မေမေတို့ မွေးကင်းစလေးတွေကို နို့ဦးရည် တိုက်မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  21 love

မေမေတို့ရဲ့ နို့ဦးရည်ဟာ သားသားမီးမီးလေးတွေအတွက် အာဟာရပြည့်စေရုံသာမကပါဘူး။ ကိုယ်ခံအားကောင်းမွန်ဖို့ပါ ပေးစွမ်းနိုင်ပါတယ်။

နို့ဦးရည်က သားသားမီးမီးလေးတွေအတွက် အကျိုးကျေးဇူး ဖြစ်စေပါတယ်

မေမေတို့ရေ မွေးကင်းစ သားသားမီးမီးလေးကို နို့ဦးရည် တိုက်တဲ့အကြောင်း ကြားဖူးမှာပါနော်။ တကယ်တော့ မွေးကင်းစလေးတွေကို နို့ဦးရည်တိုက်လို့ပြီး တိုက်လည်း တိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ နို့ဦးရည်က သားသားမီးမီးလေးတွေအတွက် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်ပါ။

နို့ဦးရည်ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ထွက်တတ်ပြီး ကလေးမွေးပြီး  ရက်အနည်းငယ်အတွင်းမှာ မေမေ့ရင်သားကနေ ထုတ်လုပ်ပေးတဲ့ အစောဦးဆုံး နို့ပါ။ နို့ဦးရည်ဟာ အဝါရောင်ဖျော့ဖျော့အရောင်ရှိပါတယ်။ ပိုပြီးတော့လည်း ပျစ်ပြီး အသားဓါတ်၊ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီအနည်းပဲ ပါဝင်ပါတယ်။

မေမေတို့ရဲ့ နို့ဦးရည်ဟာ သားသားမီးမီးလေးတွေအတွက် အာဟာရပြည့်စေရုံသာမကပါဘူး။ ကိုယ်ခံအားကောင်းမွန်ဖို့ပါ ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်နို့ရည်ထက် နို့ဦးရည်မှာ ကိုယ်ခံအား ပိုပြီးများပါတယ်။ နို့ဦးရည်မှာ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ စွမ်းအားလည်း ပါဝင်တာမို့ မွေးကင်းစ သားသားမီးမီးလေးတွေအတွက်တော့ ကာကွယ်ဆေး တစ်မျိုးပါပဲ။

နို့ဦးရည်က ပေးစွမ်းတဲ့ ကိုယ်ခံအားဆိုတာက ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်လိုမျိုး ပိုးမွှားတွေကို ခုခံတိုက်ခိုက်ပေးတဲ့ ပရိုတင်းဓါတ်တစ်မျိုးပါ။ နို့ဦးရည်မှာ ပါဝင်တဲ့ ခုခံအား ပမာဏက ပုံမှန်နို့ရည်တွေမှာ ပါဝင်တဲ့ ခုခံအားထက် အဆတစ်ရာလောက် ပိုများပါတယ်။ နို့ဦးရည်က အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း ကူညီပေးပါတယ်။

နို့ဦးရည်က အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း ကူညီပေးပါတယ်။

မေမေတို့ နို့ဦးရည်ကို စိတ်ချလက်ချ တိုက်နိုင်တဲ့ နောက်ထပ် အကြောင်းအရင်းလေး တစ်ခုကတော့ မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်ထဲကို ပြင်ပကနေ မလိုလားအပ်တဲ့ အရာတွေ ဝင်မလာအောင် တားဆီးပေးပါတယ်။ မေမေတို့စားသောက်လိုက်သမျှ အစားအစာတွေ သားသားမီးမီးလေးဆီရောက်ပြီး ဓါတ်မတည့်တာတွေ မဖြစ်စေဖို့လည်း လျှော့ချပေးပါတယ်။ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်စေပါတယ်။

နို့ဦးရည်ဟာ ကလေးမွေးပြီး နှစ်ပတ်လောက်နေမှ ပုံမှန်နို့ရည်အဖြစ် တဖြည်းဖြည်းပြောင်းလဲပါတယ်။ ဒီလို ပြောင်းလဲနေတဲ့အချိန်မှာတော့ ကိုယ်ခံအား ပါဝင်မှုနှုန်းကလည်း တဖြည်းဖြည်း ကျဆင်းတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ မလိုပါဘူး။ နို့ရည်မှာလည်း သားသားမီးမီးလေးတွေအတွက် ကောင်းကျိုးတွေ အများကြီးပါ။ နို့ဦးရည်ပဲထွက်ထွက်၊ နို့ရည်ပဲ ထွက်ထွက် မွေးကင်းစလေး အသက်(၆) လအထိ မေမေ့နို့တစ်မျိုးတည်း တိုက်ကျွေးဖို့ လိုပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles