ဗိုက်ဗိုက်တို့ရေ သီတင်းကျွတ်ပိတ်ရက်မှာ ဘာကြောင့် ဈေးဝယ်သင့်တာလဲ

by: Nang Htwe
 0 comments  0 love

သီတင်းကျွတ်ဈေးပွဲတော်တွေ အပြိုင်အဆိုင်ကျင်းပတဲ့အခါ ကလေးပစ္စည်းတွေနဲ့ တခြားလိုအပ်ပစ္စည်းတွေ ဝယ်ယူဖို့ အကောင်းဆုံးအချိန်ပါပဲ

ဗိုက်ဗိုက်လေးတွေအတွက်တော့ သီတင်းကျွတ်ပိတ်ရက်လေးတွေက သိပ်တော့ထူးခြားမယ်မထင်ပါဘူး။ အိမ်မှာပဲ နားနေရတာကြောင့် ပိတ်ရက်နဲ့ တခြားရက်တွေ အတူတူပါပဲ။ ဒါပေမယ့်လည်း သီတင်းကျွတ်ပိတ်ရက်က မိသားစုဝင်တွေ စုံလင်တဲ့အချိန်ပါ။ နောက်ပြီး နယ်ခြားမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ အိမ်ပြန်လာတဲ့အချိန်ဖြစ်တာကြောင့် လူစုံတယ်လို့ ပြောနိုင်ပါတယ်။ ဗိုက်ဗိုက်လေးတွေနဲ့ အတူတူစကားပြောမယ့်သူတွေ များတာပေါ့နော်။

သီတင်းကျွတ်ပိတ်ရက်မှာ ဈေးဝယ်ပါ (Photo by Organize You Inside and Out)

မိသားစု၊ သူငယ်ချင်းမိတ်ဆွေ စုံလင်နေတဲ့ သီတင်းကျွတ်ပိတ်ရက်

ဒီလို သီတင်းကျွတ်အချိန်က ဗိုက်ဗိုက်လေးတွေအတွက် အလွန်ထူးခြားပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားလက်စုံကျတာကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ သက်သာစေပါတယ်။ အထီးကျန်တာမျိုး၊ ငိုချင်တဲ့စိတ်တွေနဲ့ စိတ်ဓါတ်ကျတာတွေနည်းသွားစေပါတယ်။ ရယ်မောပျော်ရွှင်စေတာကြောင့်လည်း ပေါ့ပေါးနေစေပါတယ်။

သူငယ်ချင်းတွေနဲ့ အတူတူဈေးဝယ်ထွက်မယ်

မိသားစုဝင်တွေနဲ့အတူတူ ထမင်းဟင်းအတူတူချက်စားတာနဲ့ စကားဝိုင်းဖွဲ့ပြောတာတွေက ဗိုက်ဗိုက်တို့ကို ပျော်ရွှင်စေတဲ့အပြင် စိတ်ခွန်အားတွေ ပြည့်ဝစေပါတယ်။ နောက်ပြီး မိသားစုဝင်တွေ အိမ်မှုကိစ္စကူညီလုပ်ဆောင်ပေးတာကြောင့် ဒီအချိန်မှာ နားနားနေနေ အနားယူနိုင်ပါတယ်။ ဆေးခန်းသွားပြတဲ့အခါမှာလည်း အဖော်ခေါ်သွားလို့ရနိုင်ပါတယ်။ ဈေးသွားတဲ့အခါ ဒါမှမဟုတ် ဈေးဝယ်ထွက်တဲ့အခါ သူငယ်ချင်း မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို အဖော်ခေါ်သွားနိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့ အတူတူဈေးဝယ်ထွက်မယ် (Photo by Freepik)

ဈေးဝယ်လို့ကောင်းတဲ့ သီတင်းကျွတ်ပွဲ

သီတင်းကျွတ်ဈေးပွဲတော်တွေ အပြိုင်အဆိုင်ကျင်းပတဲ့အခါ ကလေးပစ္စည်းတွေနဲ့ တခြားလိုအပ်ပစ္စည်းတွေ ဝယ်ယူဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဈေးနှုန်းချပေးတာတွေ၊ လျှော့ဈေးတွေနဲ့ တစ်ခုဝယ်တစ်ခုရ အစီအစဉ်တွေက မေမေတို့ ဈေးဝယ်ရတာ အသက်သာဆုံးနဲ့ အလွယ်ကူဆုံးပါ။ ကလေးပစ္စည်းတွေ အခုချိန်မှာ ဝယ်ယူထားပါ။ အိမ်အတွက်ပဲဖြစ်ဖြစ်၊ ကန်တော့ဖို့ပဲဖြစ်ဖြစ်၊ ဗိုက်ဗိုက်တို့အတွက်ပဲဖြစ်ဖြစ် ဝယ်ယူဖို့ အကောင်းဆုံးအချိန်ပါ။ သီတင်းကျွတ်ပိတ်ရက်ပြီးဆုံးသွားတဲ့အခါ ပြန်ကြတော့မယ် မိတ်ဆွေတွေကို လက်ဆောင်ပေးဖို့ အခုချိန်ကတည်းက ကြိုတင်ဝယ်ထားသင့်ပါတယ်။

သတိထားရမှာက

ပွဲလမ်းသဘင်တွေ ပေါများချိန်ဖြစ်တာကြောင့် ဒီအချိန်မှာ မေမေလောင်းတို့ အပြင်ထွက်ပြီး အလည်သွားနိုင်ပါတယ်။ တစ်ခုသတိထားရမှာက လူတွေအရမ်းများတဲ့နေရာ၊ ရှုပ်တဲ့နေရာတွေကိုတော့ ရှောင်ရှားပါ။

သီတင်းကျွတ်ပိတ်ရက်တွေက မေမေလောင်းတို့အတွက် ပျော်စရာကောင်းတဲ့ နေ့ရက်လေးတွေဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x