သားသားမီးမီးလေးအတွက် ကျွေးပေးရမယ့် မဂ္ဂနီဆီယမ်

by: Phyo Pyae Thu
 1 comments  1 love

ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓာတ်ကို လိုအပ်ပါတယ်။

အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက် မဂ္ဂနီဆီယမ်က အရေးပါပါတယ်(photo:The Bump)

မေမေတို့ရေ သားသားမီးမီးလေးတွေ ကျန်းမာနေစေဖို့အတွက် အစာအာဟာရက အရေးအကြီးဆုံးဆိုတာ သိထားပြီးသား ဖြစ်မှာပါနော်။ သားသားမီးမီးလေးတွေအတွက် လုံလောက်တဲ့ အာဟာရဓါတ်၊ ဗီတာမင်ဓါတ်တွေလည်း ပေးစွမ်းနိုင်ဖို့ ကြိုးစား အားထုတ်ရမှာပါ။ ကလေးကို ကျန်းမာစေတဲ့ အာဟာရဓါတ်တွေထဲမှာ မဂ္ဂနီဆီယမ်လည်း ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ကို ဘယ်လိုအစားအစာတွေကနေ ရရှိမလဲ၊ ဘာတွေကောင်းကျိုးပြုလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက်

မဂ္ဂနီဆီယမ်က အရေးပါပါတယ်။ ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓာတ်ကို လိုအပ်ပါတယ်။ အကယ်လို့များ သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ် နည်းမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ထုတ်ပေးနိုင်မှာ မဟုတ်တော့သလို ကြွက်သားတွေလည်း တင်းမာနေမှာပါ။ ကိုလက်စထရောထုတ်လုပ်မှုနဲ့ သွေးထဲပို့ဆောင်မှုတွေကိုလည်း ကောင်းကောင်းထိန်းညှိနိုင်တော့မှာ မဟုတ်ပါဘူး။

ပဲအမျိုးမျိုး၊ အစေ့အမျိုးမျိုး၊ အခွံမာသီးများ၊ Oatmeal၊ပါင်မုန့်၊ဆန်ညို၊ အသီးအရွက်များနဲ့ ဒိန်ချဉ် ကျွေးနိုင်ပါတယ်(photo:The Bump)

မဂ္ဂနီဆီယမ် မရှိဘူးဆိုရင်

ကလေးမှာ ဝမ်းချုပ်ခြင်း၊ ပန်းနာရင်ကျပ်လိုမျိုး ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရခြင်းတွေ ဖြစ်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ လုပ်ငန်းမျိုးစုံကို ဆောင်ရွက်ပေးနိုင်တဲ့ သတ္တုဓာတ်ဖြစ်တဲ့အပြင် အခြားသော အာဟာရဓာတ်တွေကို ထုတ်လုပ်သုံးစွဲဖို့အတွက်လည်း  ကူညီဆောင်ရွက်ပေးပါတယ်။ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့၊နှလုံးစည်းချက်မှန်စေဖို့၊ခုခံအားစနစ်ကောင်းမွန်စေဖို့နဲ့ အရိုးတွေသန်မာစေဖို့အတွက် မဂ္ဂနီဆီယမ်က ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။

ပဲပိစပ်မှ ထုတ်လုပ်တဲ့ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အစေ့အမျိုးမျိုး၊ အခွံမာသီးများ၊ Oatmeal၊ပါင်မုန့်၊ဆန်ညို၊ အသီးအရွက်များနဲ့ ဒိန်ချဉ် ကျွေးနိုင်ပါတယ်။ သားသားမီးမီးလေးတွေ အသက်(၁) နှစ်ကနေ (၃) နှစ်အထိ တစ်နေ့ကို (၈၀) မီလီဂရမ် လိုအပ်ပါတယ်။ တစ်နေ့တာနဲ့ တွက်ချက်မကျွေးပဲ တစ်ပတ်မှာ အကြိမ်ရေဘယ်လောက်ဆိုပြီး သတ်မှတ်ကျွေးတာလည်း ကောင်းပါတယ်နော်။

မဂ္ဂနီဆီယမ်က ကလေး ကြီးထွားဖွံ့ဖြိုးဖို့အထူးအရေးကြီးတဲ့အတွက် ပုံမှန်လေး ရနေရင်ကို ကလေးအတွက် အဆင်ပြေပါတယ်။ ဒါကြောင့် မေမေတို့ ကျွေးပေးဖို့ မမေ့နဲ့နော်။

From Kalay with


Comments

0 comments
Latest video