ကလေးငယ်ကို ပေါင်မုန့်ကျွေးခြင်း အကျိုးကျေးဇူး (၄)ခု

by: Nang Htwe
 0 comments  0 love

ကာဗိုဟိုက်ဒရိုက် ကြွယ်ဝစွာပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိုက်ဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအတွက် စွမ်းအင်တွေကို ထုတ်လုပ်ပေးပါတယ်

အစာပျော့ပျော့လေးတွေ ကျွေးလာခဲ့ပြီးနောက်ပိုင်း နည်းနည်းလေးမာတဲ့ အစားအစာတွေနဲ့ မိတ်ဆက်ပေးရတော့မှာပါ။ ကလေးစားနိုင်ပါ့မလားဆိုတဲ့ မေမေတို့ရဲ့ ပူပန်မှုက မြင့်တက်နေပါတယ်။

‌ပေါင်မုန့်ဟာဆိုရင် ဂျုံကနေ ပြုလုပ်တဲ့ အစားအစာဖြစ်ပြီး ဓါတ်မတည့်တာ ရှားပါတယ် (gettyimage)

မာတဲ့အရာလည်းကျွေးချင်တယ်၊ ကလေးမစားနိုင်မှာလည်း စိုးရိမ်တယ်ဆိုရင်တော့ ပေါင်မုန့်ကို အရင်ကျွေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပေါင်မုန့်ဟာဆိုရင် ဂျုံကနေ ပြုလုပ်တဲ့ အစားအစာဖြစ်ပြီး ဓါတ်မတည့်တာ ရှားပါတယ်။ ဒါကြောင့် ပေါင်မုန့်ကို စိတ်ချလက်ချ ကျွေးနိုင်ပါတယ်။

ကလေးငယ်ကို ပေါင်မုန့်ကျွေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိမှာပါ။

(၁) ကာဗိုဟိုက်ဒရိုက်

ဂျုံမှာ ကာဗိုဟိုက်ဒရိုက် ကြွယ်ဝစွာပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိုက်ဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအတွက် စွမ်းအင်တွေကို ထုတ်လုပ်ပေးပါတယ်။ ပေါင်မုန့်မှာ နေ့စဉ်လှုပ်ရှားမှုအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိနေပါတယ်။

(၂) အစာခြေစနစ်

ပေါင်မုန့်ဟာ အစာကြေလွယ်တာကြောင့် ကလေးငယ်တွေရဲ့ အစာခြေစနစ်ကို မထိခိုက်ပါဘူး။ အစာခြေစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိဘူးဆိုရင် တခြားရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ အစာခြေစနစ်ကောင်းမွန်နေရင် အူသိမ်အူမ ပြဿနာတွေ နည်းသွားစေပါတယ်။

ပေါင်မုန့်ဟာ အစာကြေလွယ်တာကြောင့် ကလေးငယ်တွေရဲ့ အစာခြေစနစ်ကို မထိခိုက်ပါဘူး (Photo by Bon Appetit)

(၃) ‌ဗီတာမင်နဲ့ သတ္ထုဓါတ်များ

ဂျုံမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်နေပါတယ်။ သွေးသန့်ရှင်းစေတဲ့ ကလိုရိုဖီးပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။

(၄) ခံတွင်းကျန်းမာရေး

ဂျုံမှလုပ်တဲ့ အစားအစာတွေဟာဆိုရင် ခံတွင်းကျန်းမာရေးကို သွယ်ဝိုက်စွာ အထောက်အကူပြုပါတယ်။ သွားဖုံးသွေးလည်ပတ်မှုကောင်းစေပြီး သွားအခေါင်းပေါက်ဖြစ်တာကို လျော့ချပေးပါတယ်။

ပေါင်မုန့်ကို ဘယ်အချိန်ကျွေးမလဲ

အသက်တစ်နှစ်ကစပြီး ပေါင်မုန့်ကျွေးလို့ ရပါပြီ။

ပေါင်မုန့်ရွေးတဲ့အခါ သတိထားရမှာက

  • ပေါင်မုန့်ပြုလုပ်တဲ့ အညွှန်းကို သေချာဖတ်ပါ။
  • ပေါင်းမုန့်စကျွေးတဲ့အခါ ကလေးနဲ့ဓါတ်မတည့်တဲ့ လက္ခဏာပြနေတယ်ဆိုရင် ခဏရပ်ထားပါ။
  • ဓါတ်မတည့်တဲ့ လက္ခဏာပြတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပါ။

ပေါင်မုန့်ဟာဆိုရင် ကလေးငယ်တွေအတွက် အကျိုးကျေးဇူးများတဲ့ အစားအစာဖြစ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: babyWheat


Comments

0 comments
Latest video
Refer to more useful articles