(၇) လအရွယ် သားသားမီးမီးလေးတွေအတွက် ဖြည့်စွက်စာ ချက်နည်း

by: Khin Nyein Lwin
 0 comments  212 love

 ဖြည့်စွက်စာကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပျော့ပျော့လေး ဖြစ်အောင် ချက်ရမှာပါ။ ဒါကြောင့် (၇) လအရွယ်အတွက် ဖြည့်စွက်စာ ဖော်ပြလိုက်တယ်နော်။

ဖြည့်စွက်စာ ချက်ကျွေးမယ်

မေမေတို့ရေ သားသားမီးမီးလေးတွေကို မေမေ့နို့ချိုတိုက်ရင်း ဖြည့်စွက်စာတွေလည်း ကျွေးသင့်ပါတယ်။ ဖြည့်စွက်စာကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပျော့ပျော့လေး ဖြစ်အောင် ချက်ရမှာပါ။ ဒါမှ သားသားမီးမီးလေးတွေအတွက် အဆင်ပြေမှာပါနော်။ (၇) လအရွယ် သားသားမီးမီးလေးတွေအတွက် ဖြည့်စွက်စာ ချက်နည်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

မုန်လာဥနီ၊ပန်းသီးကိုလည်း အခွံနွှာပြီး အတုံးသေးသေးလေး တုံးထားပါ

ကြက်သား ငါးကျပ်သားလောက်ကို ရေစင်အောင်ဆေးပြီး အတုံးသေးသေးလေးတွေ သေးနိုင်သမျှ သေးသေးလှီးနော်

ဒီလိုလေး ရောမယ်

မေမေတို့ရေ သားသားမီးမီးလေးတွေကို အာဟာရဓါတ် ပြည့်ဝစေဖို့အတွက် အသားရော အသီးအရွက်ပါ ပါဝင်တဲ့ ဖြည့်စွက်စာလေး ချက်ကြည့်ရအောင်နော်။ ပထမဆုံး ကြက်သား ငါးကျပ်သားလောက်ကို ရေစင်အောင်ဆေးပြီး အ တုံးသေးသေးလေးတွေ တုံးထားပါ။ ပြီးရင်တော့ မုန်လာဥနီ၊ပန်းသီးကိုလည်း အခွံနွှာပြီး အတုံးသေးသေးလေး တုံးထားပါ။ နောက်တော့ ကြက်သားတုံး၊ မုန်လာဥနီနဲ့ ပန်းသီးကို အရင်ဆုံး ဆားနည်းနည်းလေးထည့်ပြီး ပြုတ်ပါ။ အားလုံးရောနှောပြီး ကျေညက်အောင် ပြုတ်ပါ။ မေမေတို့ရေ သားသားမီးမီးလေးတွေကို ထမင်းနဲ့ တွဲဖက် ကျွေးချင်တယ်ဆိုရင်တော့ ထမင်းကို ဆန်ပြုတ်ပုံစံ ချက်ပြုတ်ပြီး ခုနက ကြက်သားဟင်းအနှစ်ပြုတ်နဲ့ ရောစပ်ကာ ကျွေးမွေးနိုင်ပါတယ်နော်။

အခွံနွှာပါ

လှီးပါ

ကြိတ်စက်ထဲ ထည့်ပါ

မေမေတို့ရေ သားသားမီးမီးလေးတွေကို အဆာပြေ မုန့်အနေနဲ့ ဖြည့်စွက်စာကျွေးလို့ ရသေးတယ်နော်။ ဒီနည်းလမ်းလေးကလည်း လွယ်တာမို့ မေမေတို့ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မှာပါ။ ပန်းသီးလေး တစ်ခြမ်းပဲ လိုတယ်နော်။ ပန်းသီးကို အခွံနွှာပါ။ အတုံးသေးသေးလေးတွေ တတ်နိုင်သမျှ တုံးပါ။ အလည်အူတိုင်နားတွေ မထည့်ပါနဲ့နော်။ ပြီးရင်တော့ ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်ပါ။ ကလေး မျိုချနိုင်လောက်တဲ့အထိ ပျစ်နှစ်အောင် ကြိတ်ပါ။ ရေလေး နည်းနည်းထည့်ပါ။ သကြား၊ ဆား လုံးဝမထည့်ပါနဲ့နော်။ ပန်းသီးရဲ့ အချိုဓါတ်ကပဲ ကလေးကို အာဟာရပြည့်နေစေမှာပါနော်။

မေမေတို့ရေ ဖြည့်စွက်စာတွေ ချက်ပြီးတဲ့အခါ လတ်လတ်ဆတ်ဆတ်လေး ကျွေးဖို့ အကြံပြုချင်ပါတယ်နော်။ မနက်ကတည်းက ချက်ထားတာကို အချိန်အကြာကြီး ထားပြီးမှ နောက်တစ်ကြိမ် ထပ်ကျွေးတာမျိုး မလုပ်တာ အကောင်းဆုံးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles