ကလေးငယ်တွေကို ဂေါ်ဖီထုပ် ကျွေးလို့ရလား

by: Nang Htwe
 0 comments  0 love

အူသိမ်အူလှုပ်ရှားမှု အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အူအတွင်းရဲ့ အဆိပ်အတောက်ကို ဖယ်ရှားပြီး ကလေးငယ် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

ဂေါ်ဖီထုပ်ကို ဟင်းအမျိုးမျိုး ပုံစံအမျိုးမျိုး ချက်စားကြပါတယ်။ ကလေးငယ်တွေအတွက်လည်း အာဟာရ အများကြီးပါပါတယ်။ အစားမာကျွေးချိန်ရောက်မှ ဂေါ်ဖီထုပ်စကျွေးပါ။

အစားမာကျွေးချိန်ရောက်မှ ဂေါ်ဖီထုပ်စကျွေးပါ (Photo by Pinterest)

ဂေါ်ဖီထုပ်မှာပါတဲ့ အာဟာရတွေကတော့

စွမ်းအင်၊ ကာဗိုဟိုက်ဒရိုက်၊ အမျှင်ဓါတ်၊ ရေ၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ ဗီတာမင် A,C,K တို့ ပါဝင်ပါတယ်။

ဂေါ်ဖီထုပ်ရဲ့ အကျိုးကျေးဇူးများ

အမျှင်ဓါတ်

ဂေါ်ဖီထုပ်က အူသိမ်အူလှုပ်ရှားမှု အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အူအတွင်းရဲ့ အဆိပ်အတောက်ကို ဖယ်ရှားပြီး ကလေးငယ် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ‌ဂေါ်ဖီထုပ်မှာ glucosinolates လို့ခေါ်တဲ့ ဒြပ်ပေါင်းပါလို့ အူသိမ်ထဲမှာရှိတဲ့ prebiotics ဘက်တီးရီးယားတွေကို အထောက်အကူပြုပါတယ်။ Prebiotics က အူထဲမှာ မရှိမဖြစ် လိုအပ်ပါတယ်။

နှလုံးကျန်းမာရေး

‌ဂေါ်ဖီထုပ်မှန်မှန်စားပေးတာက နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ‌ဂေါ်ဖီထုပ်ထဲပါတဲ့ glucosinolates က ခန္ဓာကိုယ်ရောင်ရမ်းတာနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ ရေရှည်မှာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဂေါ်ဖီထုပ်မှာ anthocyanins လို့ လူသိများတဲ့ ဒြပ်ပေါင်းတွေ ပါရှိနေပြီး ကိုယ်ခံစွမ်းအားအပေါ် သြဇာသက်ရောက်မှု ရှိပါတယ် (Photo by Bonnie Cabbage Program)

ကိုယ်ခံစွမ်းအား

ဂေါ်ဖီထုပ်မှာ anthocyanins လို့ လူသိများတဲ့ ဒြပ်ပေါင်းတွေ ပါရှိနေပြီး ကိုယ်ခံစွမ်းအားအပေါ် သြဇာသက်ရောက်မှု ရှိပါတယ်။ ကိုယ်ခံစွမ်းအားကောင်းမွန်စေတဲ့ antioxidants နဲ့ anti-inflammatory ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။ အူလမ်းကြောင်း ရောင်ရမ်းတာကို နည်းပါးစေပြီး ကိုယ်ခံစွမ်းအား တိုးတက်စေပါတယ်။

မေမေတို့သတိထားရမှာက ကလေးငယ်ကို ဂေါ်ဖီထုပ်အစိမ်းကျွေးတာ နဲ့ ပမာဏ အများကြီးကျွေးတာမျိုး လုံးဝ ရှောင်ရှားပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: BabiesCabbage


Comments

0 comments
Latest video
Refer to more useful articles