Oatmeal ဟာဆိုရင် အချိန်မှာ ကလေးငယ်အတွက်ကော သားသားမီးမီးလေးတွေအတွက်ပါ ခေတ်စားလာတဲ့ အစားအစာဖြစ်ပါတယ်။ အသက်(၆)လကစပြီး Oatmeal ကို ကျွေးလို့ရပါပြီ။ ကလေးငယ်ရဲ့ အသက်အရွယ်အလိုက် ထုတ်ထားတဲ့ Oatmeal အမျိုးအစားကို ရွေးချယ်ပါ။ Oatmeal က ကလေးငယ်ရဲ့ အစာခြေစနစ်ကို အထောက်အကူပြုပြီး အာဟာရဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။

Oatmeal ကို အသီးအနှံတွေနဲ့ ရောစပ်ပြင်ဆင်ပေးရတာကြောင့် အာဟာရဓါတ်တွေ ပိုပြီးရရှိစေပါတယ် (Photo by FirstCry Parenting)
Oatmeal ရဲ့ အကျိုးကျေးဇူးများ
အမျှင်ဓါတ်နဲ့ အာဟာရမြင့်မားခြင်း
Oatmeal မှာ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓါတ်နဲ့ ဇင့်ဓါတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးငယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုတဲ့ အစားအစာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အထိ ဆက်လက်ကျွေးလို့ရတဲ့ အစားအစာတစ်ခုပါ။
အစာခြေစနစ်
Oatmeal က အစာခြေစနစ်အတွက် လွယ်ကူတဲ့ အစားအစာဖြစ်တာကြောင့် ဖြည့်စွက်စာကျွေးနေတဲ့ ကလေးငယ်များနဲ့ သင့်တော်ပါတယ်။ အစာအိမ်ထဲက gas နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။
ဝမ်းချုပ်ခြင်း
ကလေးငယ်တွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေထဲမှာ ဝမ်းချုပ်တာလည်း ပါဝင်ပါတယ်။ Oatmeal မှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ကလေးငယ် ဝမ်းသွားရတာလည်း လွယ်ကူစေပါတယ်။

Oatmeal မှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကောင်းမွန်အောင် မြင့်တင်ပေးပြီး ဆံပင်နဲ့ အသားအရည်ကို ကောင်းမွန်လာစေပါတယ် (Photo by Promina)
အခြားအာဟာရဓါတ်များ
Oatmeal ကို အသီးအနှံတွေနဲ့ ရောစပ်ပြင်ဆင်ပေးရတာကြောင့် အာဟာရဓါတ်တွေ ပိုပြီးရရှိစေပါတယ်။ ကလေးငယ် ကြိုက်နှစ်သက်တဲ့ အစားအစာဖြစ်ပါတယ်။
ကျန်းမာရေး
Oatmeal မှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကောင်းမွန်အောင် မြင့်တင်ပေးပြီး ဆံပင်နဲ့ အသားအရည်ကို ကောင်းမွန်လာစေပါတယ်။ စွမ်းအင်ကြွယ်ဝစွာပါဝင်ပါတယ်။
Oatmeal ကို တစ်နေ့တာရဲ့ ကနဦးဆုံး မနက်စာအတွက် ပြင်ဆင်ပေးသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments