ကလေးငယ်တွေအတွက် ပဲအမျိုးမျိုးက ပေးတဲ့ အကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

ကလေးငယ်တွေအတွက် ဖြည့်စွက်စာအနေနဲ့ရော စွပ်ပြုတ်အနေနဲ့ပါ အဆင်ပြေပါတယ်။ အမျှင်ဓါတ်နည်းပြီး လေထတာတွေ မရှိပါဘူ

ပဲအမျိုးမျိုးမှာ အာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတိန်းဓါတ် ကြွယ်ဝစွာပါပြီး အဆီပါဝင်မှုနည်းတာကြောင့် အစာခြေစနစ်အတွက် အထောက်အကူပြုပါတယ်။ ကလေးငယ်တွေအတွက် အထူးသင့်တော်ပါတယ်။ ပဲအမျိုးမျိုးရှိပါတယ်။ သားသားမီးမီးလေးတွေ ကြိုက်မယ့် ပဲအမျိုးအစားကို ရွေးချယ်ကျွေးပေးပါ။

ပဲအမျိုးမျိုးရှိပါတယ် (Photo by Viện Đào Tạo Bách Khoa)

ကလေးငယ်တွေအတွက် ပဲအမျိုးမျိုးက ပေးတဲ့ အကျိုးကျေးဇူးများ

(၁) ပဲဟင်း ခွက်တစ်ဝက်မှာ အမျှင်ဓါတ် (၈) ဂရမ်ပါဝင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးငယ်ရဲ့ အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ အူလုပ်ရှားမှုတွေကို ကောင်းမွန်စေပါတယ်။ ကိုယ်အလေးချိန် ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။

(၂) ပဲဟင်းခွက်တစ်ဝက်မှာ သံဓါတ် (၃.၃.)မီလီဂရမ် ပါဝင်ပါတယ်။ သဘာဝသံဓါတ်ဖြစ်တာကြောင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ်က လွယ်လွယ်ကူကူ စုပ်ယူပါတယ်။ ပဲဟင်းဟာဆိုရင် သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်ဖြစ်တာကြောင့်လည်း ကလေးငယ်ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။

(၃) ပဲဟင်းမှာ ဇင့်ဓါတ်ပါတာကြောင့် ကိုယ်ခံစွမ်းအားကောင်းစေပြီး ကျန်းမာရေးကောင်းစေပါတယ်။

(၄) ကယ်ဆီယမ်ကို အားပေးတာကြောင့် အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

(၅) ပဲဟင်းတစ်ခွက်မှာဆိုရင် ဖောလိတ်(၁၇၉) မိုက်ခရိုဂရမ်ပါပါတယ်။ ဖောလိတ်က ဗီတာမင် B အုပ်စုဝင်ဖြစ်ပြီး ကလေးငယ်ရဲ့ ခန္ဓကိုယ် ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ အထောက်အကူပြုပါတယ်။

ပဲဟင်းမှာ ဇင့်ဓါတ်ပါတာကြောင့် ကိုယ်ခံစွမ်းအားကောင်းစေပြီး ကျန်းမာရေးကောင်းစေပါတယ် (Photo by Happy Veggie Kitchen)

ပဲတွေမှာပါတဲ့ အာဟာရဓါတ်များ

  • ကယ်လိုရီ
  • ဆိုဒီယမ်
  • ကာဗိုဟိုက်ဒရိုက်
  • အမျှင်ဓါတ်
  • သကြားနဲ့
  • ပရိုတိန်းဓါတ်တို့ပါဝင်ပါတယ်။

ပဲကို ဘယ်အချိန်မှာ စကျွေးမလဲ

ကလေးငယ်ရဲ့ အသက်(၈)လမှာ စတင်ကျွေးလို့ရပါပြီ။ အမျှင်နဲ့ ပရိုတိန်းဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အသက်(၆)လ ကလေးငယ်တွေအတွက်တော့ အစာကြေဖို့ ခက်ခဲပါလိမ့်ဦးမယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးရှိပါတယ်။ အနီရောင်ပဲတွေကတော့ ကလေးငယ်တွေအတွက် ပိုသင့်တော်သလို ချက်ပြုတ်ရတာလည်း လွယ်ကူအဆင်ပြေပါတယ်။ ကလေးငယ်တွေအတွက် ဖြည့်စွက်စာအနေနဲ့ရော စွပ်ပြုတ်အနေနဲ့ပါ အဆင်ပြေပါတယ်။ အမျှင်ဓါတ်နည်းပြီး လေထတာတွေ မရှိပါဘူး။ အညိုရောင်ပဲတွေကလည်း ကလေးငယ်အတွက် သင့်တော်ပါတယ်။

မေမေတို့ရေ ပဲတွေမှာ ကိုယ်ပိုင်အရသာရှိနေတာကြောင့် ကလေးငယ်အတွက် ဖြည့်စွက်စာချက်တဲ့အခါ ဆားနဲ့သကြား လုံးဝ ထပ်ထည့်ပေးစရာ မလိုပါဘူးနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: BenefitsLentils

Comments

0 comments
Latest video
Refer to more useful articles
x