သားသားမီးမီးလေးတွေကို အရပ်မြန်မြန်ရှည်စေတဲ့ အစားအစာများ

by: Nang Htwe
 1 comments  0 love

ကြက်ဥမှာ ပရိုတန်း၊ ဗီတာမင်ဒီ၊ ကယ်ဆီယမ်နဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးအဆစ်တွေ ဖွံ့ဖြိုးစေပြီး အရပ်ရှည်လာစေပါတယ်။

မေမေဖေဖေတိုင်းကတော့ သားသားမီးမီးလေးတွေကို အရပ်ရှည်စေချင်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေက သားသားမီးမီးလေးတွေကို အရပ်ရှည်စေပြီး ဥာဏ်ရည်ထက်မြက်စေပါတယ်။ ကျန်းမာသန်စွမ်းဖို့အတွက် သားသားမီးမီးလေးတွေကို အာဟာရမျှမျှတတကျွေးဖို့လိုပါတယ်။ သားသားမီးမီးလေးတွေ အရပ်ရှည်စေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေရှိပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေက သားသားမီးမီးလေးတွေကို အရပ်ရှည်စေပြီး ဥာဏ်ရည်ထက်မြက်စေပါတယ် (Photo by the asianparent)

သားသားမီးမီးလေးတွေ အရပ်မြန်မြန်ရှည်စေတဲ့ အစားအစာများ

၁။ ကြက်ဥ

ကြက်ဥက သားသားမီးမီးလေးတွေကို အရပ်အမြန်ရှည်ဖို့ အထောက်အကူပြုပါတယ်။ ကြက်ဥမှာ ပရိုတန်း၊ ဗီတာမင်ဒီ၊ ကယ်ဆီယမ်နဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးအဆစ်တွေ ဖွံ့ဖြိုးစေပြီး အရပ်ရှည်လာစေပါတယ်။

၂။ နွားနို့

နွားနို့မှာ ကယ်ဆီယမ်၊ ဗီတာမင် အေ၊ဘီ၊ဒီနဲ့အီးတို့ပါဝင်တာကြောင့် သားသားမီးမီးလေးတွေကို အရပ်ရှည်စေပါတယ်။ နွားနို့အပြင် နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်နဲ့ ချိစ့်တို့လည်း သားသားမီးမီးလေးတွေကို ကျွေးသင့်ပါတယ်။

နွားနို့မှာ ကယ်ဆီယမ်၊ ဗီတာမင် အေ၊ဘီ၊ဒီနဲ့အီးတို့ပါဝင်တာကြောင့် သားသားမီးမီးလေးတွေကို အရပ်ရှည်စေပါတယ် (Photo by MomJunction)

၃။ ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်မှာ သားသားမီးမီးလေးတွေ အရပ်ရှည်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

၎။ ပဲပိစပ်

ပဲပိစပ်ထဲမှာပါတဲ့ ပရိုတိန်းဓာတ်က သားသားမီးမီးလေးတွေ အရပ်မြန်မြန်ရှည်စေဖို့ အထောက်အကူပြုပါတယ်။ ဖောလစ်၊ ပရိုတိန်း၊ အမျှင်ဓာတ်၊ ဗီတာမင်တွေနဲ့ ကာဗိုဟိုက်ဒရိုက်တွေပါဝင်ပါတယ်။

၅။ ကြက်သား

ကြက်သားမှာ သဘာဝပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သားသားမီးမီးလေးတွေကို အရပ်ရှည်စေပါတယ်။

၆။ ငါး

ပင်လယ်ငါးတွေဖြစ်တဲ့ တူနာငါး၊ ဆယ်လမွန်ငါးနဲ့ ဆာဒင်းငါးတို့မှာ ဗီတာမင်ဒီ ကြွယ်ဝစွာပါဝင်တာကြောင့် သားသားမီးမီးလေးတွေကို အရပ်ရှည်စေပါတယ်။

၇။ ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် သားသားမီးမီးလေးတွေကို အရပ်ရှည်ဖို့ အထောက်အကူပြုပါတယ်။

သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးဖွားဖွံ့ဖြိုးမှုတွေက မေမေဖေဖေတို့ရဲ့ စောင့်ရှောက်မှုတွေအပေါ်မှာ အများကြီးမူတည်နေတာကြောင့် အာဟာရဓာတ် စုံလင်အောင် ကျွေးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video