မျက်နှာပေါ်မှာ အမဲစက်တွေများနေလို့ စိတ်ညစ်နေတဲ့ မေမေတွေအတွက်

by: Nang Htwe
 0 comments  14 love

မေမေတို့ရဲ့ မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေက နေရောင်ခြည်ထိတွေ့မှုတွေကနေ ဖြစ်ပေါ်လာရတာပါ။ အမဲစက်တွေမဖြစ်အောင် နေရောင်ခြည်ကို ဘယ်လိုကာကွယ်ကြမလဲ။

နေ့ခင်းဘက် အပြင်ကို ထွက်တော့မယ်ဆိုရင် မျက်နှာ၊ လည်ပင်း နဲ့ လက်ကို နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ ခရင်တွေကို လိမ်းပေးပါ

မေမေတို့ရေ မျက်နှာပေါ်မှာ အမဲစက်တွေရှိနေလို့ စိတ်ညစ်နေပြီလား။ ဒီလိုအမဲစက်တွေက မျက်နှာရဲ့ အလှတရားကို ဖျက်စီးနေပြီး ယုံကြည်မှုတွေလည်း ပျောက်ဆုံးစေတယ်နော်။ ဒါကြောင့် အမဲစက်တွေ ထွက်မလာအောင်လို့ မေမေတို့အနေနဲ့ ဘယ်လို ရှောင်ကျဉ် ရမယ်ဆိုတာကို Kalay ကနေဝေမျှပေးမယ်နော်။

အမဲစက်တွေအများစုက ခရမ်းလွန်းရောင်ခြည် ထိတွေ့မှုတွေကြောင့် အများဆုံး ထွက်လာတာပါ

အရေပြားကို ခရမ်းလွန်းရောင်ခြည် ထိတွေ့မှု များလာတာကြောင့် အမဲစက်တွေ ဖြစ်ပေါ်လာတာပါ။ အမဲစက်တွေ အထွက်များဆုံး ထွက်တဲ့နေရာကတော့ မျက်နှာ၊ လက်၊ လက်မောင်း နဲ့ ပခုံးတို့ပါ။ အမဲစက်ထွက်နိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ အမဲစက် အများဆုံးထွက်တဲ့ နေရာကတော့ မျက်နှာပြင်ပါပဲ။ ခန္ဓာကိုယ်တစ်ကိုယ်လုံမှာ မျက်နှာဟာ အကာအကွယ်မဲ့ဆုံး နေရာဖြစ်တာကြောင့် အမဲစက် အများဆုံး ထွက်ရတာပါ။

မျက်နှာကို နေရောင်ခြည်ထိတွေ့မှု အနည်းဆုံဖြစ်အောင် ကာကွယ်ပေးဖို့ လိုပါတယ်။ နေရောင်ခြည်အပြင်းဆုံး အချိန်မှာ အပြင်ထွက်တာကို ရှောင်ရှားပေးပါ။ နေရောင်ခြည် အပြင်းဆုံးအချိန်မှာ အပြင်ထွက်မယ်ဆိုရင် မျက်နှာနဲ့ လည်ပင်းကို ကာကွယ်ပေးနိုင်တဲ့ ဦးထုပ် ဆောင်ပေးပါ။ နောက်ထပ်တစ်ခု ယူဆောင်ထားသင့်တာကတော့ ထီးပါပဲ။ ထီကတော့ မျက်နှာ အတွက်သာမက တကိုယ်လုံးကို နေရောင်ခြည် မထိအောင် ကာကွယ်ပေးပါတယ်။ မျက်လုံးကို နေရောင်ခြည်မထိအောင်လို့  မျက်မှန်တပ်ပေးဖို့ လိုပါတယ်။

နေ့ခင်းဘက် အပြင်ကို ထွက်တော့မယ်ဆိုရင်

မျက်နှာ၊ လည်ပင်း နဲ့ လက်ကို နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ ခရင်တွေကို လိမ်းပေးပါ။ အထူးသဖြင့် မျက်လုံးတဝိုက်ကို ထူထူလေးလိမ်းပေးပါ။ နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ ခရင်တွေကို လိမ်းတဲ့အခါမှာ ထွက်မှမလိမ်းဘဲ မထွက်ခင် ဆယ့်ငါးမိနစ်အလိုကတည်းက ကြိုတင်လိမ်းပေးတာက ပိုပြီးထိရောက်မှု ရှိပါတယ်။ နေ့ခင်း ရေကူးတဲ့အခါ သို့မဟုတ် ချွေးထွက်တဲ့အချိန်တွေမှာ နေရောင်ခြည်ဒဏ် ကာကွယ်တဲ့ ခရင်တွေ ပျက်သွားတတ်တာကို သတိထားပေးပါ။ ဒါကြောင့် ရေစိုခံနိုင်တဲ့ နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ ခရင်တွေကို ရွေးချယ်ပေးပါ။

မေမေတို့ သတိထားရမှာကတော့ နေ့ခင်းအပြင်ထွက်တဲ့အခါမှာ နေရောင်ခြည်ဒဏ်ကာကွယ်ဖို့ ထီး၊ ဦးထုပ်၊ ခရင် နဲ့ မျက်မှန်တို့ကို ဆောင်ထားပေးဖို့ပါပဲ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: dark spotsprotectray


Comments

0 comments
Latest video
Refer to more useful articles