ကလေးကိုယ်တိုင် အစားအစာ စားတတ်အောင် ဒီလိုသင်ကြားပေးတယ်

by: Nang Htwe
 0 comments  1 love

သမီးငယ်ငယ်တုန်းက ထမင်းကျွေးရင် သပ်သပ်ခွဲကျွေးတယ်။ အခုတော့ မိသားစုထမင်းဝိုင်းထဲ သမီးအတူတူစားတယ်။ မေမေဖေဖေတို့နဲ့ တဝိုင်းထဲ ထမင်းအတူတူစားရင် ပိုစားဖြစ်တယ်

Kalay က မေမေတို့အားလုံးမင်္ဂလာပါ

ကျွန်မကတော့ Kalay က သမီးလေးသွန်းရတီလင်းရဲ့မေမေပါ။ အခု သမီးကို လေ့ကျင့်ပေးနေတာလေးရှိပါတယ်။ အဲဒါက အစားစားတတ်အောင် သင်ပေးတာပါ။ ကလေးက ဒီအတိုင်းလည်းစားတတ်နေတာပဲ သင်ပေးစရာလိုလားလို့ မေမေတို့ တွေးပါလိမ့်မယ်။ မှန်ပါတယ်။ ကလေးတွေက ထမင်းဟင်းရော မုန့်ကော စားတတ်တယ်။ ဒါပေမယ့် မေမေတို့ မသင်ပေးဘူးဆိုရင် စနစ်တကျ မစားတတ်ပါဘူး။ သမီး အရွယ်ရောက်သွားတဲ့ထိ အစားအစာနဲ့ပတ်သက်ပြီး စနစ်တကျ စားတတ်သွားဖို့ ရည်ရွယ်ပြီးသင်ပေးတယ်။ စနစ်တကျစားတတ်သွားရင် သမီးပိုပြီးကျန်းမာလာတယ်။ အဝလွန်တာ ပိန်လွန်းတာတွေ မဖြစ်တော့ဘူး။  ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိတာပေါ့။ သမီးတို့လို ကလေးတွေ ကျန်းမာတာ၊ ဝတာ၊ ပိန်တာ၊ အရပ်ရှည်တာ၊ ပုတာ တွေက အစားစားတာနဲ့ ဆက်နေတယ်လေ။

သမီးငယ်ငယ်တုန်းက ထမင်းကျွေးရင် သပ်သပ်ခွဲကျွေးတယ်။ အခုတော့ မိသားစုထမင်းဝိုင်းထဲ သမီးအတူတူစားတယ်။ မေမေဖေဖေတို့နဲ့ တဝိုင်းထဲ ထမင်းအတူတူစားရင် ပိုစားဖြစ်တယ်။ သူလည်း ပိုပျော်တယ်။ သမီးအတွက် ထမင်းဟင်းမုန့်တွေ ပြင်ပေးတဲ့အခါ အဆီ၊ သကြား၊ ဆား သုံးတာ လျော့တယ်။ ကလေးသဘာဝအတိုင်း သမီးက အချိုရည် အရမ်းကြိုက်တယ်။ နေ့တိုင်းမတိုက်ဘူး။ ထမင်းစားချိန်၊ မုန့်စားချိန် သူ့အချိန်နဲ့သူထားတယ်။ ထမင်းစားခါနီးဆိုရင် သရေစာမုန့်တွေ မကျွေးဘူး။ မနက်စာ အမြဲစားခိုင်းတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ နေ့တိုင်းမျှမျှတတကျွေးတယ်။ ကလေးတော်တော်များများ ဟင်းသီးဟင်းရွက်သိပ်မကြိုက်ကြဘူး။ သမီး အဲဒီလိုမဖြစ်အောင် ငယ်ငယ်လေးတည်းက ဟင်းသီးဟင်းရွက် အမျိုးမျိုးလုပ်ကျွေးတယ်။ သရေစာဆိုလည်း အပြင်က သရေစာမုန့်တွေအစား အသီးအနှံတွေကျွေးတာ၊ ဟင်းသီးဟင်းရွက်ကို သရေစာအနေနဲ့ ကျွေးတာမျိုးလည်း ပြုလုပ်ပေးတယ်။ ကန်စွန်းဥပြုတ်၊ ပြောင်းဖူး၊ မြေပဲပြုတ် တို့ကို သရေစာအနေနဲ့ကျွေးတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားတတ်အောင် အကျင့်လုပ်ပေးတယ်။

နို့တစ်ခွက်တော့ နေ့တိုင်းပုံမှန်တိုက်တယ်။ အခုနောက်ပိုင်းတော့ သမီး ညပိုင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်အောင်  နို့ပူပူလေးတစ်ခွက် တိုက်ဖြစ်နေတယ်။ နေ့ခင်းနေ့လည် သရေစာစားချိန်မှာ နို့အေးလုပ်ပေးဖြစ်တယ်။ သမီးက ရေခဲမုန့်အရမ်းကြိုက်တယ်။ အပြင်ကရေခဲမုန့်က သကြားအများကြီးပါလို့ အိမ်မှာပဲ ကျွန်မကိုယ်တိုင်လုပ်ပေးတယ်။ နို့နဲ့ အသီးအနှံအစစ်တွေရောပြီး ရေခဲမုန့်လုပ်ပေးတယ်။ သမီး မကြာခဏ တောင်းတဲ့ ပူတင်းကိုလည်း အိမ်မှာပဲ ပြုလုပ်ပေးဖြစ်တယ်။ အပြင်စာကို စိတ်မချတဲ့ ကျွန်မအတွက်တော့ သရေစာကစ အိမ်မှာပဲပြုလုပ်ပေးတယ်။ နို့ပါတဲ့ သရေစာတွေကို အဓိကထား လုပ်ကျွေးဖြစ်တယ်။ တခြားသရေစာထက်စာရင် နို့ပါတဲ့ သရေစာက အရသာလည်းရှိ ကလေးကြီးထွားတာအတွက်လည်း အထောက်အကူပြုတယ်။

သမီးကို နေ့တိုင်းတိုက်ဖြစ်နေတဲ့ နို့ကတော့ Lactogrow 3 ပါ။ Lactogrow 3 မှာ သမီးတို့ကလေးတွေ စာသင်တဲ့အခါ အထောက်အကူပြုတဲ့ DHA ပါဝင်နေတယ်။ DHA က ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတယ်။ အာရုံစူးစိုက်မှု ကောင်းစေတယ်။ ဝမ်းဗိုက်ကောင်းစေတဲ့ Probiotics လည်းပါတယ်လို့ သိရပါတယ်။  ကလေးတွေအများဆုံး ကြုံရတဲ့ ဝမ်းချုပ်တာ၊ မေမေတို့စိုးရိမ်တဲ့ ကလေးဝမ်းလျှောတာ၊ ဗိုက်နာတာ၊ လေအောင့်တာတွေ နည်းသွားစေတယ်။ ဝမ်းဗိုက်ပြဿနာတွေနည်းတော့ သမီး နေ့တိုင်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်တာပေါ့။ နောက်ပြီး ကလေးကြီးထွားဖွံ့ဖြိုးတာကို အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေလည်း ပါတယ်ဆိုတော့ သမီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ Lactogrow 3 က တစ်ဖက်တစ်လမ်းကနေ အထောက်အကူတွေပြုသလို ကျန်းမာရေးအတွက်လည်း အကူအညီတွေပေးပါတယ်။

ကလေးတွေကို ငယ်ငယ်လေးကတည်းက စနစ်တကျစားတတ်အောင် မေမေတို့သင်ပေးဖို့ တိုက်တွန်းပါတယ်နော်။

မေမေတို့ကို မျှဝေပေးချင်တဲ့

သမီးလေးသွန်းရတီလင်းရဲ့မေမေ

#Lactogrow3 #KalayMommyBloggers
ယခုဆောင်းပါးကို Lactogrow 3 မှ ပံ့ပိုးကူညီထားပါတယ်

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles