မျက်နှာအဆီပြန်တတ်လို့ မေမေတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်

by: Nang Htwe
 1 comments  1 love

အဆီပြန်တဲ့ အသားအရည်ပိုင်ရှင် မေမေတွေအနေနဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊ အလှကုန် ဂရုစိုက်ပေးတာက ဝက်ခြံထွက်တာ နည်းသွားစေပြီး အဆီပြန်တာ သက်သာလာပါမယ်။

မျက်နှာအစိတ်အပိုင်းတွေထဲမှာ အဓိက အဆီပြန်တတ်တဲ့နေရာက နှာခေါင်းပါ။ အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်တွေက အလှကုန်ပစ္စည်း တော်တော်များများနဲ့ မတည့်ပါဘူး။ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လွယ်တဲ့အပြင် မိတ်ကပ် ဒါမှမဟုတ် Skin Care လိမ်းတဲ့အခါမှာလည်း သက်တောင့်သက်သာ မဖြစ်လှပါဘူး။ မေမေတို့အနေနဲ့ ကိုယ့်မျက်နှာက အဆီပြန်တတ်တယ်ဆိုရင် အလှကုန်ပစ္စည်း ဝယ်တဲ့အခါမှာ oil control ပါတဲ့ အမျိုးအစားကို ရွေးပါ။

မျက်နှာအစိတ်အပိုင်းတွေထဲမှာ အဓိက အဆီပြန်တတ်တဲ့နေရာက နှာခေါင်းပါ (Photo by Audrey Elsie Audrey Elsie)

မျက်နှာ နှစ်ကြိမ် သစ်ပါ

အဆီပြန်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေအနေနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နှစ်ကြိမ် သစ်ပေးပါ။ မျက်နှာနှစ်ကြိမ်သစ်ပေးတာက အသားအရည်ပေါ်က အဆီတွေ ဖယ်ရှားပေးပြီး ဝက်ခြံနဲ့ အဆီဖုတွေ သက်သာသွားစေပါတယ်။

အဆီစားတာ လျှော့ပါ

မေမေတို့ရေ အစားအသောက်တိုင်းကို ဆီထည့်တာ ရှောင်ပါ။ ဆီထည့်စရာ သိပ်မလိုဘူးဆိုရင် မထည့်တာ ကောင်းပါတယ်။ နောက်ပြီး ဟင်းချက်တဲ့အခါ ဆီများများထည့်တာ လျှော့ပါ။ အချိုထက် အချဉ်ကို ပိုစားပေးပါ။

ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လွယ်တဲ့အပြင် မိတ်ကပ် ဒါမှမဟုတ် Skin Care လိမ်းတဲ့အခါမှာလည်း သက်တောင့်သက်သာ မဖြစ်လှပါဘူး (Photo by Le Petit Spa)

ဖယ်ရှားပါ

အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်တွေက မျက်နှာပေါ်က ဆဲလ်အသေဖယ်ရှားတာကို နှစ်ပတ်တစ်ကြိမ်လောက် ပြုလုပ်သင့်ပါတယ်။ ဘယ်ပစ္စည်းတွေကို သုံးပြီး ဖယ်ရှားမလဲ။ Face scrub ဒါမှမဟုတ် exfoliation ဆိုပြီး ဆဲလ်သေတွေကို ဖယ်ရှားတဲ့ skin care တွေ အလှကုန်ဆိုင်နဲ့ အွန်လိုင်းမှာ ဝယ်လို့ရပါတယ်။ မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးတာပါ။

လေ့ကျင့်ခန်း

နေ့တိုင်းလေ့ကျင့်ခန်း မှန်မှန်လုပ်တာက ခန္ဓာကိုယ်ထဲ သွေးစီးဆင်းတာ ကောင်းစေပြီး အသားအရည် ဆဲလ်တွေကို အာဟာရဖြည့်ပေးပါတယ်။ ချွေးပေါက်တွေကို ပွင့်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ တစ်ရက် ရေဖန်ခွက် (၅)ခွက်ကနေ (၆)ခွက်အထိ နေ့တိုင်းသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပြီးသား ဖြစ်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles