ကလေးငယ်ကို ကော်ဖီ၊ လက်ဖက်ရည် မကြာခဏတိုက်ခြင်းရဲ့ နောက်ဆက်တွဲ

by: Nang Htwe
 0 comments  0 love

ကော်ဖီ၊ လက်ဖက်ရည်တွေက သားသားမီးမီးလေးတွေရဲ့ အစားစားချင်စိတ်ကိုနည်းသွားစေပြီး အာဟာရလိုအပ်မှုကို ဖြစ်ပေါ်စေပါတယ်

မေမေဖေဖေတို့ လက်ဖက်ရည်သောက်တဲ့အခါ သားသားမီးမီးလေးတွေကို တိုက်ဖြစ်လား။ မေမေဖေဖေတို့ ဒီလိုမျိုးတွေ အကျင့်လုပ်ခဲ့တာကြောင့် သားသားမီးမီးလေးတွေ အသက်(၃) နှစ် (၄) နှစ်ကတည်းက ကော်ဖီ၊ လက်ဖက်ရည် ကြိုက်တတ်နေပါတယ်။ နောက်ပြီး မိသားစုရဲ့ မနက်ခင်းက ကော်ဖီနဲ့ လက်ဖက်ရည် သောက်လေ့ရှိတယ်ဆိုရင် သားသားမီးမီးလေးတွေဆီမှာ ဒီအကျင့်တွေ ပါနေမှာ အသေအချာပါပဲ။

အသက် (၅) နှစ်အောက် သားသားမီးမီးလေးတွေကို ကော်ဖီ၊ လက်ဖက်ရည် လုံးဝမတိုက်သင့်ပါဘူး (Photo by gooddo(グッドゥ))

သကြားပမာဏ

အသက် (၅) နှစ်အောက် သားသားမီးမီးလေးတွေကို ကော်ဖီ၊ လက်ဖက်ရည် လုံးဝမတိုက်သင့်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှု မြင့်တက်နေတဲ့အချိန်မှာ ကဖင်းဓါတ်က အနှောက်အယှက်ဖြစ်စေပါတယ်။ နောက်ပြီး ကလေးငယ်ကို တိုက်တဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေမှာဆိုရင် သကြားနဲ့ နို့ဆီတွေ ထည့်ပေးရတာကြောင့် သကြားအလွန်အမင်းစားသုံးမှုကို ဖြစ်သွားစေပါတယ်။

ကလေးငယ်တွေ ကော်ဖီ၊ လက်ဖက်ရည်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေမယ်ဆိုရင်

အိပ်မပျော်ခြင်း

အိပ်စက်ခြင်းက ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဆက်နွယ်နေတာကြောင့် အလွန်အရေးကြီးပါတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီတွေမှာပါတဲ့ ကဖင်းဓါတ်ဟာဆိုရင် ကလေးငယ်ရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ် အိပ်မပျော်တာကို ကြုံရပါတယ်။

သွားအခေါင်းပေါက်ဖြစ်ခြင်း

ကလေးငယ်တွေ သောက်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်မှာ သကြားနဲ့ နို့ဆီ အလွန်အမင်းထည့်ထားပါတယ်။ နောက်ပြီး သကြားနဲ့ပတ်သက်လာရင် ကလေးငယ်က လက်ဖက်ရည်ကော်ဖီတွေအပြင် အချိုရည်ဗူးတွေနဲ့ သရေစာမုန့်တွေပါ နေ့တိုင်းစားတာကြောင့် နောက်ဆက်တွဲအနေနဲ့ သွားပိုးစားတာနဲ့ သွားအခေါင်းပေါက်ဖြစ်တာ ကြုံရလာပါတယ်။

အစားစားချင်းစိတ်နည်းသွားခြင်း

ကော်ဖီ၊ လက်ဖက်ရည်အလွန်ကြိုက်တဲ့ သားသားမီးမီးလေးတွေက အစားစားချင်စိတ် နည်းသွားတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးနေဆဲအရွယ်မှာ အစားအသောက်က အလွန်အရေးကြီးပါတယ်။ အစားအသောက်နည်းလာတဲ့အခါ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာပါတော့တယ်။

ကော်ဖီ၊ လက်ဖက်ရည်တွေက သားသားမီးမီးလေးတွေရဲ့ အစားစားချင်စိတ်ကိုနည်းသွားစေပြီး အာဟာရလိုအပ်မှုကို ဖြစ်ပေါ်စေပါတယ် (Photo by YouTube)

အရိုးကြီးထွားမှုကို ထိခိုက်ခြင်း

ကော်ဖီ၊ လက်ဖက်ရည်တွေက သားသားမီးမီးလေးတွေရဲ့ အစားစားချင်စိတ်ကိုနည်းသွားစေပြီး အာဟာရလိုအပ်မှုကို ဖြစ်ပေါ်စေပါတယ်။ ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ အဓိကလိုအပ်တဲ့ ကယ်ဆီယမ်တွေ နည်းလာတဲ့အခါ အရိုးကြီးထွားမှုကို ထိခိုက်လာပြီး အရပ်ပုလာပါတယ်။

အာရုံစူးစိုက်မှုနည်းခြင်း

ကော်ဖီနဲ့ လက်ဖက်ရည်မှာပါတဲ့ ကဖင်းဓါတ်ဟာဆိုရင် ကလေးငယ်တွေရဲ့ စိတ်ကို ဂနာမငြိမ်ဖြစ်စေပြီး အာရုံစူးစိုက်မှုကို အနှောက်အယှက်ပေးပါတယ်။ သင်ကြားမှုကို နှောင့်နှေးစေပါတယ်။ စိတ်တိုလွယ်တာနဲ့ ဒေါသထွက်လွယ်တဲ့ ကလေးငယ်တွေ ဖြစ်လာစေနိုင်ပါတယ်။

အသက် (၅) နှစ်အထက် သားသားမီးမီးလေးတွေဆိုရင်လည်း တစ်ရက်ကို ကဖင်းဓါတ် (၃) မီလီဂရမ်ထက် မပိုသင့်ကြောင်း ကျွမ်းကျင်သူတွေက ပြောပြထားပါတယ်။ မေမေတို့အနေနဲ့ လက်ဖက်ရည်၊ ကော်ဖီသောက်တဲ့အခါ ကလေးငယ်ကို လုံးဝမတိုက်မိဖို့ သတိပြုသင့်ကြောင်း Kalay ကနေ ပြောပြလိုက်ပါတယ်နော်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x