မေမေတို့ရဲ့ ကလေး ကော်ဖီသောက်တတ်နေပြီလား ဒါကိုဖတ်ကြည့်ပေးနော်

by: Nang Htwe
 0 comments  0 love

ကလေးတွေကို အပျော်သဘောနဲ့ စမ်းတိုက်ကြည့်တုန်းကတော့ နည်းနည်းလေးစီပါပဲ။ အဲဒါနဲ့ပဲ ကလေးက ကော်ဖီသောက်တတ်တဲ့အကျင့် စွဲသွားတာပါ။

အခုနောက်ပိုင်း ကော်ဖီကြိုက်တဲ့ ကလေးအရေအတွက် တိုးလာနေပါပြီ။ ကဖင်းဓါတ်က စွဲလမ်းတတ်တယ်။ မေမေဖေဖေတို့ကော်ဖီသောက်တာ လိုက်သောက်ရင်း သူတို့လေးတွေ ကြိုက်သွားကြတာပါ။ ကလေးတွေကို အပျော်သဘောနဲ့ စမ်းတိုက်ကြည့်တုန်းကတော့ နည်းနည်းလေးစီပါပဲ။ အဲဒါနဲ့ပဲ ကလေးက ကော်ဖီသောက်တတ်တဲ့အကျင့် စွဲသွားတာပါ။

ကော်ဖီ ကလေး စွဲ အကျင့်

အခုနောက်ပိုင်း ကော်ဖီကြိုက်တဲ့ ကလေးအရေအတွက် တိုးလာနေပါပြီ (Photo by Everypixel)

ကော်ဖီရဲ့နောက်ဆက်တွဲ

ကော်ဖီမှာ ကဖိန်းဓါတ် ပါဝင်နှုန်းမြင့်မားတယ်။ ဆိုဒါဖျော်ရည်တွေပြီးရင် ကော်ဖီက ဒုတိယပဲ။ ကလေးတွေမှာ ကော်ဖီသောက်တဲ့နှုန်းမြင့်မားလာရင် ပထမဆုံးထိခိုက်တာက အစားစားချင်စိတ်ပါ။ အစားမစားချင်တဲ့ ပြဿနာဖြစ်နိုင်တယ်။ ပြီးရင် နှလုံးရောဂါဖြစ်ပွားနိုင်တယ်။ ကလေးက ဗိုက်မဆာတာတင်မက ရေသောက်ဖို့ပါ စိတ်မပါဖြစ်တတ်တယ်။

ကဖိန်းရဲ့ဆိုးကျိုး

ကလေးတွေရဲ့ ခန္ဓာကိုယ်က လူကြီးတွေလောက် ကဖိန်းရဲ့ ဆိုးကျိုးကို မခံနိုင်သေးပါဘူး။ ဖွံ့ဖြိုးမှုကြီးထွားနေဆဲကလေးတွေမှာ ကဖိန်းဓါတ်က ဦးနှောက်အပေါ် ရေရှည်သက်ရောက်မှုရှိနိုင်တယ်။ အသက်(၂)နှစ်အရွယ်ကလေးငယ်တွေမှာ ကော်ဖီနေ့တိုင်းသောက်ရင် ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်လာမယ်။

ကလေး ကော်ဖီ

ခွက်အကြီးကြီးနဲ့တိုက်တာမျိုး၊ ဆိုဒ်အကြီးတွေနဲ့တိုက်တာမျိုး လုံးဝရှောင်ပါ (Photo by aFamily)

အစားထိုးအလေ့အကျင့်

ကော်ဖီဟာ ဖွံ့ဖြိုးဆဲကလေးတွေအတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုများတယ်။ သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက် ကော်ဖီ၊ လက်ဖက်ရည် သောက်တဲ့အကျင့် မလုပ်ပေးတာ အကောင်းဆုံးပါ။ အကယ်လို့  မေမေဖေဖေတို့က မနက်ခင်း ကော်ဖီသောက်တတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် ကလေးကို နွားနို့ပူပူလေး ဒါမှမဟုတ် ချောကလက်ဖျော်ရည် ဒါမှမဟုတ် herbal tea တစ်မျိုးမျိုးကို အစားထိုး တိုက်လို့ရတယ်။ ကလေးကော်ဖီကြိုက်တဲ့ အလေ့အထလေး ပျောက်သွားအောင် အစားထိုးပါ။

အသက်(၁၂)နှစ်အောက်

ဒါဆို ကလေးကို ဘယ်အရွယ်မှာ ကော်ဖီစတိုက်ရမလဲ။ အသက် (၁၂) ရောက်မှ ကော်ဖီသောက်ခွင့်ပြုပါ။ အသက်(၁၂)နှစ်အောက် ကလေးတွေကို ကော်ဖီလုံးဝ မတိုက်ပါနဲ့။ ဒါပေမယ့် ကလေးက ကော်ဖီအလွန်ကြိုက်လို့ ခဏခဏတောင်းနေရင် တစ်ရက် တစ်ခွက်(လက်ဖက်ရည်ခွက်)ပဲ တိုက်ပါ။ အဲဒီထက် ပိုမတိုက်ပါနဲ့။ ခွက်အကြီးကြီးနဲ့တိုက်တာမျိုး၊ ဆိုဒ်အကြီးတွေနဲ့တိုက်တာမျိုး လုံးဝရှောင်ပါ။

ကော်ဖီက ကလေးတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုများပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles