ကိုယ်ဝန်ဆောင်ချိန်တွင်း နှုတ်ခမ်းနီဆိုးချင်တဲ့ ဗိုက်ဗိုက်လေးတွေအတွက်

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ခဲဓါတ်ကို ခန္ဓာကိုယ်က ဘယ်လို တုံ့ပြန်နိုင်တယ်ဆိုတာ မသိနိုင်တာကြောင့် ခဲပါဝင်မှုများတဲ့ နှုတ်ခမ်းနီကို ရှောင်ရှားတာ အကောင်းဆုံးပါ။

နှုတ်ခမ်းနီဆိုတာ အမျိုးသမီးတွေအတွက် မရှိမဖြစ်တဲ့ အခြေခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေဟာဆိုရင် အပြင်ထွက်တဲ့အခါမှာ မိတ်ကမ်းမလိမ်းဖြစ်ရင်တောင် နှုတ်ခမ်းနီလေးဆိုးပြီးမှ အပြင်ထွက်ကြပါတယ်။ အပြင်ထွက်ပြီး မုန့်စားတဲ့အခါ နှုတ်ခမ်းနီပျက်သွားခဲ့ရင် သန့်စင်ခန်းထဲမှာ သွားပြီးပြန်ဆိုးကြပါတယ်။ နှုတ်ခမ်းနီဟာ အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ ပစ္စည်းတစ်ခုပါ။ ကိုယ်ဝန်ဆောင်မှာရော နှုတ်ခမ်းနီဆိုးလို့ရလား။

သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုးလို့ရပါတယ်။ နှုတ်ခမ်းအသားခြောက်တာကို ကာကွယ်ပေးပါတယ်။ တချို့နှုတ်ခမ်းနီတွေမှာ ဓါတုပစ္စည်းပမာဏ အမြောက်အမြားပါဝင်နေတာကြောင့် မေမေလောင်းတို့ အဆိပ်သင့်တာမျိုး ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုနှုတ်ခမ်းနီအမျိုးအစားကို အသုံးပြုရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

Image result for pregnancy lipstick

တချို့နှုတ်ခမ်းနီတွေမှာ ဓါတုပစ္စည်းပမာဏ အမြောက်အမြားပါဝင်နေတာကြောင့် မေမေလောင်းတို့ အဆိပ်သင့်တာမျိုး ကြုံရနိုင်ပါတယ် (Photo by GoMama247)

ကိုယ်ဝန်ဆောင်ချိန်အတွင်း အသုံးပြုမယ့် နှုတ်ခမ်းနီနဲ့ပတ်သက်ပြီး သိကောင်းစရာများ

အန္တရာယ်

နှုတ်ခမ်းနီတော်တော်များများမှာ ခဲဓါတ်ပါဝင်နှုန်းမြင့်မားကြပါတယ်။ ခဲဓါတ်ကို ခန္ဓာကိုယ်က စုဆောင်းပေးထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ခဲဓါတ်ကို ခန္ဓာကိုယ်က ဘယ်လို တုံ့ပြန်နိုင်တယ်ဆိုတာ မသိနိုင်တာကြောင့် ခဲပါဝင်မှုများတဲ့ နှုတ်ခမ်းနီကို ရှောင်ရှားလိုက်တာ အကောင်းဆုံးပါ။

အာရုံကြောစနစ်အပေါ် သက်ရောက်မှု

ခဲဓါတ်ဟာဆိုရင် အာရုံကြောစနစ်အပေါ် သက်ရောက်မှု ရှိစေပါတယ်။ ခဲဓါတ်များနေမယ်ဆိုရင် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ သန္ဓေသားရဲ့ အနာဂါတ် အပြုအမူတွေကိုပါ ပြဿနာရှိလာစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုမှာ ပြဿနာရှိလာတဲ့အခါ IQ နိမ့်လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ နှုတ်ခမ်းနီကို နေ့တိုင်းဆိုးတာနဲ့ အချိန်ပြည့်နာရီတော်တော်ကြာကြာ ဆိုးတာမျိုး ရှောင်ရှားတာ အကောင်းဆုံးပါ။ အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ရံဖန်ရံခါအချိန်မျိုးမှာ ဆိုးနိုင်ပါတယ်။

သဘာဝနှုတ်ခမ်းနီကို နေ့တိုင်းဆိုးပေးနိုင်ပါတယ် (Photo by STYL.ID )

ရေနံဓါတု

နှုတ်ခမ်းနီထဲမှာ petrochemicals လို့ခေါ်တဲ့ ရေနံဓါတုထွက်ပစ္စည်းတွေပါဝင်ပါတယ်။ ဒီပစ္စည်းတွေက သာမန်အချိန်မှာ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ကို အန္တရာယ်ဖြစ်စေပါတယ်။ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

သဘာဝနှုတ်ခမ်းနီ

သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီတွေမှာဆိုရင် cocoa butter၊ ရှားစောင်းလတ်ပတ်၊ ဂျိုဂျိုဘားအဆီ၊ candellila waxနဲ့ iron oxide တို့ပါဝင်ပါတယ်။ ဒီလို သဘာဝနှုတ်ခမ်းနီကို နေ့တိုင်းဆိုးပေးနိုင်ပါတယ်။ မေမေလောင်းတို့ ဝယ်ယူတဲ့ နှုတ်ခမ်းနီဟာဆိုရင် စိတ်ချရတဲ့ အရည်အသွေးမြင့်တံဆိပ်ဖြစ်နေဖို့ လိုအပ်ပါတယ်။ နှုတ်ခမ်းနီရဲ့ အညွှန်းကို ဖတ်ကြည့်ဖို့ လိုပါတယ်။

ဗိုက်ဗိုက်လေးတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ နှုတ်ခမ်းနီအမျိုးအစားကို သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Lipstickpregnancysafe


Comments

0 comments
Latest video
Refer to more useful articles
x