နနွင်းမှုန့်က ကလေးငယ်တွေအတွက် စိတ်ချရလား

by: Nang Htwe
 0 comments  0 love

နနွင်းမှာ   beta-carotene၊ ဗီတာမင် C၊ ကယ်ဆီယမ်၊ flavonoids၊ အမျှင်ဓါတ်၊ သံဓါတ်၊ niacin၊ ပိုတတ်ဆီယမ်၊ ဇင့်နဲ့ တခြားသတ္ထုဓါတ်တွေ ပါဝင်ပါတယ်။

နနွင်းမှုန့်ကို ဆနွင်းပင်ရဲ့အမြစ်ကနေ ရရှိပါတယ်။ ဟင်းခက်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ အရောင်က အဝါရောင်ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ သားသားမီးမီးလေးတွေရဲ့ ဖြည့်စွက်စာထဲမှာ နနွင်းမှုန့် အနည်းငယ် ထည့်ပေးလို့ရနိုင်လားဆိုတဲ့အကြောင်းကို Kalay ကပြောပြပေးချင်ပါတယ် မေမေတို့ရေ

ဟင်းခက်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ် (Photo by momjunction)

နနွင်းမှာ   beta-carotene၊ ဗီတာမင် C၊ ကယ်ဆီယမ်၊ flavonoids၊ အမျှင်ဓါတ်၊ သံဓါတ်၊ niacin၊ ပိုတတ်ဆီယမ်၊ ဇင့်နဲ့ တခြားသတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ အသက်(၆)လ ပတ်ဝန်းကျင် သားသားမီးမီးလေးတွေအတွက်တော့ နနွင်းက စိတ်ချရမှု မရှိပါဘူး။ ဒီအချက်ကိုတော့ သတိထားပေးပါ။

နနွင်းရဲ့ အကျိုးကျေးဇူးများ

(၁) အစာခြေစနစ်

ကလေးငယ်တွေမှာ လေနဲ့ပတ်သက်တဲ့ပြဿနာတွေ ကြုံရပါတယ်။ နနွင်းဟာဆိုရင် ကလေးငယ်တွေကြုံရတဲ့ ဗိုက်ထဲ လေထိုးတဲ့ပြဿနာတွေ သက်သာစေပါတယ်။

(၂) အူလမ်းကြောင်းရောင်ရမ်းခြင်း

နနွင်းဟာဆိုရင် ကလေးငယ်နဲ့ သားသားမီးမီးလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ အူလမ်းကြောင်းရောင်ရမ်းတဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။

(၃) နာကျင်မှု

နနွင်းဟာဆိုရင် နာကျင်မှုဝေဒနာတွေကို သဘာဝအတိုင်း သက်သာပျောက်ကင်းစေပါတယ်။

သားသားမီးမီးလေးတွေ အသက်(၉)လပြည့်တဲ့အခါမှာ သူတို့လေးတွေရဲ့ ဖြည့်စွက်စာထဲ နနွင်းအနည်းငယ် ထည့်ပေးလို့ရပါပြီ (Photo by Naistekas – Delfi)

(၄) ကိုလက်စထရော

ကိုလက်စထရော ကို ထိန်းပေးတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

(၅) အသားအရေ

နနွင်းဟာဆိုရင် အသားအရေကို ကောင်းမွန်စေပါတယ်။

(၆) တိုက်ခိုက်

အန္တရာယ်ဖြစ်စေတဲ့ free radicals တွေနဲ့ harmful chemicals တွေကို တိုက်ထုတ်ပေးပြီး ဆဲလ်နဲ့ ဆဲလ်အမြှေပါး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဘေးထွက်ဆိုးကျိုးများ

နနွင်းမှုန့်က ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိပါတယ်။

  • နနွင်းမှုန့်ဟာဆိုရင် ကလေးငယ်ရဲ့ အသားအရေနဲ့ ဓါတ်မတည့်တဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။
  • ဖြည့်စွက်စာထဲမှာ နနွင်းမှုန့်တွေ အလွန်များတယ်ဆိုရင် ဝမ်းလျှောတာကို ကြုံရနိုင်ပါတယ်။

နနွင်းမှုန့်ဟာ သားသားမီးမီးလေးတွေအတွက် ကောင်းကျိုးရောဆိုးကျိုးပါ ရှိနေတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဖြည့်စွက်စာထဲ ထည့်သွင်းအသုံးပြုဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles