မိုးတွင်းမှာ သားသားမီးမီးလေးတွေ ခွန်အားပြည့်နေစေမယ့် အစားအစာများ

by: Nang Htwe
 0 comments  1 love

မိုးရာသီမှာ သားသားမီးမီးလေးတွေ ကိုယ်ခံစွမ်းအားကောင်းစေမယ့် အစားအစာကို Kalay ကနေ မိတ်ဆက်ပေးလိုက်ပါတယ်။

သားသားမီးမီးလေးတွေရဲ့ အပျော်ဆုံးလကတော့ မိုးရာသီပဲဖြစ်ပါတယ်။ မိုးတွေရွာလာတဲ့အခါ မိုးရေချိုးတာနဲ့ အပြင်ထွက်ကစားတာမျိုး ပြုလုပ်ကြပါတယ်။ မိုးတွင်းမှာ ပိုးမွှားတွေ ပေါက်ဖွားကြတာကြောင့် သားသားမီးမီးလေးတို့ ကိုယ်ခံစွမ်းအားကောင်းနေရပါမယ်။ မိုးရာသီမှာ သားသားမီးမီးလေးတွေ ခွန်အားပြည့်နေစေပြီး ကိုယ်ခံစွမ်းအား ကောင်းစေမယ့် အစာအစာတွေကို Kalay ကနေ ပြောပြပေးပါ့မယ်။

ကုလားပဲ (Photo by boldsky)

ကုလားပဲ

ကုလားပဲမှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေတည်ဆောက်တာနဲ့ ပြုပြင်တာတွေကို အထောက်အကူပြုပါတယ်။ ကုလားပဲဟာဆိုရင် မိုးတွင်းကလေးငယ်တွေ နာမကျန်းဖြစ်တာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကို ကျွေးမယ့် ဟင်းတွေထဲမှာ ကုလားပဲ ထည့်သွင်းပေးတာ အကောင်းဆုံးပါ။

ကြက်ဥ (Photo by boldsky)

ကြက်ဥ

ကြက်ဥမှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါတာကြောင့်လည်း ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မိုးရာသီအတွက် အကောင်းဆုံး အစားအစာတွေထဲမှာ ပါဝင်ပါတယ်။

အမွှေးနံ့သာများ (Photo by boldsky)

အမွှေးနံ့သာများ

သစ်ဂျပိုး၊ ကရဝေး၊ ငရုတ်ကောင်း၊ လေးညှင်းပွင့်၊ နံနံစေ့နဲ့ နနွင်းတို့ကို ဟင်းလျာတွေထဲမှာ ထည့်သွင်းပေးတာက သားသားမီးမီးလေးတွေရဲ့ ကိုယ်ခံစွမ်းအားကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် ကလေးငယ်ကိုကျွေးမယ့် ဟင်းလျာတွေထဲမှာ ထည့်သွင်းပေးပါ (Photo by boldsky)

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် ကလေးငယ်ကိုကျွေးမယ့် ဟင်းလျာတွေထဲမှာ ထည့်သွင်းပေးပါ။

ဂျင်း (Photo by boldsky)

ဂျင်း

မိုးရာသီမှာ ဂျင်းဟာ ကိုယ်ခံစွမ်းအားကောင်းစေတာကြောင့် သားသားမီးမီးလေးတွေရဲ့ ဟင်းလျာတွေထဲမှာ ဂျင်းထည့်ပေးသင့်ပါတယ်။

စွပ်ပြုတ် (Photo by GoodtoKnow)

စွပ်ပြုတ်

ကြက်စွပ်ပြုတ်၊ ဆိတ်စွပ်ပြုတ် တို့ကို ဟင်းသီးဟင်းရွက်တွေ ထည့်သွင်းပေးတာမျိုး ရွေးချယ်ပေးနိုင်ပါတယ်။ သားသားမီးမီးလေးတွေ အာဟာရလည်းပြည့် ကိုယ်ခံစွမ်းအားလည်း ကောင်းမွန်စေပါတယ်။

လတ်ဆက်တဲ့ အသီးအနှံများ (Photo by boldsky)

လတ်ဆက်တဲ့ အသီးအနှံများ

မိုးရာသီမှာ လတ်ဆက်တဲ့ အသီးအနှံတွေကို သားသားမီးမီးလေးတွေအတွက် ရွေးချယ်ပေးနိုင်ပါတယ်။ ဒီအတိုင်းကျွေးနိုင်သလို ဖျော်ရည်အနေနဲ့လည်း ပြုလုပ်ပေးနိုင်ပါတယ်။

လိုင်ချီးသီး (Photo by parenting.firstcry)

လိုင်ချီးသီး

လိုင်ချီးသီးမှာ anti-oxidants ကြွယ်ဝစွာပါဝင်တာကြောင့် နေမကောင်းတာနဲ့ ဖျားနာတာကို တိုက်ထုတ်ပေးပါတယ်။ ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီး၊ သဘောင်္သီး၊ မက်မွန်သီး စတဲ့ လတ်ဆက်တဲ့ အသီးအနှံတွေကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

တိုဟူး (Photo by parenting.firstcry)

တိုဟူး

တိုဟူးမှာ ကယ်ဆီယမ်၊ အမိုင်နိုအက်ဆစ်နဲ့ သံဓါတ်တို့ကြွယ်ဝစွာပါဝင်တာကြောင့် သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

မိုးရာသီမှာ သားသားမီးမီးလေးတွေ ကိုယ်ခံစွမ်းအားကောင်းစေမယ့် အစားအစာကို Kalay ကနေ မိတ်ဆက်ပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: foodsmonsoon

Comments

0 comments
Latest video
Refer to more useful articles
x