မေမေ့ကလေးလေး အာဟာရ အပြည့်အဝ ရရဲ့လား

by: Phyo Pyae Thu
 0 comments  0 love

ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစာအာဟာရ ပြည့်နေသလားဆိုတာ အရပ်အမောင်း၊ ခန္ဓာကိုယ်ကြီးထွားမှုနဲ့ ဦးနှောက်ဥာဏ်ရည်ပြည့်မီခြင်းတွေကို ကြည့်ပြီး သိနိုင်ပါတယ်။

မေမေတိုင်း ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို အာဟာရပြည့်ဝတဲ့ ကလေးအဖြစ်ပဲ တွေ့မြင်ချင်ကြမှာပါ။ မေမေတို့ သားသားမီးမီးလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေ ကျွေးရမယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ မေမေတို့လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပဲ ကျွေးမှာပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတခြင်းဆိုတာကိုတော့ တိတိကျကျ သိတဲ့သူ နည်းပါတယ်။

မေမေတို့အနေနဲ့ အစားအစာတွေကို ရွေးပြီး ကျွေးတာမျိုး မလုပ်သင့်ပါဘူး (Photo: Diyadinnet)

အာဟာရဆိုတာဟာ  ဦးနှောက်နဲ့ ခန္ဓာကိုယ် စနစ်တကျ ဖွံ့ဖြိုးလာခြင်းပါ

ဒီလို စနစ်တကျ ဖွံ့ဖြိုးလာဖို့အတွက် အစားအစာတွေကနေ မှန်ကန်တဲ့ အာဟာရဓါတ်တွေ ရရှိအောင် ကြိုးစားရပါမယ်။ အစားအစာတွေမှာ လုံလောက်တဲ့ စွမ်းအင်တွေ ပါဝင်မှသာ လုံလောက်တဲ့ အာဟာရဓါတ်တွေကို လိုသလောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။

မျှတညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်ဆိုရင် အစားအစာမှာ ပရိုတင်း၊ အဆီနဲ့၊ ကာဗိုလ်ဟိုက်ဒြိုက်တွေ ပါရှိပါမယ်။ မပြည့်ဝဆီ၊ လစ်ပစ်အဆီ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ မျှမျှ တတ ပါဝင်ခြင်းကလည်း အာဟာရမျှတခြင်းပါပဲ။ သားသားမီးမီးလေးတွေအတွက် အစားအစာ ပြင်ဆင်တဲ့အခါမှာ အမျိုးအစား စုံရမှာဖြစ်ပြီး အာဟာရလည်း ညီညွတ်တာတွေ ပါဝင်ရပါမယ်။

အာဟာရဆိုတာဟာ သားသားမီးမီးလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် စနစ်တကျ ဖွံ့ဖြိုးလာခြင်းပါ (Photo: Diyadinnet)

 အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစာအာဟာရ ပြည့်နေသလားဆိုတာ

 အရပ်အမောင်း၊ ခန္ဓာကိုယ်ကြီးထွားမှုနဲ့ ဦးနှောက်ဥာဏ်ရည်ပြည့်မီခြင်းတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ မေမေတို့အနေနဲ့ အစားအစာတွေကို ရွေးပြီး ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလို ရွေးကျွေးတဲ့အခါ သားသားမီးမီးလေးတွေမှာ ချေးများတာ၊ မစားချင်တာမျိုးတွေ ရှိလာပြီး စိတ်ရောကိုယ်ပါ ပင်ပန်းထိခိုက်ရပါတယ်။ မမျှတတဲ့ အစာအာဟာရကို ကျွေးမယ်ဆိုရင် ကလေးမှာ အဝလွန်ခြင်း၊ အာဟာရမမျှတခြင်း၊ ဗီတာမင်ချို့တဲ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာအာဟာရကို မျိုးစုံအောင် ကျွေးရပါမယ်နော်။

မျှတတဲ့ အစားအစာတွေ ဆိုတာဟာ

ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပြည့်ဝနေစေဖို့ အထောက်အကူပြုတဲ့ အရာပါ။ ဒါကြောင့် မျှတတဲ့ အစားအစာ မစားရဘူးဆိုရင် သားသားမီးမီးလေးမှာ မောပန်းလွယ်ခြင်း၊ ဥာဏ်ရည်နိမ့်ကျခြင်း၊ ဖွံ့ဖြိုးမှု နှေးခြင်း၊ နာတာရှည်ရောဂါ ခံစားရခြင်း၊ အာဟာရချို့တဲ့ခြင်းတွေ ဖြစ်နိုင်ပါတယ်နော်။ မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို အသက်အရွယ်အလိုက် ကျွေးရမယ့် အစားအစာတွေကိုလည်း သိထားဖို့ လိုပါတယ်။ ဒါမှအသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု ဖြစ်မှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles