မေမေတို့ မျက်နှာမှာ ချွေးပေါက်တွေ ကျယ်လို့ စိတ်ညစ်နေလား

by: Phyo Pyae Thu
 0 comments  8 love

မေမေတို့ တစ်သားမွေး တစ်သွေးလှ ဖြစ်ဖို့အတွက်ဆိုရင်တော့ ခန္ဓာကိုယ်အပြင် မျက်နှာလေးလည်း နုနု ဖြူဖြူလေး ဖြစ်နေဖို့ လိုတာပေါ့နော်။

လှအောင်နေမယ်နော်

မေမေတို့ရေ တစ်သားမွေးရင်တော့ တစ်သွေးလှ ဖြစ်ကို ဖြစ်ရမှာပါ။ ဖြစ်အောင်လည်း ကြိုးစားကြမယ်လေနော်။ ဒီလိုမျိုး တစ်သားမွေး တစ်သွေးလှ ဖြစ်ဖို့အတွက်ဆိုရင်တော့ ခန္ဓာကိုယ်အပြင် မျက်နှာလေးလည်း နုနု ဖြူဖြူလေး ဖြစ်နေဖို့ လိုတာပေါ့နော်။ ဒါဆိုရင် မျက်နှာလေးကို ဂရုစိုက်ကြမယ်၊ မျက်နှာမှာ မိတ်ကပ်လှလှလေးတွေလည်း ခြယ်ကြမယ်နော်။ မိတ်ကပ်လိမ်းတဲ့အခါ ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ပျက်ကြတယ်မလား။ ဒါက ချွေးပေါက်တွေ ကျယ်နေလို့ပါ။ ချွေးပေါက်တွေ ကျဉ်းဖို့ အတူတူ ကြိုးစားကြည့်ရအောင်နော်။

ရေခဲ

ရေခဲ

မေမေတို့ရေ ချွေးပေါက်ကျယ်တာတွေ ကျဉ်းသွားစေဖို့ အလွယ်ဆုံး နည်းလမ်းလေးကို ပြောပြမယ်နော်။ ရေခဲတုံးလေးတွေပါ။ ရေခဲတုံးလေးတွေကို အဝတ်လေးနဲ့ ထုပ်ပြီး မျက်နှာ ချွေးပေါက်ရှိတဲ့ နေရာတွေမှာ ကပ်ပါ။ မျက်နှာလေး တင်းပြီး အေးလာရင်တော့ ရပ်လိုက်နော်။ နှစ်ကြိမ်လောက် ကပ်ရင် တော်တော်လေး သိသာလာမှာနော်။

သကြားScrub

သကြားScrub

မေမေတို့ မျက်နှာကို သကြားScrub လေး လုပ်ရင်လည်း ချွေးပေါက်ကျယ်တာကို သက်သာစေတယ်နော်။ သကြား လက်ဖက်စားဇွန်း (၂) ဇွန်း၊ သံလွင်ဆီ လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ သံပရာရည် တစ်စက်၊ နှစ်စက်လောက်ကို ရောမွှေလိုက်ပါနော်။ ပြီးရင် မျက်နှာပေါ်က ချွေးပေါက်ရှိတဲ့ နေရာမှာ သုတ်လိမ်းထားလိုက်ပါ။ (၂) မိနစ်လောက် ကြာရင်တော့ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။ ချွေးပေါက်လေးတွေ ကျယ်ချင်တယ်ဆိုရင်တောင် မကျယ်တော့ဘူးနော်။

ကြက်ဥ

ကြက်ဥ

ကြက်ဥအနှစ်ကလည်း ချွေးပေါက်ကျဉ်းစေတယ်နော်။ မေမေတို့ ကြက်ဥ အနှစ်လေးကိုပဲ ဖယ်ပြီး ခေါက်ပါ။ ပြီးရင်တော့ အနှစ်လေးကို မျက်နှာလေးမှာ လိမ်းပေးနော်။ ခြောက်သွားအောင် ထားလိုက်ပါ။ နောက်မှ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ ချွေးပေါက်လေးတွေ ကျဉ်းသွားမှာပါ။

မေမေတို့ အားလုံးပဲ ချွေးပေါက်လေးတွေ ကျဉ်းပြီး မိတ်ကပ်မကွက်ဘဲ လှနေတော့မှာနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: beautyfaceMom life


Comments

0 comments
Latest video
Refer to more useful articles