အခုချိန်ကတော့ ထောပတ်သီးတွေ မေမေလောင်းတို့ လက်တစ်ကမ်းမှာရှိနေတဲ့အချိန်ပါ။ ထောပတ်သီးက အရသာရှိပြီး အာဟာရတွေ အများကြီးပါတဲ့ အသီးပါနော်။ စားရတာလွယ်တဲ့အပြင် အမျိုးမျိုးလုပ်စားလို့ရတယ်။ ဗိုက်ဗိုက်လေးတွေ အများစုကတော့ ထောပတ်သီးကို ဖျော်ရည်အနေနဲ့ပဲ သောက်ကြတာများတယ်။ တခြားနိုင်ငံတွေမှာတော့ ထောပတ်သီးကို ပေါင်မုန့်နဲ့ညှပ်စားကြသလို တခြားအစာပလာတွေနဲ့ရောပြီး အနှစ်အနေနဲ့စားကြလေ့ရှိတယ်။ နောက်ပြီး တခြားအသီးတွေနဲ့လည်း ရောနှောစားလေ့ရှိတယ်။ ထောပတ်သီးပေါတဲ့အချိန် အနှစ်တွေကိုယူပြီး ပလတ်စတစ်အိတ်(ဇစ်အိတ်)လိုမျိုး အိတ်တွေထဲထည့်ပြီး အအေးခန်းထဲမှာ အခဲခံပြီး တစ်နှစ်ပတ်လုံး (ရာသီမဟုတ်တဲ့အချိန်) ထားပြီး စားလေ့ရှိတယ်။

တန်ဆေးလွန်ဘေးဆိုသလို ထောပတ်သီးအများကြီးစားရင်တော့ ကိုယ်အလေးချိန် တိုးလာမယ်နော် (Photo by Pregnancy Food Guide)
ထောပတ်သီးမှာ ဘာအာဟာရတွေပါလဲ?
ထောပတ်သီးမှာ အဆီ၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒရိုက်၊ အမျှင်ဓါတ် (ပျော်ဝင်လွယ်)၊ သကြားဓါတ်၊ ဗီတာမင် A ,B1, B2, B5, B6, C, E နဲ့ K ၊ဖောလိတ်၊ ကယ်ဆီယမ်နဲ့ သံဓါတ်တို့ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ထောပတ်သီးစားရင် ဘာတွေရမှာလဲ?
(၁) ဖောလိတ် ဒါမှမဟုတ် ဖောလစ်အက်ဆစ်တွေ ရမယ်။
(၂) ကိုယ်ဝန်ဆောင်တွေ သွေးအားနည်းတဲ့ ပြဿနာ ပျောက်ကင်းသွားမယ်။
(၃) အစာခြေစနစ်ကို အထောက်အကူပြုလို့ ဝမ်းချုပ်တာ နည်းသွားမယ်။
(၄) ဗီတာမင်တွေ အများကြီးရမယ်။
(၅) ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးတယ်။
(၆) ထောပတ်သီးဖျော်တဲ့အခါ ငှက်ပျောသီးပါထည့်ပေးမယ်ဆိုရင် ခြေထောက်ကြွက်တက်တဲ့ပြဿနာ သက်သာသွားမယ်။
(၇) သန္ဓေသား ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတယ်။
(၈) သတ္ထုဓါတ်တွေ အများကြီးရမယ်။
(၉) ထောပတ်သီးမှာပါတဲ့ အဆီက ကျန်းမာရေးနဲ့ညီတဲ့အဆီ ဖြစ်တယ်။
(၁၀) ကိုယ်အလေးချိန်ကို ထိန်းပေးတယ်။

တခြားနိုင်ငံတွေမှာတော့ ထောပတ်သီးကို ပေါင်မုန့်နဲ့ညှပ်စားကြပါတယ် (Photo by Healthline)
အနက်ရောင်ဖြစ်နေတဲ့ ထောပတ်သီးနဲ့ အညိုပျောက်တွေပါတဲ့ ထောပတ်သီးတွေစားသင့်လား?
အချိန်ကြာသွားလို့ အရောင်းပြောင်းလဲသွားတာပါ။ နေရောင်နဲ့ထိလည်း ထောပတ်သီးအခွံ အရောင်ပြောင်းတယ်။ စားလို့ရပါတယ်။ ဖယ်ပြီးစားပါ။
ထောပတ်သီးအစေ့ကို စားလို့ရလား?
ထောပတ်သီးအစေ့မှာ antioxidant, anti-carcinogenic နဲ့ anti-inflammatory ဂုဏ်သတ္တိတွေပါပေမယ့်လည်း တိတိကျကျ သုတေသနလုပ်ထားတာမျိုး မရှိသေးပါဘူး။ မစားပါနဲ့နော်။
ထောပတ်သီး အများကြီးစားရင် ဘာတွေဖြစ်မလဲ?
တန်ဆေးလွန်ဘေးဆိုသလို ထောပတ်သီးအများကြီးစားရင်တော့ ကိုယ်အလေးချိန် တိုးလာမယ်နော်။
ထောပတ်သီးစားရင် ဝလာနိုင်လား?
ကိုယ်ဝန်ဆောင်ချိန်က သာမန်ထက် ကယ်လိုရီပိုလိုတယ်။ ထောပတ်သီး ပုံမှန်လေးစားပေးသွားရင်တော့ ကိုယ်အလေးချိန် တအားတိုလာတာမျိုး မဖြစ်ပါဘူး။ ထောပတ်သီးမှာပါတဲ့ အဆီက ကျန်းမာရေးအထောက်အကူပြုတယ်လေ။
ထောပတ်သီးကို တခြားအသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့လည်း ရောစားလိုရတယ်နော်။
Comments