မေမေတို့ရဲ့ အသားအရေကို ပိုမိုကောင်းမွန်လာစေမယ့် တိုနာ(toner)

by: Khin Nyein Lwin
 0 comments  29 love

အဆီပြန်တာတွေနဲ့ ညစ်ညမ်းတဲ့အသားအရေပိုင်ရှင်တွေကတော့ တိုနာကို နေ့စဉ်အသုံးပြုပေးပါ။ ကြည်လင်နုပျိုတဲ့ အသားအရေကို ပြန်လည်ပိုင်ဆိုင်လာမှာပါ။

တိုနာကို ဂွမ်းလေးနဲ့တို့ပြီး မျက်နှာပြင်အနှံပွတ်ပေးပါ။

မေမေတို့ရဲ့ မျက်နှာလေး ချွေးပေါက်တွေကျယ်နေလို့ စိတ်ညစ်နေပြီလား။ ချွေးပေါက်တွေ ကျယ်နေမယ်ဆိုရင်တော့ အသားအရေ မညီမညာတာတွေ နဲ့ အဆီပြန်တာတွေကို ဖြစ်လာစေတယ်နော်။ ဒါကြောင့် မေမေတို့ မနက်ခင်း မျက်နှာသစ်ပြီးတဲ့အခါတိုင်း တိုနာ(toner) ကို သုံးပေးဖို့ မမေ့ပါနဲ့နော်။

မိတ်ကပ်လိမ်းတဲ့အခါမှာလည်း တိုနာကို အောက်ခံအဖြစ်အသုံးပြုတာက မိတ်ကပ်သားကို ပိုမိုကောင်းမွန်စေပါတယ်။ တိုနာကို ဂွမ်းလေးနဲ့တို့ပြီး မျက်နှာပြင်အနှံပွတ်ပေးပါ။ အသားအရေညီညာလာစေပြီး မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အဆီပြန် တာတွေကို ကာကွယ်ပေးပါတယ်။ တိုနာဟာ အသားအရေကို  နူးညံ့ချောမွေ့စေပါတယ်။တိုနာ(toner)ရဲ့ ကောင်းမွန်တဲ့ ရလာဒ်တွေကို မေမေတို့သိစေဖို့ Kalay ကနေ ဖော်ပြပေးလိုက်တယ်နော်။

ချွေးပေါက်ကျယ်ခြင်း

မေမေတို့ရဲ့ မျက်နှာမှာ ချွေးပေါက်တွေ  ကျယ်နေတယ်ဆိုရင်တော့ တိုနာကို နေ့စဉ်အသုံးပြုပေးပါနော်။ တိုနာအနည်းငယ်ကို ဝါဂွမ်းပေါ်စွတ်ပေးပြီး မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ရက်အနည်းငယ်ကြာတဲ့အခါမှာ ချွေးပေါက်ကျယ်တာတွေ သက်သာလာတာကို တွေ့ရမှာပါ။

တိုနာကိုနေ့စဉ်သုံးပေးပါက နုပျိုကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်

 

အသားအရေပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်

နေ့စဉ်ထိတွေ့နေတဲ့ နေရာင်ခြည်နဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကြောင့် အသားအရေ ပျက်စီလာပါတယ်။ နေ့စဉ်သုံးတဲ့ ဆပ်ပြာတွေကလည်း အသားအရေကို ပျက်စီးစေနိုင်ပါသေးတယ်။ တိုနာကို နေ့စဉ်အသုံးပြုပေးခြင်းဖြင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

အစိုဓာတ်

တိုနာက အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ အသားအရေကိုလည်း ပြန်လည်စိုပြေလာစေပါတယ်။

နုပျိုစေနိုင်ပါတယ်

အဆီပြန်တာတွေနဲ့ ညစ်ညမ်းတဲ့အသားအရေပိုင်ရှင်တွေကတော့ တိုနာကို နေ့စဉ်အသုံးပြုပေးပါ။ ကြည်လင်နုပျိုတဲ့ အသားအရေကို ပြန်လည်ပိုင်ဆိုင်လာမှာပါ။

ဆံပင်အတွက်

တိုနာဟာ အသားအရေတွက်သာမက ဆံသားတွေ အတွက်ပါ အထောက်အကူပြုတယ်နော်။ တိုနာမှာပါဝင်တဲ့ glycolic နဲ့ alpha hydroxy acids တို့က ဆံသားတွေပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: beautyneedtoner


Comments

0 comments
Latest video
Refer to more useful articles