ဘေဘီလေးအတွက် အရသာရှိတဲ့ ဒိန်ချဉ်ဖြည့်စွက်စာ ပြုလုပ်နည်း (၆)ခု

by: Nang Htwe
 0 comments  0 love

ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ ဒိန်ချဉ်ဟာ အစာကြေလွယ်ပြီး အာဟာရလည်း မြင့်မားစွာပါဝင်ပါတယ်။

ဒိန်ချဉ်မှာ ပရိုတိန်းနဲ့ probiotics ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးငယ်တွေအတွက် အလွန်သင့်တော်ပါတယ်။ ဒိန်ချဉ်ကို ကလေးငယ်ရဲ့ အသက်(၈)လကနေ (၉)လအတွင်း စတင်ကျွေးနိုင်ပါပြီ။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်နဲ့ အဆီမပါတဲ့ ဒိန်ချဉ်ဆိုပြီး (၂)မျိုးရှိပါတယ်။ သားသားမီးမီးလေးတွေအတွက် သီးသန့်လာတဲ့ ဒိန်ချဉ်သပ်သပ်ရှိပါတယ်။ သူတို့လေးတွေအတွက် သီးသန့်လာတဲ့ ဒိန်ချဉ်ဟာဆိုရင် အရည်အချို့နဲ့ lactose ကို ဖယ်ရှားထားပြီး ဖြစ်တာကြောင့် ကလေးငယ်တွေနဲ့ ဓါတ်မတည့်မှာကို စိုးရိမ်စရာမလိုတော့ပါဘူး။

Image result for yogurt manfaat

ဒိန်ချဉ်ကို ဒီအတိုင်းကျွေးလို့ရသလို အရသာရှိအောင် ပြင်ဆင်ပြီးလည်း ကျွေးနိုင်ပါတယ် (Photo by Hello Sehat )

 

ဒိန်ချဉ်ရဲ့ အကျိုးကျေးဇူးများ

ဒိန်ချဉ်မှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အိုင်အိုဒင်း၊ ဗီတာမင် D, B12 နဲ့ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ ဒိန်ချဉ်ဟာ အစာကြေလွယ်ပြီး အာဟာရလည်း မြင့်မားစွာပါဝင်ပါတယ်။

အရသာရှိတဲ့ ဒိန်ချဉ်ပြုလုပ်နည်းများ

ဒိန်ချဉ်ကို ဒီအတိုင်းကျွေးလို့ရသလို အရသာရှိအောင် ပြင်ဆင်ပြီးလည်း ကျွေးနိုင်ပါတယ် ။

မက်မွန်သီးဒိန်ချဉ်

  • ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဒိန်ချဉ်
  • မက်မွန်သီးစိပ်များ

ပြုလုပ်နည်း

  • မက်မွန်သီးကို သန့်စင်အောင်ဆေးကြောပြီး ပေါင်းတာ ဒါမှမဟုတ် ပြုတ်ပေးပါ။
  • ပေါင်းထား၊ ပြုတ်ထားတဲ့ မက်မွန်သီးကို blander နဲ့ ကြိတ်ပါ။
  • ကြိတ်ထားတဲ့ မက်မွန်သီးကို ဒိန်ချဉ်နဲ့ရောပြီး ကျွေးနိုင်ပါပြီ။

ချယ်ရီသီးဒိန်ချဉ်

အခုနောက်ပိုင်းမှာ ချယ်ရီသီးကို supermarket တွေမှာ အလွယ်တကူ ဝယ်ယူလို့ရနေပါပြီ။

  • ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဒိန်ချဉ်
  • ချယ်ရီသီး

ပြုလုပ်နည်း

  • ချယ်ရီသီးကို အရင်သန့်စင်ပါ။
  • အစေ့ထုတ်ပြီး အခွံခွာလိုက်ပါ။
  • အစေ့ထုတ်အခွံခွာထားတဲ့ ချယ်ရီသီးကို blander နဲ့ ကြိတ်ပါ။
  • ကြိတ်ထားတဲ့ ချယ်ရီသီးကို ဒိန်ချဉ်နဲ့ရောပြီး ကျွေးနိုင်ပါပြီ။
Related image

ဒိန်ချဉ်က ကလေးငယ်တွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးရှိတဲ့ အစားအစာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ် (Photo by kilasdaerah.kompas.com )

စတော်ဘယ်ရီဒိန်ချဉ်

  • ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဒိန်ချဉ်
  • စတော်ဘယ်ရီ

ပြုလုပ်နည်း

  • စတော်ဘယ်ရီကို သန့်စင်ပါ။
  • သန့်စင်ထားတဲ့ စတော်ဘယ်ရီကို blander နဲ့ ကြိတ်ပါ။
  • ကြိတ်ထားတဲ့ စတော်ဘယ်ရီတွေကို ဒိန်ချဉ်နဲ့ရောပြီး ကျွေးနိုင်ပါပြီ။

ငှက်ပျောသီးဒိန်ချဉ်

  • ငှက်ပျောသီး စိပ်လေးများ
  • ရေအနည်းငယ်
  • ဒိန်ချဉ်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို blander နဲ့ ကြိတ်ပါ။ ငှက်ပျောသီးဒိန်ချဉ်ကို ကလေးငယ်အား ကျွေးနိုင်ပါပြီ။

ဒိန်ချဉ်က ကလေးငယ်တွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးရှိတဲ့ အစားအစာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x