ကလေးနို့တိုက်ချိန်မှာ ဘရာစီယာဝတ်ထားသင့်မသင့် မေမေတို့သံသယ ဖြစ်နေတယ်ဆိုရင် အခု Kalay ကနေ ပြောပြပေးပါမယ်။ ကိုယ်ဝန်သက်တမ်းလရင့်လာတာနဲ့ ရင်သားကလည်း ကြီးလာပါတယ်။ ဘရာစီယာ ဆိုဒ်ကိုလည်း တိုးပြီးဝယ်ရပါတယ်။ ကလေးနို့တိုက်ချိန်မှာ ဘရာစီယာဝတ်မထားတာ ပိုကောင်းပါတယ်။

မေမေတို့အနေနဲ့ ဘရာစီယာမဝတ်ဘဲ မနေတတ်ဘူးဆိုရင် ပျော့ပြောင်းပြီး ရင်သားနဲ့ အံဝင်ခွင်ကျတဲ့ နို့တိုက်ဘရာစီယာအမျိုးအစားကို ရွေးချယ်ပေးနိုင်ပါတယ် (Photo by momjunction)
ဘာကြောင့် ကလေးနို့တိုက်ချိန်မှာ
- ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ ဟော်မုန်းတွေကြောင့် ရင်သားအပြောင်းအလဲ ကြုံတွေ့ရနိုင်ပါတယ်။
- ဘရာစီယာ တင်းတင်းကျပ်ကျပ်ဝတ်ထားမယ်ဆိုရင် ဒီအပြောင်းအလဲမှာ ရင်သားကို ပိုပြီး ရှုပ်ထွေးစေပါတယ်။
- ဘရာစီယာတွေက ရင်သားကို ဖိအားပေးနိုင်တာမို့ နင်ကျင်မှုတွေ အများကြီးခံစားရနိုင်ပါတယ်။
- နို့တိုက်ကျွေးစဉ်မှာ ဘရာစီယာကြောင့် ကလေးငယ်အတွက် အဆင်မပြေနိုင်တာ ဖြစ်လာနိုင်ပါတယ်။
- တင်းကျပ်တဲ့ ဘရာစီယာတွေက ကလေးငယ်ကို နို့ချိုတိုက်ကျွေးတဲ့အခါ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။
မေမေတို့အနေနဲ့ ဘရာစီယာမဝတ်ဘဲ မနေတတ်ဘူးဆိုရင် ပျော့ပြောင်းပြီး ရင်သားနဲ့ အံဝင်ခွင်ကျတဲ့ နို့တိုက်ဘရာစီယာအမျိုးအစားကို ရွေးချယ်ပေးနိုင်ပါတယ်။
သာမန်ဘရာစီယာအစား နို့တိုက်ဘရာစီယာကို ဘာကြောင့် ရွေးဝယ်ပေးသင့်တာလဲ
- နို့တိုက်ဘရာစီယာတွေက ကလေးငယ်ကို နို့တိုက်ချိန်မှာ လွယ်လွယ်ကူကူ အဆင်ပြေစေပါတယ်။
- မေမေတို့အနေနဲ့ နို့တိုက်ဘရာစီယာ (၄)ထည်လောက် ဝယ်ယူထားသင့်ပါတယ်။
- သက်တောင့်သက်သာရှိပြီး ရင်သားနဲ့ အဆင်ပြေတဲ့ နို့တိုက်ဘရာစီယာကို ရွေးချယ်ပါ။
- နို့တိုက်ဘရာစီယာတွေက ကလေးငယ်ကို နို့တိုက်နေချိန်မှာ အဆင်ပြေစေပါတယ်။

နို့တိုက်ဘရာစီယာတွေကတော့ နို့တိုက်တဲ့အခါ အလွယ်တကူ ဖယ်ရှားတိုက်ကျွေးနိုင်ပါတယ် (Photo by FirstCry Parenting)
နို့တိုက်ဘရာစီယာနဲ့ သာမန်ဘရာစီယာ ဘာတွေကွာခြားလဲ
- သာမန်ဘရာစီယာတွေက နို့တိုက်တဲ့အခါ အလွယ်တကူအဆင်မပြေနိုင်ပါဘူး။ နို့တိုက်ဘရာစီယာတွေကတော့ နို့တိုက်တဲ့အခါ အလွယ်တကူ ဖယ်ရှားတိုက်ကျွေးနိုင်ပါတယ်။
- နို့တိုက်ဘရာစီယာက ကလေးငယ်နို့စို့ဖို့အတွက် လုံလောက်တဲ့ အကျယ်အဝန်းရှိပါတယ်။
- နို့တိုက်ဘရာစီယာတွေရဲ့ အသားက နူးညံ့ပါတယ်။
- ရင်သားကို ပုံစံကျစေတာမို့ ကလေးငယ်တွေအတွက် အလွန်အဆင်ပြေပါတယ်။
အိပ်ပျော်စဉ်နို့တိုက်ခြင်း
ကလေးငယ်ကို အိပ်ယာပေါ်မှာ နို့တိုက်မယ်ဆိုရင် ဘရာစီယာမဝတ်တာ အကောင်းဆုံးပါ။ အိပ်ယာထဲမှာ လွတ်လွတ်လပ်လပ် နို့တိုက်နိုင်ဖို့အတွက် ဘရာစီယာ မဝတ်တာ အကောင်းဆုံးပါ။
မေမေတို့ရေ ကလေးငယ်ကို နို့တိုက်နေချိန်မှာ ဘရာစီယာ ဝတ်သင့်မဝတ်သင့်က မေမေတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြစ်တာမို့ သေသေချာချာစဉ်းစားဆုံးဖြတ်ဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
Comments