နို့တိုက်မေမေတို့အတွက် ရွှေရောင်စည်းမျဉ်း (၅)ခု

by: Nang Htwe
 0 comments  4 love

ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်မှာ ကုန်ဆုံးခဲ့တဲ့ စွမ်းအင်တွေ ပြန်ရဖို့နဲ့ နေ့စဉ်လှုပ်ရှားမှုတွေအတွက် ကယ်လိုရီပိုလိုအပ်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်တုန်းက အစားအသောက်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးဆုံးဖြစ်ခဲ့သလို အခု ကလေးနို့တိုက်နေချိန်မှာလည်း မေမေတို့အတွက်အာဟာရက အလွန်အရေးကြီးပါတယ်။ မိခင်နို့တစ်မျိုးတည်းကို မှီခိုနေရတဲ့ ကလေးငယ် ကျန်းမာဖို့၊ ကိုယ်ခံစွမ်းအားကောင်းဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဥာဏ်ရည်ထက်ဖို့ မေမေတို့ရဲ့ မိခင်နို့ အရည်အသွေးကောင်းနေရပါမယ်။ အထူးသဖြင့် အာဟာရပြည့်ဝနေတဲ့ မိခင်နို့ဖြစ်နေရပါမယ်။

မိခင်နို့တစ်မျိုးတည်းကို မှီခိုနေရတဲ့ ကလေးငယ် ကျန်းမာဖို့၊ ကိုယ်ခံစွမ်းအားကောင်းဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဥာဏ်ရည်ထက်ဖို့ မေမေတို့ရဲ့ မိခင်နို့ အရည်အသွေးကောင်းနေရပါမယ် (Photo by The New Age Parents)

နို့တိုက်မိခင်တွေဟာဆိုရင် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီထက် (၅၀၀) ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်မှာ ကုန်ဆုံးခဲ့တဲ့ စွမ်းအင်တွေ ပြန်ရဖို့နဲ့ နေ့စဉ်လှုပ်ရှားမှုတွေအတွက် ကယ်လိုရီပိုလိုအပ်ပါတယ်။

ရွှေရောင်စည်းမျဉ်း (၁)

လတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ထမင်းဟင်းအနေနဲ့ စားပေးနိုင်သလို သရေစာအနေနဲ့လည်း နေ့တိုင်းစားပါ။ မေမေတို့စားတဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ alcium, vitamin D, iron, DHA, folic acid  နဲ့  probiotics တို့ပါဝင်နေရပါမယ်။ ဒါမှသာ အရည်အသွေးကောင်းတဲ့ မိခင်နို့ရပြီး ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်လာမှာပါ။

ရွှေရောင်စည်းမျဉ်း (၂)

မိခင်နို့အထွက်ကောင်းအောင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ တစ်ရက်ကို ရေ (၁.၅)လီတာနဲ့ (၂)လီတာကြား သောက်ပေးပါ။ အသီးအနှံဖျော်ရည်နဲ့ စွတ်ပြုပ် တွေကိုလည်း သောက်နိုင်ပါတယ်။ ရေဓါတ်ပြည့်ဝတာက ဝမ်းချုပ်တာကို သက်သာစေပါတယ်။

အာဟာရပြည့်ဝနေတဲ့ မိခင်နို့ဖြစ်နေရပါမယ် (Photo by Everyday Health)

ရွှေရောင်စည်းမျဉ်း (၃)

အဆိပ်အတောက်တွေပါတဲ့ အစားအစာတွေကို ရှောင်ရှားပါ။ ကဖင်း၊ အယ်ကိုဟော၊ နီကိုတင်း၊ ဆေးဝါးများနဲ့ ပိုးသတ်ဆေးအသုံးပြုတဲ့ အစားအသောက်တွေကို ရှောင်ရှားပါ။

ရွှေရောင်စည်းမျဉ်း (၄)

မနက်စာကို အမြဲစားဖြစ်အောင် စားပါ။ မနက်စာ ကျော်မသွားပါနဲ့။

ရွှေရောင်စည်းမျဉ်း (၅)

နို့တိုက်မေမေတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အရည်အသွေးမြင့်မားတဲ့ အစားအသောက်တွေကိုသာ ရွေးချယ်စားပေးပါ။

နို့တိုက်မေမေတွေအနေနဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ အစေ့အဆန်တွေကို နေ့တိုင်းမျှမျှတတစားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles