ကလေးအစားစားချိန်က ကျွန်မတို့ အမေတွေအတွက် တိုက်ပွဲတစ်ခုလား

by: Nang Htwe
 0 comments  0 love

သမီးလေးအတွက် ဆွဲဆောင်မှုရှိတဲ့ ထမင်းဟင်းတွေ ပြင်ဆင်ပေးတယ်။ ရောင်စုံလေးတွေက သမီးလေးအကြိုက်ပေါ့။ ဟင်းသီးဟင်းရွက် ရောင်စုံ၊ အသားငါး မျှမျှတတ ကျွေးတယ်

မင်္ဂလာပါ မေမေတို့ရေ

ကျွန်မကတော့ သမီးနေချိုလင်းလက်ရဲ့ မေမေပါ။ သမီးလေးက အသက်(၂)နှစ်ခွဲ ရှိပါပြီ။ ကျွန်မတို့ အမေတွေရဲ့ နေ့စဉ်တိုက်ပွဲတစ်ခုက ကလေးထမင်းကျွေးချိန်ပါ။ ထမင်းစားနည်းတဲ့အခါမျိုးမှာ အမေတွေ အရမ်းစိတ်ပူမိသလို တခါတလေ စိတ်မရှည်တာတွေ ဖြစ်လာပြီး ငိုချင်စိတ် များလာတယ်။

ကျွန်မက သမီးလေးကို ထမင်းကျွေးချိန် (၁၅)မိနစ်ထားတယ်။ အချိန် အကြာကြီး မကျွေးဘူး။ သမီးလေး ထမင်းစားတာ အာရုံစိုက်နိုင်ဖို့ ထမင်းစားတဲ့ခုံသီးသန့်ထားပေးထားတယ်။ အသိတွေက ထမင်းစားခုံဝယ်တာ သက်သက်ပိုက်ဆံအပိုကုန်တယ်လို့ပြောကြတယ်။ ကျွန်မကတော့ ထမင်းစားခုံနဲ့ ထမင်းကျွေးတာ သာမန်ကျွေးတာထက် ပိုစားဖြစ်တာကို သတိထားမိတယ်။ တခြားအာရုံလည်း သိပ်မရှိတော့တာလည်းပါတယ်။ တခြားနေရာမှာဆိုရင် ကစားဖို့ အားသန်တာမျိုး၊ တီဗီကြည့်ချင်နေတာမျိုးတွေ ဖြစ်နိုင်တယ်။

မေမေတို့ရေ က‌လေးတွေကို ထမင်းကျွေးတဲ့အချိန် ဖိအားတွေ အများကြီးမပေးသင့်ဘူးနော်။ ထမင်းစားတာက ပျော်စရာကောင်းတယ်ဆိုတဲ့ အသိလေး ကလေးတွေစိတ်ထဲ စွဲမြဲသွားအောင်သာ လုပ်ပေးပါ။ ကျွန်မလည်း အရင်တုန်းက မသိခဲ့ဘူး။ သမီးလေးကို ထမင်းကျွေးခဲ့အခါတိုင်း ဖိအားတွေပေးခဲ့တာ။ အခုနောက်ပိုင်း ကျွန်မ တဖြည်းဖြည်းသိလာတဲ့အခါမှာတော့ ထမင်းစားချိန်မှာ ကလေးပျော်အောင် စကားတွေ အများကြီးပြောပေးတယ်။ ထမင်းတစ်လုပ်စားတိုင်း လိမ္မာလိုက်တာ၊ တော်လိုက်တာ ချီးကျူးပေးဖြစ်တယ်။ မေမေတို့ရေ ထမင်းစားချိန်မှာ ဖိအားတွေပေးနေမယ်ဆိုရင် ကျွန်မတို့တွေ ခက်ခဲနေဦးမှာပါ။ ကလေးတွေက တခါတလေ ဟင်းတွေ၊ ထမင်းတွေကို ပွလန်အောင် လုပ်လေ့ရှိတယ်။ ဒါက ကလေးသဘာဝ စူးစမ်းတာပါ။ ဒီလိုပွလို့ မေမေတို့က ငေါက်တာ၊ ဆူတာတွေ မလုပ်ရဘူးနော်။ နောက်ပြီး ကလေးက ဟင်းမကြိုက်ရင် ဆက်မကျွေးပါနဲ့နော်။ နေ့လည်က ဟင်းကို ကလေးမကြိုက်ရင် ညစာကျွေးချိန်မှာ ပြန်ကျွေးကြည့်နော်။

သမီးလေးကို တစ်ရက်(၃)ကြိမ် ထမင်းကျွေးဖြစ်တယ်။ မနက်စာ၊ နေ့လည်စာ၊ ညနေစာ နောက်ပြီးတော့ မနက်စာနဲ့ နေ့လည်စာကြားမှာ သရေစာတစ်ကြိမ် နေ့လည်စာနဲ့ ညနေစာ ကြားမှာ တစ်ကြိမ် သရေစာကျွေးဖြစ်တယ်။ ထမင်းတစ်ခါကျွေးချိန်က အနည်းဆုံး (၁၀)မိနစ်နဲ့ အများဆုံး (၁၅)မိနစ်ထိပဲ ကြာတယ်။ ကျွန်မ သတိထားမိသလောက် ထမင်းကျွေးချိန် မိနစ် (၃၀)ကျော်သွားရင်တော့ အာရုံသိပ်မစိုက်တော့ပါဘူး။

ကျွန်မကတော့ သမီးလေးအတွက် ဆွဲဆောင်မှုရှိတဲ့ ထမင်းဟင်းတွေ ပြင်ဆင်ပေးတယ်။ ရောင်စုံလေးတွေက သမီးလေးအကြိုက်ပေါ့။ ဟင်းသီးဟင်းရွက် ရောင်စုံ၊ အသားငါး မျှမျှတတ ကျွေးတယ်။ သမီးလေးကို ထမင်းဟင်းတွေပြင် တခြားအာဟာရရှိတဲ့ အစားအသောက်တွေလည်း ကျွေးတယ်။ ထမင်းဟင်းက အာဟာရရှိတဲ့ အစားအသောက်လို့ ကျွန်မတို့မေမေတွေ သတ်မှတ်ထားကြတယ်။ တကယ်တော့ တခြားအစားအသောက်တွေကလည်း ထမင်းဟင်းလိုပဲ အာဟာရတွေ အပြည့်ရှိပါတယ်။ သမီးလေး ထမင်းကျွေးရတာခက်ရင် အာဟာရပြည့်တဲ့ တခြားအစားသောက်တွေ ကျွေးဖြစ်ပါတယ်။

ထမင်းဟင်းအပြင် ကျွန်မ မကြာခဏ ကျွေးဖြစ်တဲ့ အာဟာရပြည့်တဲ့ အစားအသောက်ကတော့ Cerelac ရဲ့ Multigrain ပါ။ Cerelac Multigrain မှာ ဘာတွေပါလဲ။ ကျွန်မ ဘာကြောင့် ရွေးချယ်ပေးတာလဲ။ Cerelac Multigrain ကို နှံစားသီးနှံနဲ့ ဟင်းသီးဟင်းရွက် မျိုးစုံကနေ ထုတ်လုပ်ထားတာပါ။ ဒီတော့ Cerelac Multigrain ကို ကျွေးမယ်ဆိုရင် သမီးကို နေ့တိုင်းကျွေးတဲ့ အစားအသောက်တွေထဲကပါတဲ့ အာဟာရတွေ အတိုင်း ပြည့်ပြည့်စုံစုံရရှိပါမယ်။ Cerelac Multigrain တစ်ပန်းကန်မှာ ကလေးတွေအတွက် တစ်နေ့တာလိုတဲ့ သံဓါတ် (၇၆) ရာခိုင်နှုန်းပါလို့ သမီးကို တစ်ရက် တစ်ပန်းကန် ပုံမှန်ကျွေးတယ်။

ဘာကြောင့် သံဓါတ်က သမီးလေးတို့လို ကလေးတွေအတွက် အလွန်အရေးကြီးနေရတာလဲဆိုတော့ ကလေးတွေရဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုမှာ အထောက်အကူပြုတယ်။ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် သွေးအားနည်းတဲ့ရောဂါတွေကို  ကာကွယ်ပေးတာမို့ သံဓါတ်က အရမ်းအရေးကြီးတာပါ။

Cerelac Multigrain မှာ သမီးလေးတို့လို ကလေးငယ်တွေ ကြီးထွားဖို့လိုတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေလည်း ပါတယ်။ နောက်ပြီး ကျွန်မ သဘောကျတဲ့ အချက်က ဝမ်းဗိုက်ကျန်းမာစေတဲ့ Probiotic ပါတာပါ။ Probiotic က အစာအိမ် အူလမ်းကြောင်း ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ လေထိုးတာ၊ ဗိုက်နာတာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။ ဒါကြောင့် ကျွန်မက Cerelac Multigrain ကို ယုံကြည်စိတ်ချစွာ သမီးလေးကို ကျွေးတယ်။

မေမေတို့ရေ ကလေးတွေကို ထမင်းကျွေးတဲ့အခါ ဖိအားတွေ မပေးပါနဲ့။ ကလေးထမင်းကျွေးတာက ကျွန်မတို့ အမေတွေရဲ့ နေ့တိုင်းကြုံရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်လို့ စိတ်ရှည်ဖို့ သည်းခံဖို့ အရေးကြီးပါတယ်။

မေမေတို့ကို မျှဝေပေးချင်တဲ့

သမီးလေး နေချိုလင်းလက်ရဲ့ မေမေ

#CerelacKidsMyanmar #Cerelac Multigrain  #KalayMommyBloggers

ဤအစီအစဉ်ကို Cerelac Kids Myanmar  မှ ပံ့ပိုးကူညီထားသည်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles