ဘေဘီလေးကို နို့ဗူးနဲ့မဟုတ်ဘဲ ခွက်နဲ့နို့တိုက်ခြင်း အကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

တိုက်နည်းမမှန်ဘူးဆိုရင် ကလေးနို့သီးတာ၊ ချောင်းဆိုးတာ၊ မွန်းကျပ်တာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နို့ရည်တွေ အဆုတ်ထဲ ရောက်သွားနိုင်တယ်

ဘာလိုအခြေအနေတွေကြောင့် မိခင်နို့ကို ခွက်နဲ့ယူပြီး တိုက်ကြရတာလဲ။ နို့ဗူးနဲ့မဟုတ်ဘဲ ခွက်နဲ့တိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။

မိခင်နို့ ကလေး နို့အထွက်ကောင်း

ကလေးနို့စို့ဖို့ ပိုလွယ်တယ်၊ အတိအကျရတယ်၊ အဆင်ပြေတယ် (Photo by FirstCry Parenting)

ခွက်နဲ့တိုက်ရတဲ့ အခြေအနေများ

  • စောမွေးတဲ့ကလေးတွေက မိခင်နို့မစို့နိုင်သေးတာကြောင့် ခွက်နဲ့အရင်တိုက်ကျွေးရတယ်။
  • တခြားသောပြဿနာတွေကြောင့် ကလေးက မိခင်နို့မစို့တာ ဒါမှမဟုတ် နို့ဗူးမစို့တာမျိုးမှာ ခွက်နဲ့တိုက်ရပါတယ်။
  • ကလေးငယ်မှာ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် မိခင်နို့တိုက်ရိုက်တိုက်ကျွေးတာ ဒါမှမဟုတ် နို့ဗူးတိုက်တာ အဆင်မပြေကြပါဘူး။ ဒီတော့ ခွက်နဲ့နို့တိုက်ရတယ်။
  • မိခင်နို့မစို့နိုင်တဲ့ တခြားသောပြဿနာတွေကြောင့်လည်း ကလေးကို ခွက်နဲ့တိုက်ရတယ်။
  • ကလေးမွေးပြီးကာစ အမေတွေရဲ့ မီးတွင်းပြဿနာကြောင့် ကလေးကို မိခင်နို့ခွက်နဲ့တိုက်ရပါတယ်။
  • ဖြည့်စွက်စာကျွေးခါနီးအချိန်မှာလည်း တချို့အမေတွေက မိခင်နို့ကို ခွက်နဲ့တိုက်တတ်တယ်။

ကလေးကို ခွက်နဲ့ နို့တိုက်ခြင်း အကျိုးကျေးဇူးများ

  • ကလေးနို့စို့ဖို့ ပိုလွယ်တယ်။ အတိအကျရတယ်။ အဆင်ပြေတယ်။
  • ကလေးက မိခင်နို့စို့ဖို့ အခက်အခဲဖြစ်နေရင်တောင် ဖော်မြူလာနို့မှုန့်တိုက်မယ့်အစား မိခင်နို့ညှစ်ပြီး ခွက်နဲ့တိုက်တာ ပိုကောင်းတယ်။
  • နို့ဗူးဆေးရတာ၊ သန့်ရှင်းရေးလုပ်ရတာ သက်သာသွားမယ်။ သန့်လား၊ မသန့်လားဆိုတဲ့ မေမေတို့ရဲ့ သံသယလည်း နည်းသွားမယ်။
  • စောမွေးတဲ့ကလေးတွေအတွက် မိခင်နို့ကို ခွက်နဲ့တိုက်တာ ပိုပြီးတိတိကျကျရနိုင်တယ်။
  • နို့သီးခေါင်းရှုပ်တဲ့ အခက်အခဲတွေ တခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားမယ်။
  • ကလေးရဲ့ သွားကို ထိခိုက်မှု မဖြစ်တော့ဘူး။
  • နို့ဗူးကြောင့်ဖြစ်ပေါ်ရတဲ့ ပြဿနာတွေ မကြုံရတော့ဘူး။
  • နို့သီးခေါင်း ပြဿနာတွေလည်း မရှိတော့ဘူး။
မိခင်နို့ ကလေး တိကျ

တိုက်နည်းမမှန်ဘူးဆိုရင် ကလေးနို့သီးတာ၊ ချောင်းဆိုးတာ၊ မွန်းကျပ်တာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နို့ရည်တွေ အဆုတ်ထဲ ရောက်သွားနိုင်တယ် (Photo by FirstCry Parenting)

ကလေးကို ခွက်နဲ့ နို့တိုက်ခြင်း ဆိုးကျိုးများ

  • နို့တွေ အပြင်ယိုဖိတ်မှုဖြစ်စေတယ်။ သေသေချာချာမစစ်ဆေးဘူးဆိုရင် ကလေးနို့လိုအပ်တာတွေ ဖြစ်လာနိုင်တယ်။
  • ခွက်နဲ့တိုက်ရင်တော့ မေမေတို့က စိတ်ရှည်ရှည်ပိုထားရတယ်။ သည်းခံရတယ်။
  • ချက်ချင်းတိုက်ရတယ်။ နို့ဗူးလိုမျိုး ဖြည်းဖြည်းချင်း တိုက်လို့မရဘူး။
  • တိုက်နည်းမမှန်ဘူးဆိုရင် ကလေးနို့သီးတာ၊ ချောင်းဆိုးတာ၊ မွန်းကျပ်တာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နို့ရည်တွေ အဆုတ်ထဲ ရောက်သွားနိုင်တယ်။

မေမေတို့ရေ မိခင်နို့ကို ခွက်နဲ့တိုက်တာက ကောင်းတာရော၊ ဆိုးကျိုးပါ ဒွန်တွဲရှိနေပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles