သားသားမီးမီးလေး အသက်ပထမ(၃) လအတွင်း နို့တိုက်ကျွေးခြင်း

by: Phyo Pyae Thu
 0 comments  57 love

မေမေတို့ရေ သားသားမီးမီးလေးတွေ အသက် ပထမ(၃) လအတွင်းမှာတော့ အာဟာရဓါတ်မှန်သမျှကို မေမေ့နို့ချိုနဲ့ နို့မှုန့်တွေကနေ ရရှိနိုင်ပါတယ်။

ဂရုစိုက်ပါ

မေမေတို့ရေ သားသားမီးမီးလေးတွေ အသက် ပထမ(၃) လအတွင်းမှာတော့ အာဟာရဓါတ်မှန်သမျှကို မေမေ့နို့ချိုနဲ့ နို့မှုန့်တွေကနေ ရရှိနိုင်ပါတယ်။ မေမေ့ရဲ့နို့ချိုဟာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်စေပါတယ်။ ဒါကြောင့် ဒီ (၃) လမှာ တခြား အစားအစာတွေ ကျွေးလို့ မရသေးသလို ကျွေးဖို့လည်း မလိုပါဘူး။

သားသားမီးမီးလေးတွေရဲ့ အသက် ပထမ(၃) လအတွင်းမှာ တစ်နေ့ကို နို့ (၆) ကြိမ်ကနေ (၈) ကြိမ်အထိ နို့တိုက်ပါ။ ကလေးက နို့မဝဘူးဆိုရင် နို့စို့ပြီးတာတောင် တောက်လျောက်ငိုနေနိုင်ပါတယ်။ အသက်(၁) လပြည့်ပြီးသွားတဲ့အခါမှာတော့ ဝမ်းသွားတဲ့ အခေါက်ရည်နည်းသွားမှာ ဖြစ်ပြီး နို့စို့ပြီးတာနဲ့ ဝမ်းသွားတာမျိုး မရှိတော့ပါဘူး။ နေ့တိုင်လည်း ဝမ်းသွားချင်မှ သွားပါမယ်။ ဒါပေမယ့် ရက်ကြာတဲ့အထိ မသွားတာဆိုရင်တော့ ဆရာဝန်နဲ့ပြပါ။

နို့ဗူးသန့်ရှင်းပါစေ

မေမေတို့ရေ သားသားမီးမီးလေးတွေကို နို့မှုန့်တိုက်ချင်တယ်ဆိုရင် ပထမတစ်လမှာတော့ မိခင်နို့ပဲ တိုက်ပေးပါ။ နို့မှုန့်တွေဟာ ကလေးရဲ့ အာဟာရအတွက် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီး မေမေ့ရဲ့နို့ချိုလောက်တော့ မကောင်းနိုင်ပါဘူး။ ကလေးရဲ့ အစာအိမ်ဟာလည်း သေးငယ်လွန်းတဲ့အတွက် နို့ပမာဏကို နည်းနည်းလေးပဲ ထိန်းထားနိုင်မှာဖြစ်ပြီး နို့မှုန့်ကို အစာခြေဖျက်ချိန်ကလည်း ကြာမှာဖြစ်တာကြောင့် မေမေ့နို့ချိုလောက် အစာကြေလွယ်မှာ မဟုတ်လို့ အကြိမ်ရေများများတော့ တိုက်စရာမလိုပါဘူး။ ဒါက နို့မှုန့်တိုက်တဲ့ မိခင်တွေအတွက်ပါ။

သားသားမီးမီးလေးတွေ အသက်(၂) လမှာ နို့ဘူးများများ စို့မှာဖြစ်တဲ့အတွက် နို့ဆာတဲ့အချိန်ကလည်း ကြာပါလိမ့်မယ်။ တစ်ကြိမ်ကို လေးအောင်စလောက်တော့ ကျွေးရနိုင်ပါတယ်။ နို့ဘူးစို့တာဟာ မေမေ့နို့ကို စို့ရသလောက် အားမသုံးရတာမို့ ကလေးတွေ သိပ်ကြိုက်ကြတာပါ။ နို့ဗူးရဲ့နို့သီးခေါင်းအရွယ်အစားကိုတော့ ကလေးနဲ့လိုက်အောင် ရွေးတတ်ရပါမယ်။ ဒါမှ ကလေးက သက်တောင့်သက်သာ ဖြည်းဖြည်းမှန်မှန်စို့နိုင်မှာ ဖြစ်ပြီး နင်တာတွေ၊ သီးတာတွေ မရှိတော့မှာပါ။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: feedinghealthways


Comments

0 comments
Latest video
Refer to more useful articles