သားသားမီးမီးလေးတွေကို ဖရဲသီး ဘယ်အချိန်စကျွေးမလဲ

by: Nang Htwe
 0 comments  0 love

ဖရဲသီးမှာ ရေဓာတ်(၉၅)ရာခိုင်နှုန်းရှိပါတယ်။ ရေဓာတ်ခန်းခြောက်တာကို ကာကွယ်ပေးတာကြောင့်ကလေးငယ်တွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

ဖရဲသီးက ရေဓာတ်ပါဝင်နှုန်းမြင့်မားပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးဖြစ်ပါတယ်။ ကလေးငယ်တွေကို ဖရဲသီးဘယ်ချိန်စကျွေးမလဲ။ မေမေဖေဖေတို့ ဖရဲသီးစားတဲ့အခါမှာ သူတို့လေးတွေကလည်း စားချင်နေမှာပါ။ ကျွေးသင့်မကျွေးသင့် ဒွိဟဖြစ်နေတဲ့ မေမေတွေအတွက် Kalay ကနေ ပြောပြပေးသွားမှာပါ။

ဖရဲသီးက ရေဓာတ်ပါဝင်နှုန်းမြင့်မားပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးဖြစ်ပါတယ် (Photo by gettyimage)

ဖရဲသီးကို ကလေးငယ်ရဲ့ အသက်(၆)လမှာ စတင်မိတ်ဆက်ပေးလို့ရပါတယ်။ မေမေတို့အနေနဲ့ မကျွေးချင်သေးဘူးဆိုရင် အသက်(၈)လမှ စတင်ကျွေးလို့ရပါတယ်။ ဖရဲသီးမှာ ရေဓာတ်(၉၅)ရာခိုင်နှုန်းပါဝင်တာကြောင့် ကလေးငယ်တွေ ရေဓာတ်ခန်းခြောက်တာကို ကာကွယ်ပေးပါတယ်။ နွေရာသီမှာတော့ ဖရဲသီးက ကလေးငယ်တွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

ဖရဲသီးကို ကလေးငယ်ရဲ့ အသက်(၆)လမှာ စတင်မိတ်ဆက်ပေးလို့ရပါတယ် (Photo by parenting.firstcry)

ကလေးငယ်တွေကို ဖရဲသီးကျွေးခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ ရေဓာတ်

ဖရဲသီးမှာ ရေဓာတ်(၉၅)ရာခိုင်နှုန်းပါဝင်တာကြောင့် နွေရာသီမှာ ချွေးထွက်တဲ့ ကလေးငယ်တွေအတွက် အလွန်သင့်တော်ပါတယ်။ ဒါကြောင့် ဖရဲသီးက ကလေးငယ်တွေအတွက် ရွေးချယ်ပေးရမယ့် အသီးပါ။

၂။ ဗီတာမင် C

ဗီတာမင် C ဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မရှိမဖြစ်တဲ့နေရာကနေ ပါဝင်နေပါတယ်။ ဖရဲသီးမှာ ဗီတာမင် C ပါဝင်ပါတယ်။ ဗီတာမင် C က ကိုယ်ခံစွမ်းအား စနစ်ကို အထောက်အကူပြုပြီး သံဓာတ်စုပ်ယူအားကောင်းအောင်လည်း အကူအညီတွေပေးပါတယ်။

၃။ ဗီတာမင် A

ဖရဲသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြား၊ သွား၊ ကြွက်သားနဲ့ တစ်ရှုးတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၎။ အရိုး

ဖရဲသီးမှာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် သားသားမီးမီးလေးတို့ရဲ့ အရိုးတည်ဆောက်ခြင်းနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၅။ ဗီတာမင် B complex

ဗီတာမင် B complex ပါဝင်တာကြောင့် ဇီဝလှုပ်ရှားမှုတွေကို မြင့်တင်ပေးတဲ့အပြင် သွေးနီဆဲလ်နဲ့ အာရုံကြောစနစ်ကိုလည်း အထောက်အကူပြုပါတယ်။

၆။ နှလုံးကျန်းမာရေး

ဖရဲသီးက ကလေးငယ်တွေရဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၇။ အစာခြေ

ဖရဲသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးငယ်တွေဝမ်းချုပ်တာကို ကာကွယ်ပေးပြီး အစာခြေစနစ်တိုးတက်ကောင်းမွန်စေပါတယ်။

ဖရဲသီးက ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် မေမေတို့ရွေးချယ်ကျွေးပေးရမယ့် အသီးအနှံတွေထဲက တစ်ခုဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles