ကလေးစားတဲ့ နေ့စဉ်အစားအစာတွေထဲ ဘာတွေပါဝင်နေမလဲ

by: Nang Htwe
 0 comments  2 love

သားသားမီးမီးတွေဟာ မနက်စာ၊ နေ့လည်စာနဲ့ ညနေစာအပြင် သရေစာကိုလည်း မက်မက်မောမော နေ့တိုင်းစားပါတယ်။ ဒါကြောင့် သရေစာကလည်း ကျန်းမာရေးနဲ့ ညီဖို့လိုအပ်ပါတယ်

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေဆီမှာ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံ ရှိနေဖို့ လေ့ကျင့်ပေးရပါမယ်။ သားသားမီးမီးတွေကို နေ့စဉ်ကျွေးတဲ့ အစားအသောက် အုပ်စု (၃)မျိုးရှိပါတယ်။

  •  အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်
  • အစေ့အဆန်အုပ်စု (ဆန်၊ဂျုံ၊ အုတ်၊ စီရီရယ်)နဲ့
  •  ပရိုတိန်းအုပ်စု တို့ဖြစ်ပါတယ်။

 

သားသားမီးမီးတွေဟာ မနက်စာ၊ နေ့လည်စာနဲ့ ညနေစာအပြင် သရေစာကိုလည်း မက်မက်မောမော နေ့တိုင်းစားပါတယ်။ ဒါကြောင့် သရေစာကလည်း ကျန်းမာရေးနဲ့ ညီဖို့လိုအပ်ပါတယ်။

ထုတ်ပိုးထားတဲ့ အစားအသောက်တွေထက် လတ်ဆတ်တဲ့ အစားအသောက်တွေကို ရွေးချယ်ပေးပါ (Photo by Lifestyle Myanmar)

ထုတ်ပိုးထားတဲ့ အစားအသောက်တွေထက် လတ်ဆတ်တဲ့ အစားအသောက်တွေကို ရွေးချယ်ပေးပါ။ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ အိမ်မှာ ချက်ပြုတ်တဲ့ ထမင်းဟင်းတွေ ကိုသာ ကျွေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်

သားသားမီးမီးတွေနေ့စဉ်စားသောက်တဲ့ အစားအသောက်တွေထဲမှာ ဟင်းသီးဟင်းရွက်တွေ ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်က အဆီနဲ့ ကယ်လိုရီ နည်းနည်းပဲပါပါတယ်။ ကိုလက်စထရော လုံးဝမပါရှိပါဘူး။ ဗီတာမင် A, C, အမျှင်ဓါတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သားသားမီးမီးတွေ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ရောဂါကင်းဝေးဖို့အတွက် အထောက်အကူတွေ အများကြီးရပါတယ်။

အသီးအနှံ

သားသားမီးမီးတွေက အသီးအနှံတွေကို ဒီအတိုင်းလည်းစားကြသလို သရေစာအနေနဲ့လည်း ကြိုက်နှစ်သက်ပါတယ်။ အသီးအနှံအများစုမှာ ဗီတာမင် A, E, B1, B2, B6, C, ဖောလိတ်၊ အမျှင်ဓါတ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီ စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်၊ ဖော့စဖောရပ်၊ ဗီတာမင် D, A၊ ပိုတက်ဆီယမ်၊ riboflavin နဲ့ niacin တို့ ပါဝင်ပါတယ် (Photo by 123RF)

အသားငါး

သားသားမီးမီးတွေရဲ့ မနက်စာ၊ နေ့လည်စာနဲ့ ညနေစာတွေမှာ အသားငါး တစ်မျိုးမျိုးကို မဖြစ်မနေ ထည့်သွင်းကျွေးပါတယ်။ အသားငါးတွေမှာ ပရိုတိန်း၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင် E၊ သံဓါတ်၊ ဇင့်၊ မဂ္ဂနီဆီယမ် စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။

အစေ့အဆန်

အစေ့အဆန်အုပ်စုဝင်ဖြစ်တဲ့ ဆန်၊ ဂျုံ၊ စီရီရယ်တို့မှာ ကာဗိုဟိုက်ဒရိုက်၊ အမျှင်ဓါတ်၊ ဗီတာမင် B နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။


နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်၊ ဖော့စဖောရပ်၊ ဗီတာမင် D, A၊ ပိုတက်ဆီယမ်၊ riboflavin နဲ့ niacin တို့ ပါဝင်လို့နေ့တိုင်း‌ကျွေးဖို့ မမေ့နဲ့နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles