ကလေးလေး ခုနစ်လထဲ ရောက်လာပြီဆိုရင် ဘာတွေထပ်တိုးကျွေးမလဲ

by: Nang Htwe
 0 comments  0 love

ခုနစ်လရောက်သွားပြီဆိုရင် အစားအစာကျွေးတာကို တဖြည်းဖြည်း တက်လာမယ်။ ဥပမာ- ကြက်ဥ လေး စမ်းကျွေးတာမျိုးပြုလုပ်နိုင်ပါတယ်

ကလေးငယ်လေး အသက်(၇)လထဲ ရောက်လာပြီဆိုရင် ဖြည့်စွက်စာအသစ် ထပ်တိုးကျွေးဖို့ လိုအပ်လာပါပြီ။ အသက်(၇)လထဲ ရောက်လာတဲ့အခါ ဘာတွေ ထပ်တိုးကျွေးရမလဲဆိုတဲ့ အကြောင်းအရာကို ဆရာမကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အခုလို ဆွေးနွေးပြောကြားပေးထားပါတယ်။

ကြက်ဥကို (၇)လမှာ စမ်းပေးပါတယ် (Photo by Medical News Today)

ခုနစ်လရောက်လာပြီဆိုရင် ကလေးငယ်ကို ဘာတွေတိုးကျွေးမလဲ

ခုနစ်လရောက်သွားပြီဆိုရင် အစားအစာကျွေးတာကို တဖြည်းဖြည်း တက်လာမယ်။ ဥပမာ- ကြက်ဥ လေး စမ်းကျွေးတာမျိုးပြုလုပ်နိုင်ပါတယ်။ အရွက်လေးတွေ ထပ်ထည့်တာမျိုး ဥပမာ – ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ဘူးရွက်၊ ကညွှတ်တစ်ခုခုပေါ့နော်။ အဲဒီအရွက်မျိုးလေးတွေ လေးခက်လောက် ထပ်ထည့်လို့ရပါပြီ။ အဲဒီလိုမျိုးထည့်ပေးမယ်ဆိုရင် ကလေးလေးက သတ္ထုဓါတ်နဲ့ ဗီတာမင်ဓါတ်တွေ ထပ်တိုးပြီး စားလို့ရသွားပါတယ်။ အရွက်တွေကို ကျိုလိုက်ရင် ဗီတာမင်ဓါတ်တွေ ပျက်စီးသွားမှာပဲလို့ ထောက်တဲ့သူတွေ ရှိပါတယ်။ ပျက်စီးရင် ပျက်စီးသွားပါစေ။

ကလေးက အရွက်စားတတ်ဖို့ အရေးကြီးတယ်။ အရွက်လေးတွေကို ကလေးက စားတတ်လို့ရှိရင် နောက်ပိုင်းတွေ ပိုပြီး အဆင်ပြေလာတယ်။ ခုနစ်လမှာဆိုရင် အရွက်လေးတွေ တိုးလာတယ်။ ကြက်ဥလေးတွေ ကျွေးလာတယ်။ တချို့နိုင်ငံတွေမှာတော့ (၉)လ၊ (၁၀)လမှ ကြက်ဥစမ်းတာရှိတယ်။ အစ်မတို့ကတော့ ကြက်ဥကို (၇)လမှာ စမ်းပေးပါတယ်။ ဘာလို့ စမ်းတာလဲဆိုတော့ ကြက်ဥမှာလည်း ဓါတ်မတည့်မှုဆိုတာ ရှိတယ်။ ဒါကြောင့် ကြက်ဥကို အနှစ်လေးတွေ အရင်စမ်းမယ်။ နောက်တစ်ရက်ကြရင် အကာလေးတွေ စမ်းကျွေးမယ်။ တည့်သွားရင် ဆက်ကျွေးမယ်။ ဒါဆိုရင် ခုနစ်လပြည့်ရော မနက်ခင်း cereal စားတဲ့အချိန်မှာ ကြက်ဥလေးတစ်လုံးထည့်မယ်။ ညပိုင်း cereal စားတဲ့အချိန်မှာ ကြက်ဥလေးတစ်လုံးထည့်မယ် ဆိုရင် ကလေးလေးတစ်ယောက်က ခုနစ်လလည်းပြည့်ရော ကြက်ဥနှစ်လုံးစားသွားပြီ။ ဒါဆိုရင် ကလေးလေး ဝိတ်မတက်မှာကို စိုးရိမ်စရာမရှိတော့ဘူး။

Image result for blender for baby food

အစားအစာတွေကို ကျိုပြီးတဲ့အခါ blander နဲ့ကြိတ်ဖို့ ပြောချင်ပါတယ် (Photo by Groupon)

ကြိတ်စက် ဒါမှမဟုတ် blander

အစားအစာတွေကို ကျိုပြီးတဲ့အခါ blander နဲ့ကြိတ်ဖို့ ပြောချင်ပါတယ်။ ဟိုအရင်တုန်းကကျတော့ စကာတိုက်တာပေါ့နော်။ ဒီစကာနဲ့ တိုက်ခြင်းအားဖြင့် ပိုတော့ ကြေတယ် ဒါပေမယ့် တချို့သော အာဟာရတွေက အပေါ်မှာ ကျန်ခဲ့တယ်။ ဒါကြောင့် အာဟာရတွေအကုန်မရဘူးလို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် ဇကာမတိုက်ပါနဲ့။ Blander နဲ့ပဲ ကြိတ်ပါ။ မီးမရှိတဲ့ နယ်မှာနေတဲ့ သူတွေကတော့ လက်လှည့်ပေးရတဲ့ ကြိတ်စက်နဲ့ကြိတ်ပေးပါ။

အသက်(၇)လမှာ ဖြည့်စွက်စာ အသစ်လေးတွေ ထပ်တိုးကျွေးကြည့်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x