ကလေးတွေ စိတ်ဝင်စားတဲ့ ကြော်ငြာတွေက မေမေတို့အတွက် ပြဿနာလား

by: Nang Htwe
 0 comments  0 love

ကြော်ငြာတွေကို ထိန်းချုပ်ဖို့တော့ မလွယ်ပါဘူး။ မေမေတို့လုပ်နိုင်တာတစ်ခုက ကလေးကို နားလည်အောင်ပြောပြဖို့ပါပဲ။

ကလေးတွေက သူတို့ရဲ့တစ်နေ့တာ အချိန်တော်တော်များများ ဖုန်းအသုံးပြုရင်း ကုန်ဆုံးကြတယ်။ အင်တာနက်ကနေ ဗီဒီယိုတွေ၊ ကာတွန်းတွေ အကြည့်များတယ်။ မေမေတို့ ကလေးကို အများဆုံးပြတဲ့ ဗီဒီယိုတွေက အခမဲ့တွေပါ။ ဗီဒီယိုမကြည့်ခင်နဲ့ တစ်ဝက်လောက်မှာ ကြော်ငြာတွေဝင်ပါတယ်။

ကလေးတွေက ကြော်ငြာတွေကိုပါ ကြည့်မိပြီးသားဖြစ်သွားတယ် (Photo by Freepik)

ကြော်ငြာ

ကလေးတွေက ကြော်ငြာတွေကိုပါ ကြည့်မိပြီးသားဖြစ်သွားတယ်။ ကြည့်ပါများလာတော့ ကလေးက ကြော်ငြာရဲ့အဓိပ္ပါယ်ကို နားလည်လာတယ်။ နားလည်လာတော့ ကြော်ငြာထဲပါတဲ့ ပစ္စည်းတွေ လိုချင်လာတယ်။ မေမေတို့ကို တောင်းလာတယ်။ ကလေးတွေကြည့်တဲ့ ဗီဒီယိုတွေထဲမှာ အများဆုံးပါတာက အစားအသောက်နဲ့ အရုပ်ကြော်ငြာတွေပါ။ အထူးသဖြင့် အစားအသောက်က ကလေးနဲ့ရော မေမေတို့ပါ လက်လှမ်းမီတဲ့ အရာပေါ့။

ကြော်ငြာရဲ့သက်ရောက်မှု

ကြော်ငြာတွေကတော့ သူတို့အစားအသောက် ကလေးတွေအတွက် အာဟာရတွေပြည့်တယ်လို့ပဲ ပြောကြပါတယ်။ ဒါပေမယ့် အများစုကတော့ သကြား၊ဆားနဲ့ ဆီပါဝင်နှုန်းတွေ အလွန်များပါတယ်။ သရေစာကြော်ငြာအများစုမို့လို့ ကလေးရဲ့ထမင်းဟင်း စားချင်စိတ်ကို လျှော့နည်းစေတယ်။ ကလေးက သရေစာကိုပဲ အချိန်တိုင်းစားချင်နေတာမျိုးပေါ။ ဒါက အခုခေတ်မှာ ကြော်ငြာတွေရဲ့အားက လူကြီးတင်မက ကလေးတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာတာကို ပြတာပါ။

ကလေးကို အများဆုံးပြတဲ့ ဗီဒီယိုတွေက အခမဲ့တွေပါ (Photo by Freepik)

ကာတွန်းထဲမှာပါတဲ့ ကြော်ငြာများ

နောက်ပြီး ကလေးတွေကြည့်တဲ့ ကာတွန်းတွေထဲမှာလည်း အစားအသောက်ကြော်ငြာကို မသိမသာထည့်သွင်းထားကြတယ်။ ကလေးတွေက ကာတွန်းတစ်ကားကို ထပ်ခါထပ်ခါကြည့်တော့ ကြော်ငြာကို မှတ်မိနေတယ်။ မေမေတို့ကို ဝယ်ခိုင်းလာတယ်။

မေမေတို့အတွက် အတားအဆီး

ကလေးတွေကို အစားအသောက်စနစ်တကျကျွေးခြင်တဲ့ မေမေတို့အတွက်တော့ ဒီကြော်ငြာတွေက အတားအဆီးတစ်ခုပါ။ ကြော်ငြာတွေကို ထိန်းချုပ်ဖို့တော့ မလွယ်ပါဘူး။ မေမေတို့လုပ်နိုင်တာတစ်ခုက ကလေးကို နားလည်အောင်ပြောပြဖို့ပါပဲ။ နောက်တစ်နည်းကတော့ ကျန်းမာရေးနဲ့ညီတဲ့ သရေစာတွေကို အစားထိုးကျွေးဖို့ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles