ကိုယ်ဝန်ဆောင်ချိန်တွင်း ဆံပင်ကျွတ်တာကို ထိန်းချုပ်နိုင်မယ့်နည်းလမ်း

by: Nang Htwe
 0 comments  0 love

ဆံပင်ကျွတ်တာက သာမန်အခြေအနေဖြစ်ပေမယ့်လည်း အာဟာရလိုအပ်တာ၊ နေမကောင်းတာနဲ့ ကူးစက်ရောဂါတွေကြောင့်လည်း ဆံပင်ပိုကျွတ်တတ်ပါတယ်

သာမန်အချိန်မှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ဗိုက်လေးတွေ ဆံပင်ပိုကျွတ်တာကို ကြုံရပါတယ်။ ဆံပင်ကျွတ်တာက သာမန်အခြေအနေဖြစ်ပေမယ့်လည်း အာဟာရလိုအပ်တာ၊ နေမကောင်းတာနဲ့ ကူးစက်ရောဂါတွေကြောင့်လည်း ဆံပင်ပိုကျွတ်တတ်ပါတယ်။ Kalay ကနေ ကိုယ်ဝန်ဆောင်ချိန်တွင်း ဗိုက်ဗိုက်လေးတွေ ဆံပင်ကျွတ်သက်သာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။

သာမန်အချိန်မှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ဗိုက်လေးတွေ ဆံပင်ပိုကျွတ်တာကို ကြုံရပါတယ် (Photo by American Pregnancy Association)

ဆံပင်ကျွတ်တာနည်းစေမယ့် နည်းလမ်းများ

  • ခေါင်းခဏခဏ မဖြီးပါနဲ့။ ခဏခဏဖြီးတာက ဆံပင်ပိုကျွတ်နိုင်ပါတယ်။
  • ဆံပင်ကို တင်းတင်းကျပ်ကျပ် မစီးနှောင်ပါနဲ့။ ဥပမာ ပိုနီတေးစီးတာ (ဆံပင်ကို အကုန်လုံးစုပြီး အထက်မြောက်စီးတာ)၊ ဦးရေပြားထိပ်ကနေစပြီး အဆုံးထိ ကျစ်ဆံမြီးကျစ်တာမျိုး၊ ကျစ်ဆံမြီးအမျိုးမျိုးကျစ်ပြီး ဆံပင်အလှဖော်တာမျိုး၊ ဆံပင်အတုဆက်တာမျိုးနဲ့ ဆံပင်ကောက်တဲ့ အလိပ်တံတွေသုံးတာမျိုး ရှောင်ရှားပါ။
  • စိတ်ဖိစီးမှုများတာနဲ့ ခေါင်းဖြီး မကောင်းတာတွေကလည်း ဆံပင်ပိုကျွတ်စေပါတယ်။
  • ဓါတုပါဝင်တဲ့ ဆံပင်ဖြောင့်ဆေးတွေနဲ့ ကောက်ဆေးတွေကို ရှောင်ရှားပါ။
  • ပျော့တဲ့ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးကိုသာ အသုံးပြုပါ။
  • ဆံပင်ရေစိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့။
  • ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
  • ဆံပင်အရောင်ဆိုးတာတွေကို ရှောင်ရှားပါ။ ဆံသားပျက်စီးစေပြီး ပိုကျွတ်စေပါတယ်။
  • ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စားသောက်ပေးတာက flavoring နဲ့ antioxidants ပိုရစေပြီး ဆံသားပျက်စီးတာကို ကာကွယ်ပေးကာ ဆံသားကောင်းလာစေပါတယ်။ ဆံပင်ကျွတ်တာကို နည်းသွားစေပါတယ်။

ခေါင်းခဏခဏ မဖြီးတာက ဆံပင်ပိုကျွတ်နိုင်ပါတယ် (Photo by Healthline )

ဆံပင်ကောင်းလာစေမယ့် အထောက်အကူပြု အဆီ(Oil)များ

သံလွင်ဆီ၊ အုန်းဆီ၊  jojoba၊ almond နဲ့ mustard oils တို့ကို လိမ်းပေးပါ။ ရှားစောင်းလက်ပတ်ကလည်း ဆံသားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သဘာဝအသီးအနှံတွေနဲ့ oil တွေကို အသုံးပြုပြီး ဆံသားပေါင်းတင်တာမျိုးပြုလုပ်ပေးပါ။ ဆံပင်ကျွတ်တာ သက်သာစေပါတယ်။

ဗိုက်ဗိုက်တို့အတွက် ဆံသားကျွတ်တာ သက်သာစေမယ့် နည်းလမ်းတွေကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x