးပါ။ နောက်ပြီး နာနတ်သီးကို အကန့်အသတ်နဲ့ကျွေးတာ ပိုကောင်းပါတယ်။ မလတ်ဆက်တဲ့ နာနတ်သီးကို စားမိတယ်ဆိုရင်တော့ ကလေးငယ် ဝမ်းလျှောတာနဲ့ အန်တာကို ကြုံရနိုင်ပါတယ်။

နာနတ်သီး ဖြည့်စွက်စာနဲ့ သရေစာ

နာနတ်သီးကို ဒီအတိုင်းအတုံးလေးတွေ လှီးကျွေးနိုင်သလို တခြားအစားအစာတွေနဲ့ ရောပြီး ဖြည့်စွက်စာအဖြစ် ရောကျွေးနိုင်ပါတယ်။ သရေစာအနေနဲ့ရော ဖြည့်စွက်စာအနေနဲ့ပါ ကျွေးနိုင်ပါတယ်။

  •  နာနတ်သီးကို ငှက်ပျောသီး၊ သစ်တော်သီး၊ ကန်စွန်းဥပြုတ် စတဲ့ အသီးအနှံတစ်ခုခုနဲ့ ရောနှောပြီး blander နဲ့ ကြေအောင်ကြိတ်ပါ။ ကြေသွားပြီဆိုရင် ဖြည့်စွက်စာအနေနဲ့ ကျွေးနိုင်ပါတယ်။
  • နာနတ်သီးကို ရေနွေးငွေ့နဲ့ပေါင်းခံပြီး blander နဲ့ ကြိတ်ပါ။ နာနတ်သီးဖျော်ရည်အနေနဲ့ ကျွေးနိုင်ပါတယ်။
  • နာနတ်သီးဖျော်ရည်ကို ရေခဲသေတ္တာထဲမှာ ထည့်ပြီးသိမ်းနိုင်ပါတယ်။
  •  ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ နာနတ်သီးဖျော်ရည်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက် အထိသာ ထားပါ။

နာနတ်သီးနဲ့ ဖရဲသီးရေခဲချောင်း (Photo by parenting.firstcry)

နာနတ်သီးဒိန်ချဉ်

  1. နာနတ်သီး – (၁)ကွင်း (အကွင်းလိုက်လှီးထားပါ)
  2. ဒိန်ချဉ် – (၁)ခွက်
  • နာနတ်သီးကို blander ထဲ ထည့်ပြီး နူးညံ့သွားအောင် ကြိတ်ပါ။
  • နူးညံ့ကြေသွားတဲ့ နာနတ်သီးကို ဒိန်းချဉ်နဲ့ရောနှောလိုက်ပါ။

နာနတ်သီးနဲ့ ငှက်ပျောသီးဖြည့်စွက်စာ

ကလေးငယ်တွေအတွက် အကောင်းဆုံးဖြည့်စွက်စာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အစာကြေလွယ်ပါတယ်။

  1. နာနတ်သီး (၁)ခွက်
  2. ငှက်ပျောသီး (၁)ခွက်
  • နာနတ်သီးနဲ့ ငှက်ပျောသီးကို blander ထဲပြီး နူးညံ့သွားအောင် ကြိတ်လိုက်ပါ။ ဒါဆို နာနတ်ငှက်ပျော ဖြည့်စွက်စာ ရသွားပါပြီ။
  • မကုန်လို့ ပိုခဲ့တယ်ဆိုရင်လည်း ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး ထပ်မံကျွေးလို့ရပါတယ်။ တစ်ရက် ဒါမှမဟုတ် နှစ်ရက်ထက် ပိုမထားရ။

နာနတ်သီးနဲ့ ဖရဲသီးရေခဲချောင်း

  1. ဖရဲသီး(၃)ခွက်
  2. နာနတ်သီး ခွက်တစ်ဝက်
  3. အုန်းရည်
  • ပါဝင်တဲ့ ပစ္စည်းအားလုံးကို blander ထဲမှာ ထည့်သွင်းပြီး ကြိတ်လိုက်ပါ။ ရေခဲချောင်းခွက်ထဲမှာ ထည့်ပြီး အအေးခန်းထဲမှာ တစ်ညထည့်ထားပါ။ နေက်တစ်နေ့မှာတော့ ရေခဲချောင်းသရေစာအနေနဲ့ ကလေးငယ်ကို ကျွေးလို့ရပါပြီ။

နာနတ်သီးက သားသားမီးမီးလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုကို အထောက်အကူပြုသလို ကလေးငယ်တွေကလည်း ကြိုက်တဲ့ အသီးအနှံဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: babypineapple

Comments

0 comments
Latest video
Refer to more useful articles
x