ကလေးတွေမှာ အာဟာရချို့ တဲ့မှု မဖြစ်ပေါ်အောင် ဘယ်လိုကာကွယ်မလဲ

by: Nang Htwe
 0 comments  0 love

ဗီတာမင်ဓါတ်၊ သတ္ထုဓါတ်၊ သံဓါတ်၊ စွမ်းအင်၊ အဆီ စတာတွေ လုံလုံလောက်လောက်မရတာ၊ တစ်ခုခုလိုအပ်နေတာနဲ့ နည်းလွန်းတာတွေက အာဟာရမပြည့်ခြင်းကို ဦးတည်နေပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဖွံ့ဖြိုဆဲ နိုင်ငံတွေမှာ ကလေးငယ်နဲ့ပတ်သက်ပြီး ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံက ကလေးငယ်တွေ အဓိကရင်ဆိုင်ရတာကတော့ အာဟာရချို့တဲ့ခြင်းပြဿနာပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WHO ရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ ကမ္ဘာ့လူသားအမျိုးအနွယ်အဖွဲ့အစည်းရဲ့ တစ်ဝက်နီးပါးလောက် အာဟာရချို့တဲ့တာကို ခံစားနေရပါတယ်။ အဲဒီထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံက ကလေးငယ်တွေ အများဆုံးပါဝင်နေပါတယ်။

အာဟာရချို့တဲ့ခြင်းဆိုတာ ဘာလဲ

ကလေးငယ်တစ်ယောက်မှာ အသက်အရွယ်အလိုက် ရရှိသင့်တဲ့ အာဟာရဓါတ်တွေ အပြည့်အဝမရခြင်းဖြစ်ပါတယ်။ ဗီတာမင်ဓါတ်၊ သတ္ထုဓါတ်၊ သံဓါတ်၊ စွမ်းအင်၊ အဆီ စတာတွေ လုံလုံလောက်လောက်မရတာ၊ တစ်ခုခုလိုအပ်နေတာနဲ့ နည်းလွန်းတာတွေက အာဟာရမပြည့်ခြင်းကို ဦးတည်နေပါတယ်။ မေမေတို့က ကလေးငယ်ကို အစားအသောက်တစ်မျိုးတည်း အမြဲတမ်းနီးပါး ကျွေးနေတယ်ဆိုရင်လည်း ကလေးငယ်မှာ အာဟာရချို့တဲ့တာ ကြုံရနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ စုံစုံလင်လင်ကျွေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ ပိုလျှံနေတာကိုလည်း အာဟာရချို့တဲ့တယ်လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။

အာဟာရချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ကလေးငယ်တွေ အာဟာရချို့တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ရောဂါကူးစက်လွယ်ခြင်း၊ အားနည်းခြင်း၊ အားအင်ကုန်ခမ်းလွယ်ခြင်း၊ ဦးနှောက်ကောင်းစွာ အလုပ်မလုပ်ခြင်း၊ သင်ယူနိုင်စွမ်းနိမ့်ခြင်း၊ ကြီးထွားနှုန်းနှေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေခြင်း၊ အမြဲတမ်းဆာလောင်ခြင်း၊ သွေးအားနည်းခြင်း၊ မျက်စိဝေဝါးခြင်း၊ သွားမကောင်းခြင်း၊ အရိုးနဲ့ပြဿနာများဖြစ်ပွားခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကြွက်သားနာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း စတဲ့ ရောဂါများဖြစ်ပွားလာပါတယ်။

သားသားမီးမီးလေးတွေ အာဟာရချို့တဲ့တာမျိုး မဖြစ်စေဖို့

အစားအစာအုပ်စုတွေကို နေ့တိုင်း စုံစုံလင်လင်မျှမျှတတ ဖြစ်အောင် စီမံပေးပါမယ်။ သားသားမီးမီးလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ အခြေခံအုပ်စု (၅)ခုကတော့

  • အသား၊ ငါး၊ ကြက်၊ ဥအမျိုးမျိုး
  • နွားနို့၊ ချိစ့်နဲ့ နို့ထွက်ပစ္စည်းများ
  • ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုး
  • အသီးအနှံများ
  • ဆန်၊ ခေါက်ဆွဲ၊ ပါစတာ၊ အာလူး၊ ဂျုံနဲ့ Cereals စတာတွေကို သားသားမီးမီးတို့ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ပါဝင်အောင် ထည့်သွင်း ကျွေးပေးဖို့ အရေးကြီးပါတယ်နော်။

သားသားမီးမီးလေးတွေ အာဟာပြည့်ဝစေဖို့အတွက်

သားသားမီးမီးလေးတွေ အာဟာရပြည့်ဝဖို့ မေမေ၊ဖေဖေ တို့မှာ တာဝန်ရှိပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်း၊ အသားငါး၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတို့ကို နေ့တိုင်းစုံစုံလင်လင်စီစဉ်ပေးရပါမယ်။ ဗီတာမင်နဲ့ သတ္ထုဓါတ် လစ်ဟင်းတာတွေ မဖြစ်အောင်  Cereal ကိုလည်း သားသားမီးမီးလေးတွေအတွက် ရွေးချယ်ပေးနိုင်ပါတယ်။ Cereal မှာ ကလေးငယ်တွေအတွက် လိုအပ်တဲ့ သံဓါတ်၊ ဇင့်၊ ဖောလိတ်နဲ့ ဗီတာမင် B တို့ပါဝင်ပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ စုံစုံလင်လင်ပါဝင်တဲ့ Cereal ကို သားသားမီးမီးလေးတွေရဲ့ မနက်စာ အနေနဲ့ ရွေးချယ်ပေးကြပါတယ်။ အာဟာရပြည့်ဝတဲ့ မနက်ခင်းကို ပိုင်ဆိုင်စေပါတယ်။

CERELAC Multigrain & Garden Vegetables က

နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၅၀% ကျော်ပါဝင်တဲ့ IRON+, Probiotics တွေနဲ့ DHA အပြင် ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဇင့်ဓာတ်စတဲ့ Immuno-nutrients တွေလည်း ပြည့်ဝစွာ ပါဝင်ပါတယ်။

ဒီလိုအာဟာရဓာတ်တွေ ပါဝင်တဲ့ ကောက်နှံမျိုးနံနက်စာကို ပုံမှန်ကျွေးပေးရင် ကလေးတွေကို ထမင်းနဲ့ ဆန်ကို စောစောကျွေးနိုင်ဖို့ အလေ့အကျင့် ဖြစ်စေပါတယ်။ ဒါကြောင့် Nestle ရဲ့ CEREALAC Multigrain & Garden Vegetables က ကလေးငယ်တွေအတွက်သာ သင့်လျော်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ပဲ သေချာထုတ်လုပ်ထားတဲ့ အာဟာရပြည့် ကောက်နှံမျိုးနံနက်စာ တစ်ခွက်ပါပဲနော်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles