အပြင်မှာ အကြာကြီးနေမယ့်မေမေတွေ အသားအရည် မပျက်စီးအောင်

by: Nang Htwe
 0 comments  1 love

အခုလိုမျိုးအချိန် အပြင်မှာ တစ်နေကုန်နီးပါးဆိုတော့ နေရောင်ခြည်ကို ကာကွယ်ဖို့ အရေးကြီပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ မပျက်စီးအောင် အခုလိုကာကွယ်သွားပါ။

 

နေရောင် အသားအရည် မေမေ

အပြင်မှာ တစ်နေကုန်နီးပါးဆိုတော့ နေရောင်ခြည်ကို ကာကွယ်ဖို့ အရေးကြီပါတယ် (Photo by diabetes)

ထီး

အပြင်မှာ တစ်နေကုန်နေတဲ့အခါ ထီးအမြဲဆောင်းဖို့ လိုပါတယ်။ ထီးက နေရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့်နီးပါး ကာကွယ်ပေးတယ်။ UV ကာတဲ့ ထီးအမျိုးအစား ရွေးပါ။ အကယ်လို့ ရိုးရိုးထီးထက် ခေါက်ထီးက သယ်ရတာရော သိမ်းရတာပါ လွယ်ကူပါတယ်။

ဦးထုပ်

နေရောင်ကာတဲ့ ဦးထုပ်ကို အမြဲဆောင်းပါ။ အထူးသဖြင့် မျက်နှာအတွက် ကောင်းတယ်။ နေရောင်ခြည်ကြောင့် အသားအရည်ပျက်စီးတာ မဖြစ်တော့ဘူးပေါ့။

Sunscreen

သူကတော့ ဇာတ်လိုက်မင်းသမီးလေးပါ။ အခုလို တစ်နေကုန်နီးပါး အပြင်မှာဆိုတော့ မျက်နှာတင်မက လည်ပင်း၊ လက်၊ ခြေထောက်ကိုပါ လိမ်းပေးသင့်တယ်။ ပြီးတော့ sunscreen spray ကိုလည်း ဆောင်းသွားသင့်တယ်။

နေရောင်ခြည် မေမေ အသားအရည်

သူကတော့ ဇာတ်လိုက်မင်းသမီးလေးပါ (Photo by nytimes)

မျက်မှန်

နေရောင်ခြည် မျက်လုံးတဝိုက်မကျရောက်အောင် ကာကွယ်ပေးတယ်။ နေပူထဲ ကြာကြာနေနိုင်အောင် အထောက်အကူပြုတယ်။

အင်္ကျီလက်ရှည်

အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ကတော့ လက်နဲ့ခြေထောက် နေမလောင်အောင် ကာကွယ်ပေးတယ်။

‌ရေ

ရေဓါတ်မခမ်းခြောက်အောင်နဲ့ အသားအရည်အတွက် ရေသောက်ပေးဖို့ မမေ့ပါနဲ့။

အနားယူ

နေရိပ်တဲ့နေရာမှာ နေရာယူတာ၊ ခဏ အနားယူတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

ပေါင်းတင်

အိမ်ပြန်ရောက်တဲ့အခါ မျက်နှာပေါင်းတင်ပေးဖို့ကိုလည်း သတိရပါနော်။

အပြင်မှာ တစ်နေကုန်နီးပါးနေဖို့နိုင်ဖို့ အခုပြောပြထားတဲ့ ကာကွယ်နည်းတွေက မေမေတို့ကို အထောက်အကူပြုမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles