သကြားသီးကို ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့်လား

by: Nang Htwe
 0 comments  0 love

သကြားသီးကို အများကြီးစားမယ်ဆိုရင်တော့ ကယ်လိုရီမြင့်မားလာနိုင်ပြီး ကိုယ်အလေးချိန် မြင့်သွားစေနိုင်တာကိုတော့ သတိထားပေးပါ။

သကြားသီးဟာ မေမေလောင်တို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အသီးပါ။ နေရာဒေသပေါ်မူတည်ပြီး ဈေးတွေမှာတော့ ဒီအသီးကို အမြဲတမ်းမရောင်းကြပါဘူး။ တခါတလေမှာ တွေ့နိုင်တဲ့ အသီးပါ။ အရသာရှိတဲ့ အသီးဖြစ်တာကြောင့် မေမေလောင်းတို့ ကြိုက်နှစ်သက်ပါတယ်။

သကြားသီးဟာ မေမေလောင်တို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အသီးပါ (Photo by Amazon)

သကြားသီးမှာပါတဲ့ အာဟာရဓါတ်များ

စွမ်းအင်၊ အဆီ၊ ကာဗိုဟိုက်ဒရိုက်၊ ပရိုတိန်း၊ အမျှင်ဓါတ်၊ ဖောလိတ်၊ ဗီတာမင် A,C၊ Niacin၊ Riboflavin၊ Thiamin၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ကော်ပါး၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်နဲ့ ဇင့်တို့ ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သကြားသီး စားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ သကြားသီးကို နှစ်နှစ်ခြိုက်ခြိုက်စားလို့ရပါတယ်။ ဗိုက်ဗိုက်တို့အတွက် ကောင်းတဲ့ အသီးပါ။ စိတ်ချရပါတယ်။ သကြားသီးမှာ ကိုယ်ဝန်ဆောင်ကို အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေလည်း ပါနေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင်း သကြားသီးစား‌ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

စွမ်းအင်

သကြားသီးမှာ fructose နဲ့ sucrose ပါတာကြောင့် စွမ်းအင်တွေကို ပေးပါတယ်။

အစာခြေစနစ်

ကိုယ်ဝန်ဆောင်ချိန်ရဲ့ အပြောင်းအလဲတွေထဲမှာ အစာခြေစနစ်လည်းပါပါတယ်။ သကြားသီးဟာ အစာခြေစနစ် ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့အတွက် အထောက်အကူပြုပါတယ်။

အရိုး

ကယ်ဆီယမ်၊ သံဓါတ်၊ ဖော့စဖောရပ် စတဲ့ သတ္ထုဓါတ်တွေ ပါတာကြောင့် အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပိုးမွှားကူးစက်တာကို ကာကွယ်ပေးပါတယ် (Photo by Twitter)

ပိုးမွှားကူးစက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပိုးမွှားကူးစက်တာကို ကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှု

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။

အဆိပ်

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် ကျန်းမာစေပါတယ်။

သွေးဖိအား

သကြားသီးမှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ပါတာကြောင့် သွေးဖိအားကို ထိန်းပေးပါတယ်။

အော့အန်တာ

ကိုယ်ဝန်ဆောင်ပထမသုံးလမှာ မေမေလောင်းတို့ အော့အန်တာ သက်သာစေပါတယ်။

ဖျားနာတာ

ကိုယ်ဝန်ဆောင်ချိန်မှာ အားနည်းတာနဲ့ ဖျားနာတာတွေ နည်းသွားစေပါတယ်။

သကြားသီးကို အများကြီးစားမယ်ဆိုရင်တော့ ကယ်လိုရီမြင့်မားလာနိုင်ပြီး ကိုယ်အလေးချိန် မြင့်သွားစေနိုင်တာကိုတော့ သတိထားပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x