အသက်(၂) နှစ်ကလေးတို့အမြန်ကြီးထွားလာဖို့ အထောက်အကူပြုတဲ့ အစားအစာများ

by: Nang Htwe
 0 comments  0 love

မိသားစုထမင်းဝိုင်းမှာ အတူတူထိုင်စားခိုင်းလို့ရပါပြီ။ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှမျှတတ စုံစုံလင်လင် ကျွေးပေးရမယ့် အချိန်ဖြစ်ပါတယ်

အသက်(၂)နှစ်အရွယ်သားသားမီးမီးလေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစားအသောက်က အ‌ရေးကြီးတဲ့ နေရာကနေ ရှိနေပါတယ်။ ဒီအရွယ်လေးက သွားပေါက်တာလည်း ပြည့်စုံလုနီးပါးဖြစ်ပြီး  solid foods တွေကိုလည်း စားတတ်နေတဲ့အချိန်ပါ။ မိသားစုထမင်းဝိုင်းမှာ အတူတူထိုင်စားခိုင်းလို့ရပါပြီ။ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှမျှတတ စုံစုံလင်လင် ကျွေးပေးရမယ့် အချိန်ဖြစ်ပါတယ်။ အခု Kalay ကနေ မေမေတို့အတွက် အသက်(၂)နှစ်အရွယ် သားသားမီးမီးလေးတွေ အမြန်ကြီးထွားလာခြင်းကို အထောက်အကူပြုမယ့် အစားအစာ (၈)မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

အသက်(၂)နှစ်အရွယ်သားသားမီးမီးလေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစားအသောက်က အ‌ရေးကြီးတဲ့ နေရာကနေ ရှိနေပါတယ် (Photo by Happy Family Organics)

(၁) နို့နဲ့ နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်နဲ့ ချိစ့်တို့မှာ ကယ်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ကယ်ဆီယမ်က အရိုးတည်ဆောက်မှုကို အထောက်အကူပြုပါတယ်။

(၂) ကြက်သား

ကြက်သားမှာပါတဲ့ သံဓါတ်ဟာဆိုရင် အသားငါးတွေထဲက အကောင်းဆုံး သံဓါတ်ဖြစ်ပါတယ်။ သံဓါတ်က သွေးအားနည်းတဲ့ ပြဿနာ နည်းသွားစေပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်က ကြက်သားထဲမှာပါတဲ့ သံဓါတ်ကို အလျင်အမြန်စုပ်ယူနိုင်ပါတယ်။

(၃) ငါး

ငါးမှာပါတဲ့ အဆီဟာဆိုရင် ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာ စနစ်ကို အထောက်အကူပြုပါတယ်။

(၄) ကျန်းမာရေးနဲ့ ညီတဲ့ ဆီများ

ကလေးငယ်အတွက် ဟင်းချက်တဲ့အခါလိုအပ်တဲ့ ဆီနေရာမှာ သံလွင်ဆီ၊ မြေပဲဆီ တို့ကို အသုံးပြုပေးပါ။

(၅) မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင် A ဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုက်လန်နဲ့ တခြားဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင် A ကြွယ်ဝစွာပါဝင်ပါတယ်။ မတူညီတဲ့ ဟင်းသီဟင်းရွက်၊ အသီးအနှံတွေထဲမှာ ဗီတာမင်ဓါတ်တွေ စုံလင်စွာပါဝင်နေပါတယ်။ ကလေးငယ် အရိုးကြီးထွားမှုကို အထောက်အကူပြုပါတယ်။

နွားနို့၊ ဒိန်ချဉ်နဲ့ ချိစ့်တို့မှာ ကယ်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ပါတယ် (Photo by avanchy.com )

(၆) အချဉ်ဓါတ်ပါတဲ့ အသီးအနှံများ

သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး၊ ကမ္ဗလာသီး စတဲ့ ချဉ်တဲ့ အသီးတွေမှာ ဗီတာမင်C ကြွယ်ဝစွာပါဝင်ပါတယ်။ သွား၊ သွားဖုံးနဲ့ သွေးကြောတွေကို ခိုင်မာစေပါတယ်။ မာလာကာသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီးနဲ့ ဟင်းနုနွယ်ရွက်တို့မှာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။

(၇) နေရောင်ခြည်

နေရောင်ခြည်မှာ ဗီတာမင် D ပါဝင်တာကြောင့် ကလေးငယ်တွေရဲ့ အရိုးသန်စွမ်းမှုအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင်  D ကို နေကသာမက အစားအသောက်တွေကနေလည်း ရရှိနိုင်ပါတယ်။

(၈) ငှက်ပျောသီး

ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးနဲ့ ကြွက်သား ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

အသက်(၂)နှစ်အရွယ် သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးမှုမှာ အစားအသောက်က အရေးကြီးတဲ့ နေရာကနေ ပါဝင်နေကြောင်း ပြောပြပေးလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x